မျက်နှာပေါ်သို့ ကျရောက်လာသော နေရောင်စူးစူးကြောင့် ဆက်ပိုင်ထက် သတိရလာသည်။ ခန္ဓာကိုယ်မှ စိုစွတ်သော ခံစားမှုကြောင့် ပင်ပန်းနေသလို မျက်လုံးကို အားယူပြီး ဖွင့်ကြည့်လိုက်သည်။ သူရောက်နေသော နေရာကို စူးစမ်းသလို ဝေ့ဝိုက်ကြည့်မိသော်လည်း ရင်းနှီးမနေ.....
'ဒါက ဘယ်လိုနေရာကြီးပါလိမ့်..... စိတ်ထဲမှာ တစ်မျိုးကြီးဘဲ'
ခပ်တိုးတိုးရေရွတ်ကာ ကမ်းစပ်မှလျှောက်လာတော့ မလှမ်းမကမ်းတွင် တောအုပ်တစ်ခုကို တွေ့လိုက်လေသည်။ ဗိုက်ကလည်း ဆန္ဒပြနေပြီဖြစ်ရာ တောထဲတွင် စားစရာတစ်ခုခု ရှိလိုရှိငြား ရှာရန်အတွက် ထိုနေရာမှ ထလာခဲ့သည်။
အချိန်အတော်ကြာ လမ်းလျှောက်နေမိသည့်တိုင်အောင် ရေရေရာရာ တစ်ခုမှမတွေ့....
သို့သော် တစ်နေရာအရောက်တွင် သေတ္တာတစ်လုံးကို တွေ့လိုက်တော့ ဝမ်းသာသွားကာ ထိုအထဲတွင် စားစရာရှိမည်ဟု တွေးလိုက်သေးသည်။သို့သော်လည်း ထိုသေတ္တာမှာ ကြီးမားသော သော့ခလောက်ဖြင့် လုံခြုံစွာပိတ်ထားလေရာ စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ချလိုက်စဉ် သေတ္တာတွင်ရေးထားသော စာတစ်ချို့ကို တွေသွားလေသည်။
! သံကို နိုင်တာ မီး....
'ဟင် ဒီစာက ဘာအဓိပ္ပါယ်လဲဟ'
မေးခွန်းပေါင်းစုံဖြင့် အလုပ်ရှုပ်နေချိန်
'ဘုန်း....'
'ဟူး မောလိုက်တာ'
'အမလေးဗျ'
သူ့ဘေးသို့ သေတ္တာတစ်လုံးပစ်ချကာ ထိုင်လိုက်သော လူတစ်ယောက်ကြောင့် လန့်သွားလေတော့သည်။ ထိုလူက သူ့အားဂရုမစိုက် သူယူလာသော ကျွန်းသေတ္တာကြီးမှ သော့ခလောက်ပွင့်ရေးသာ အသဲအသန် ကြိုးပမ်းနေလေသည်။
'ဒီမှာဗျ.... အဲ့ဒီသေတ္တာကို ခင်များဘယ်ကရလာတာလဲ။ ခင်များကရော ဒီကျွန်းပေါ်မှာနေတဲ့သူလား'
YOU ARE READING
မရဏပြေးလမ်းနှင့်ဝင်္ကဘာဂူ (Completed BL Advanture)
Adventureလျှို့ဝှက်ချက်ပေါင်းများစွာနဲ့ရောက်လာခဲ့တဲ့နေရာက လူငယ်လေးတစ်စု.... သူတို့လွတ်မြောက်ဖို့ကြိုးစားရင်းနဲ့ အသက်အန္တရာယ်တွေကြားမှာ ရုန်းကန်ရင်း ကြောက်စိတ်ကိုမေ့လို့..... ထိုနေရာကနေ သူတို့ လွတ်မြောက်နိုင်ပါ့မလား....