'နင်ပြောတာ ဖြစ်နိုင်ပါ့မလားဟ´
'ရှေးတုန်းကတည်းကရှိခဲ့တာဟ မဖြစ်နိုင်ဘူးလို့ ပြောမရဘူး။ နေဦး ငါအခုမှသတိရတယ်... ဟိုကလေးကို သိပ်မသင်္ကာဘူး´
'ဘာကိုလဲဟ´
'ငါ နောက်ပြန်လှည့်ကြည့်တော့ ကလေးလက်က လှုပ်လိုက်သလားလို့... လာဟာ ပြန်သွားကြည့်ကြမယ်´
'ရွှန်းလဲ့ နင်ကလည်းဟာ မဖြစ်နိုင်တာ´
'နင်တို့မလိုက်လည်း ငါတစ်ယောက်ထဲသွားမယ်´
'ဟေ့ဟေ့ အဲလိုတော့မလုပ်နဲ့... ကဲကဲ အားလုံးသွားကြမယ်´
ရှိန်းကပြောလိုက်ရာ အားလုံး နောက်ကြောင်းပြန်လှည့်ခဲ့ကြတော့သည်။ ဂူအနီးရောက်တော့ သတိဖြင့် သွားရသည်။ ဒီလိုနဲ့ ကောင်လေးရှိတဲ့နေရာကို လိုက်ရှာကြသည်။ ရွှန်းလဲ့ပြောတာ မှန်နေသည်။ ကောင်လေးမှာ နံရံလေးကိုမှီကာ သူ့ဒဏ်ရာကို အဝတ်ဖြင့်စီးနေလေသည်။
'မောင်လေး... မောင်လေး... မသေဘူးနော် အမလေး ဝမ်းသာလိုက်တာ မောင်လေးရယ်´
ရွှန်းလဲ့မှာ ကောင်လေးကိုဖက်ကာ ငိုနေလေသည်။ ကောင်လေးမှာ သူတို့ပြန်ရောက်၍ အံ့ဩနေလေသည်။
'မမတို့ ဘာလို့ပြန်လာကြတာလဲ´
'မောင်လေးကို သေပြီဆိုတာ မယုံလို့ မမ ပြန်လှည့်လာတာလေ´
'သွားပါ မမတို့ရယ်... ရှေ့မှာ အန္တရာယ်တွေက အများကြီးရှိနေနိုင်တယ်။ မောင်လေးက ဒဏ်ရာနဲ့ဆိုတော့ မမတို့အတွက် အန္တရာယ်များနိုင်တယ်´
ရှိန်းက ဘာမှပြောမနေတော့ဘဲ ကောင်လေးကိုကျောပိုးခေါ်လိုက်သည်။ ကျန်လူများက ရှိန်းဘေးမှာ ပတ်ဝန်းကျင်ကိုကြည့်ရင်း လိုက်လာကြသည်။ အတော်လှမ်းလှမ်းရောက်တော့ နားလိုက်ကြသည်။
'ဒီညတော့ ဒီမှာဘဲနားကြရမယ်။ လုံခြုံအောင် မီးမွှေးကြ တောကောင်တွေရှိနိုင်တယ်။ လက်နက်တွေလည်း လက်ကမချကြနဲ့´
YOU ARE READING
မရဏပြေးလမ်းနှင့်ဝင်္ကဘာဂူ (Completed BL Advanture)
Adventureလျှို့ဝှက်ချက်ပေါင်းများစွာနဲ့ရောက်လာခဲ့တဲ့နေရာက လူငယ်လေးတစ်စု.... သူတို့လွတ်မြောက်ဖို့ကြိုးစားရင်းနဲ့ အသက်အန္တရာယ်တွေကြားမှာ ရုန်းကန်ရင်း ကြောက်စိတ်ကိုမေ့လို့..... ထိုနေရာကနေ သူတို့ လွတ်မြောက်နိုင်ပါ့မလား....