ရှိန်းက ဆက်ပိုင်လက်ကိုဆွဲကာ ရှေ့မှထွက်သွားလေသည်။ ရွှန်းလဲ့ကတော့မကျေမချမ်းဖြင့် နောက်မှကြည့်ရင်း လိုက်လာလေသည်။ ဝေယံလည်း မကျေနပ်ပါ။ တဖြည်းဖြည်းနှင့် သူတို့လျှောက်လာသည်မှာ အတော်ပင်ခရီးပေါက်နေကြပြီ။
'ရှေ့နားဆိုရင် ဂူကဆုံးတော့မယ်ကွ။ မြေပုံမှာ ဂူလမ်းကြောင်းတော့ဆုံးပြီလို့ပြထားတယ်။ ဂူရဲ့တခြားဘက်မှာ ဘာတွေရှိနေနိုင်လဲ ဘယ်သူမှမသိကြဘူး။ ဒီတော့ ပိုပြီး သတိဝီရိယနဲ့နေကြ´
ရှိန်းက ပြောနေရင်း ဘေးပတ်ဝန်းကျင်ကိုလည်း အကဲခတ်လိုက်သေးသည်။ မသင်္ကကာစရာတော့မတွေ့။ သူတို့လည်း ပြေးရလွှားရနှင့် ပင်ပန်းလာပြီဖြစ်သောကြောင့် အနားယူရန် နေရာရှာကြသည်။ ထို့နောက် ဂူနံရံကြားမှာ လမ်းကျဉ်းလေးတွေ့၍ ဝင်ကြည့်ရာ အထဲမှာ အတန်အသင့်ကျယ်နေသည်ကို တွေ့ရလေသည်။ ဒါနဲ့ ရှိန်းလည်း သူတို့ကိုဂူထဲမှာ ခဏထားခဲ့ပြီး အပြင်ဘက်ရှိ နွယ်ကြိုးများကိုစုဆောင်းကာ အပေါက်ကိုကာထားလိုက်သည်။ အပြင်မှကြည့်လျှင် အပေါ်ရှိသည်ဟုပင် မထင်ရတော့။
'ကဲ စိတ်ချလက်ချသာနားကြတော့။ အမောပြေမှ ရှေ့ဆက်မယ်။ အားပြည့်နေမှ အန္တရာယ်တွေကို ကျော်ဖြတ်နိုင်မှာ´
အားလုံးလည်း အတော်ပင်ပန်းနေပြီဖြစ်ရာ အိပ်ပျော်သွားကြတော့သည်။ သူတို့အိပ်ပျော်သွားသည်မှာ မည်မျှကြာသွားသည်မသိ။ အပြင်ဘက်မှ ဆူဆူညံညံအသံများကြောင့် လန့်နိုးလာလေသည်။ ရှိန်းက အသံမထွက်ရန် အမူအရာပြပြီး အပြင်ဘက်ကို ချောင်းနေလေသည်။
အပြင်ဘက်မှာတော့ လူခန္ဓာကိုယ်နှင့် ပင့်ကူခန္ဓာကိုယ် တစ်ပိုင်းစီစပ်ထားသော အကောင်ကြီးက ဂူအပေါက်နားမှာ လျှောက်သွားနေလေသည်။ ထို့နောက် အထဲသို့ပြန်ဝင်လာကာ'အပြင်ဘက်မှာ လူတစ်ပိုင်းပင့်ကူတစ်ပိုင်းနဲ့အကောင်ကြီးဟ....´
YOU ARE READING
မရဏပြေးလမ်းနှင့်ဝင်္ကဘာဂူ (Completed BL Advanture)
Aventuraလျှို့ဝှက်ချက်ပေါင်းများစွာနဲ့ရောက်လာခဲ့တဲ့နေရာက လူငယ်လေးတစ်စု.... သူတို့လွတ်မြောက်ဖို့ကြိုးစားရင်းနဲ့ အသက်အန္တရာယ်တွေကြားမှာ ရုန်းကန်ရင်း ကြောက်စိတ်ကိုမေ့လို့..... ထိုနေရာကနေ သူတို့ လွတ်မြောက်နိုင်ပါ့မလား....