ဇာတ်သိမ်းပိုင်း
ဆက်ပိုင်ကတော့ ရေစီးနှင့်ပါသွားပြီး အနီးအနားမှမျောလာသော သစ်လုံးကို ဖက်ထား၍ ရေမနစ်တော့ပေ။ ဘယ်အထိမျောပါသွားမည်ကို သူမသိပေ။ တစ်ကိုယ်လုံးရေတွေရွှဲနေကာ ချုက်ခိုက်တုန်နေလေပြီ။ အတန်ကြာမျောလာပြီးနောက် ရေစီးက တဖြည်းဖြည်း နှေးသွားလေတော့သည်။ ကမ်းနှင့်နီးလာသည်နှင့် ဆက်ပိုင်လည်း ကမ်းပေါ်အမြန်တက်လိုက်ပြီး နားစရာနေရာရှာနေလေသည်။
ရှိန်း အတော်လေးပြေးလာပြီးနောက် လှည့်ကြည့်လိုက်သည်။
'ဟင် မင်း... မင်း ဘယ်လိုလုပ်ပြီး ငါ့နောက်ပါလာတာလဲ။ ဆက်ပိုင်ရော ဆက်ပိုင်ဘယ်မှာလဲ။ မင်း ဆက်ပိုင်ကိုဘာလုပ်လိုက်လဲ´
ရွှန်းလဲ့ သူ့ကိုမျက်စောင်းထိုးလိုက်ပြီးနောက်
'ဒီမှာ ကျွန်မကို ရှင်ဘဲ အတင်းဆွဲခေါ်လာတာ။ ခုမှ ဘာလု့ ကျွန်မကိုအပြစ်လာတင်နေတာလဲ။ ရှင်စခေါ်လာထဲက ကျွန်မရှင့် ဆက်ပိုင်မဟုတ်ဘူး´
'ဟာကွာ လွဲပြန်ပြီ။ ဒါဆို ဆက်ပိုင်ရော... ဆက်ပိုင်ဘယ်မှာလဲ။ ဘယ်မှာကျန်နေခဲ့လဲ´
'ဘယ်သိမလဲ... ဪ နေဦး သူ့ကို ဝေယံကခေါ်သွားတယ်။ သူတို့နှစ်ယောက် လက်ဆွဲပြီးပြေးသွားကြတယ်။ ဘယ်ရောက်နေလဲမသိဘူး´
'မဖြစ်ဘူး... ငါသူ့ကိုလိုက်ရှာရမယ်´
ရှိန်းလည်း ဆက်ပိုင်ကိုရှာရန်ပြေးထွက်သွားလေတော့သည်။ ရွှန်းလဲ့လည်း နောက်မှပြေးလိုက်ခဲ့လေသည်။ ဝေယံနဲ့ ကောင်လေးကလည်း ဆက်ပိုင်ကိုရှာရန် ထွက်လာကြလေပြီ။ ရှိန်းကတော့ ဆက်ပိုင်ကိုမတွေ့သေး၍ စိတ်ပူနေသည်။
'ရှိန်း ဖြေးဖြေးသွားပါဟာ... ငါ မောနေပြီဟ´
'ငါ လောနေတယ်... ဆက်ပိုင်က အရမ်းအားငယ်တတ်တာ။ အခုလောက်ဆို သူ ဘာတွေဖြစ်နေပြီလဲမသိဘူး။ ရွှန်းလဲ့ နင်လည်း ကူရှာပါဦးဟာ´
YOU ARE READING
မရဏပြေးလမ်းနှင့်ဝင်္ကဘာဂူ (Completed BL Advanture)
Aventuraလျှို့ဝှက်ချက်ပေါင်းများစွာနဲ့ရောက်လာခဲ့တဲ့နေရာက လူငယ်လေးတစ်စု.... သူတို့လွတ်မြောက်ဖို့ကြိုးစားရင်းနဲ့ အသက်အန္တရာယ်တွေကြားမှာ ရုန်းကန်ရင်း ကြောက်စိတ်ကိုမေ့လို့..... ထိုနေရာကနေ သူတို့ လွတ်မြောက်နိုင်ပါ့မလား....