ချစ်လှစွာသော အမတ်မင်း.. (အပိုင်း-၅)
@@@@@@@@@@@@@@@@@@
မင်းက ဘယ်သူလဲ
@@@@@@@@@
အမတ်မင်းတွေ အားလုံး တိတ်ဆိတ်သွားကြသည်။ ကျင်းဝမ် ပြုံးလိုက်မိသည်။ ဒီလူရမ်းကားလေးက တကယ့်ကို မဖြစ်နိုင်တာကို အမတ်မင်းတွေကို ပြောပြနေတာပဲ။
"မင်းကြီး.. မင်းကြီး အတွက် ဧကရီကို ကျွန်တော်မျိုး ကျင်းဝမ် ရှာပေးပါ့မယ်"
ကျင်းဝမ်၏ စကားသံအဆုံးတွင် ချင်းစူး၏ မျက်နှာပေါ်မှ အလိုမကျသော အရိပ်တချို့ ဖြတ်သန်းသွားသည်ကို တွေ့လိုက်ရသည်။ ပြီးတော့ မျက်တောင်တို့ကို မှေးစင်းလိုက်ပြီး နှုတ်ခမ်းစွန်းကို တစ်ဖက်မျှသာ ပြုံးလျက် ကျင်းဝမ်အား စူးရဲစွာ စိုက်ကြည့်လာလေ၏။ ပြီးမှ နှုတ်ခမ်းစွန်းတို့ကို တွန့်ကွေးထားရင်းမှ
"ကောင်းပြီလေ အမတ်မင်း ကျင်းဝမ်ဆီက ဧကရီ အလောင်းအလျာကို ငါကိုယ်တော် စောင့်စားလိုက်မယ် ညီလာခံ သိမ်းမယ်!!..'
မင်းကြီးအတွက် ဧကရီနှင့် ပတ်သတ်၍ တင်လျှောက်လိုက်တိုင်း ထိုသို့ ဒေါသတကြီး ဖြစ်မြဲမို့ အမတ်တွေ အားလုံးကတော့ တိတ်ဆိတ်စွာသာ ရှိနေကြ၏။ ကျင်းဝမ် ညီလာခံ ခန်းမမှ ထွက်လာခဲ့ပြီးနောက် အနောက်ဘက်ဥယျာဉ်သို့ ဝင်ရန် ပြင်တော့ မိန်းမစိုးငယ်လေး တစ်ဦးမှ ကြိုတင်လျက် စောင့်ဆိုင်းနေပြီးမှ ကျင်းဝမ်ကို တွေ့သည်နှင့် အနားသို့ တိုးလာကာ
"အမတ်မင်း ကျင်းဝမ်ကို အနောက်နန်းဆောင်မှာ မယ်တော်ကြီးက ဆင့်ခေါ်လာခဲ့ဖို့ မိန့်ကြားထားပါတယ်"
"ကောင်းပြီလေ အရှေ့က လမ်းပြပါ"
အနောက်နန်းဆောင်၏ သဘောသဘာဝအတိုင်း မိန်းမလှလေးများ ချော့မွေ့၍ သို့မဟုတ် တင့်တယ်၍ ကြည့်ပျော် ရှုပျော် ရှိသော နန်းတော်သူ နန်းတော်အစေခံ အပျိုတော်များက သူ့နေရာနှင့်သူ အဆင့်လိုက် အဆင့်လိုက် တူညီ ဝတ်စုံများ ဝတ်၍ လှုပ်ရှား သွားလာနေကြသည်။ ထိုတွင် ကျင်းဝမ် ဟန်နန်းတော်မှ နန်းတော်အနောက်နန်းဆောင်ကို တွေးလိုက်မိတွင် ပြုံးလိုက်မိတော့၏။
YOU ARE READING
Oh! My Dear Minister (ချစ်လှစွာသော အမတ်မင်း)
Romanceဒုတိအကြိမ်မြောက် BL ဖန်တီးမှု ဖြစ်ပါတယ် ဘာသာပြန်မဟုတ်ပါ လျန်တိုင်းပြည်ရဲ့ ရမ်းကားတတ်တဲ့ ဘုရင် ရင်ချင်းစူးက ကျင်းဝမ်ကို ငယ်ကတည်းက မနှစ်သက်ပါဘူး ကျင်းဝမ်က သူ့ကို သင်ကြားပေးရတဲ့ မင်းဆရာအမတ်ပါ ပြေလည်တဲ့ ဆက်ဆံရေး ရရှိလာပြီး မကြာမှီမှာပဲ ကျင်းဝမ်ကို ဟန်တို...