'ညီ ဒီအတိုင်းဆက်ပြီးတိုက်ခိုက်နေရင် အကိုတို့သေသွားလိမ့်မယ်။ ဒီတော့ အကိုတို့ စွန့်စားရအောင်´
သူတို့အချက်ပြပြီး လမ်းခွဲကာ ပြေးထွက်သွားတော့သည်။ ထိုအကောင်ကြီးက ဘယ်ဘက်ကိုလိုက်ရမှန်းမသိ တွေဝေသွားလေသည်။ ထို့နောက် ကလေးပြေးရာလမ်းဘက် လိုက်သွားလေသည်။ ဆက်ပိုင်လည်း ကောင်လေးမလာခင် ထိုအကောင်ကြီးကိုသတ်ရန် အမြန်ပြင်ထားလေသည်။ ထိုကောင်လေးကို သူယုံသည်။
သူအားလုံးပြင်ပြီးတော့ ထိုကောင်လေးနောက်ကိုလိုက်သွားလေသည်။ ဝင်္ကဘာထဲ ရောက်နေသော်လည်း သူ့အတွက် အခက်အခဲမရှိပေ။ ဥာဏ်ကောင်းလှသော ထိုကောင်လေးက အမှတ်အသားများပြုလုပ်သွားလေရာ သူ့နောက်လိုက်ရန် လွယ်ကူလှပေသည်။ထိုကောင်လေးနောက်သို့ အမြန်လိုက်သွားလေသည်။ တစ်နေရာအရောက်တွင် ကောင်လေးပြေးလာသည်ကို မြင်လေရာ သူလည်း ကောင်လေးလက်ကိုဆွဲကာ ဝှေ့ရမ်းလိုက်တော့ ထိုကောင်လေးက ကျွမ်းကျင်စွာဖြင့် ဂုနံရံကို ခြေကန်တက်ကာ နောက်မှလိုက်လာသော အကောင်ကြီးကို အရှိန်ဖြင့် ကန်ပစ်လိုက်သည်။ နောက်တော့ ထောင်ချောက်ဆင်ထားရာသို့ အပြေးသွားကြတော့သည်။
'ညီရေ အမြန်ပြေးဟ ဟိုကောင်ကြီးက တော်တော်မြန်တယ်´
'ဟုတ် ကိုကြီး မရောက်သေးဘူးလား.... ဟောဟဲ...ဟောဟဲ´
'အေးပါ ခဏလေးဘဲ ဟော ဟိုနားလေးတင်ဘဲ။ အဲ့နားမှာ နံရံကတွဲကျနေတဲ့နွယ်ကြိုးကိုခိုစီးပြီး အဲ့ဒီအကောင်ကြီးရဲ့နောက်ကိုကျော်လိုက်´
'ဟုတ် ကိုကြီး´
ကောင်လေးလည်း ဆက်ပိုင်ညွှန်ပြသည့်အနားရောက်တော့ အမြန်ပင် လှုပ်ရှားလိုက်တော့သည်။ ဆက်ပိုင်ကတော့ ထိုနေရာမှာရပ်ကာ အကောင်ကြီးပြေးအလာကိုစောင့်နေလိုက်သည်။ အကောင်ကြီး သူတို့အနားရောက်ခါနီးတော့ ဘေးမှနွယ်ကြိုးကိုဖြတ်ချလိုက်တော့သည်။ ကြိုးပြတ်သွားသည်နှင့် ဆက်ပိုင်က ကြိုးနှင့်အတူ အပေါ်တက်သွားကာ တစ်ဖက်မှ ကျောက်တုံးကြီးက အရှိန်ဖြင့်ကျလာလေတော့သည်။
YOU ARE READING
မရဏပြေးလမ်းနှင့်ဝင်္ကဘာဂူ (Completed BL Advanture)
Adventureလျှို့ဝှက်ချက်ပေါင်းများစွာနဲ့ရောက်လာခဲ့တဲ့နေရာက လူငယ်လေးတစ်စု.... သူတို့လွတ်မြောက်ဖို့ကြိုးစားရင်းနဲ့ အသက်အန္တရာယ်တွေကြားမှာ ရုန်းကန်ရင်း ကြောက်စိတ်ကိုမေ့လို့..... ထိုနေရာကနေ သူတို့ လွတ်မြောက်နိုင်ပါ့မလား....