Part 3

45 5 0
                                    

ဓားရှည်​တစ်​လက်​နဲ့တွဲရက်​ချည်​ထား​သော အင်္ကျီတစ်​ထည်​။ ထိခိုက်​မှု​တွေရန်​မှ ကာကွယ်​ရန်​ တီထွင်​ထား​သော အင်္ကျီပင်​ဖြစ်​လိမ့်​မည်​။ ရှိန်းက ထိုအင်္ကျီကိုဝတ်​ကြည့်​​တော့ သူ့ခန္ဓာကိုယ်​ အချိုးအစားနှင့်​ လွန်​စွာမှ လိုက်​ဖက်​လှ​ပေသည်​။
ဆက်​ပိုင်​မှာ အသိစိတ်​များလွတ်​သွားသည်​အထိ ရှိန်း ကိုကြည့်​​နေမိသည်​။ ​ဘေးနားမှ ​ဝေယံက မျက်​​စောင်းထိုးကာ တံ​တောင်​ဖြင့်​ တွတ်​လိုက်​မှာ ရှက်​ကိုးရှက်​ကန်းဖြင့်​ ရယ်​​နေလိုက်​​တော့သည်​။

ထို့​နောက်​ ဆက်​ပိုင်​လည်း ​သေတ္တာနားသွားကာ အထဲမှ ပစ္စည်းတစ်​ခုကို ဆွဲယူလိုက်​သည်​။ သူယူလိုက်​​သောအရာကား လက်​အိတ်​တစ်​စုံနှင့်​ သံတုတ်​လုံးတစ်​ခုပင်​...
ထိုသံ​ချောင်းမှာ မာ​ကြောပြီး ခိုင်​ခံ့လှ​ပေသည်​။ လက်​အိတ်​ကို ဝတ်​ကြည့်​လိုက်​သည်​။ အထဲမှ သတ္တုစပ်​ဖြင့်​ပြုလုပ်​ထား​သော ချွန်​ထက်​​သော လက်​သည်းများမှာ လက်​ဆစ်​အ​ကြော​နေရာမှ ထွက်​​ပေါ်လာသည်​။ အထုတ်​အသွင်းလုပ်​လို့ရသဖြင့်​ အ​တော်​သ​ဘောကျ​နေ​လေသည်​။

'ဝါး.... ​တော်​​တော်​မိုက်​တယ်​ဟ'

သူလည်း သ​ဘောကျစွာ ​ရေရွတ်​လိုက်​မိသည်​။ ရွှန်းလဲ့က​တော့ ကြိုးအရှည်​ဖြင့်​ချည်​ထား​သော ခက်​ရင်းခွအတိုနှစ်​လက်​ကို ရလိုက်​သည်​။ ​ဝေယံက​တော့ ဝတ်​စုံတစ်​ခု....
လက်​သီး​နေရာမှာ မာ​ကြော​သော သံကွင်းများပါ​သော လက်​အိတ်​တစ်​ခုလည်း ပါသည်​။

သူတို့အားလုံး လက်​နက်​ကိုယ်​စီရပြီး​နောက်​ ကိုယ်​နှင်​မကွာ ထားကြ​တော့သည်​။ အန္တရာယ်​က အချိန်​မ​ရွေး ကျ​ရောက်​နိုင်​သည်​မဟုတ်​ပါလား....
ထို့​နောက်​ သူတို့လည်း မိမိတို့​နေရာသို့ပြန်​ခဲ့ကြ​တော့သည်​။ ရှိန်းက​တော့ ​သေတ္တာထဲမှ ​ဆေးထိုးရန်​ အပ်​နှင့်​ ​ဆေးပုလင်းကိုယူကာ အချုပ်​ခန်းဘက်​သို့ ထွက်​ခဲ့​တော့သည်​။ ​မေ့​ဆေးနှင့်​ ​ဖြေ​ဆေးနှစ်​မျိုးပါ​လေသည်​။
အချုပ်​ခန်းဘက်​​ရောက်​​တော့ ​မေ့​ဆေးအပ်​ကို ​သေနပ်​ထဲထည့်​ကာ အချုပ်​ခန်းထဲမှ လူကြီးအား ပစ်​လိုက်​​တော့သည်​။ ခဏအကြာ ထိုလူကြီး​မေ့သွား​လေသည်​။ ထိုအခါမှ

မရဏ​ပြေးလမ်းနှင့်​ဝင်္ကဘာဂူ (Completed BL Advanture)Where stories live. Discover now