Part 12
ရွှန်းလဲ့မှာ ဆက်ပိုင်ကိုမြင်သွားရာ အံ့ဩသွားလေတော့သည်။ စိတ်ထဲမှတော့ ကြိတ်ကာ ကြိမ်းလိုက်သေးသည်။
(ဒင်းက ခုထိမသေသေးပါလား... တော်တော်အသက်ပြင်းတာဘဲ။ တွေ့ကြသေးတာပေါ့... ငါ့ကြောင်းသိမယ်)
ရွှန်းလဲ့က စိတ်ထဲမှမပါသော်လည်း ဟန်ဆောင်ကာ ဝမ်းသာသွားသလိုဖြင့်
'ဟယ်... ဆက်ပိုင် နင်... နင်မသေဘူးနော် ဝမ်းသာလိုက်တာဟယ်။ ငါ့မှာတော့လေ ငါ့ကြောင့် နင်သေသွားပြီဆိုပြီး စိတ်မကောင်းဖြစ်နေရတာ.. အဟင့်´
ဆက်ပိုင်ကတော့ နှစ်ခါခံရပြီးပြီမို့ ရွှန်းလဲ့အကြောင်းကိုသိနေလေသည်။ သို့သော်လည်း သတိဖြင့်နေတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ မဲ့ပြုံးတစ်ချက်ပြုံးလိုက်ရင်းက
'ဒါပေါ့ဟ... ငါကအသက်ပြင်းတယ်လေ။ တောထဲမှာထဲက ငါက လေ့ကျင့်ထားတာဘဲ။ ငါ့ကိုသတ်ဖိုကြိုးစားတိုင်း သတ်တဲ့အကောင်တွေဘဲ သေကြရမှာ... ငါက ပိုပြီးသန်မာလာတာဟ... ဟဲဟဲ´
ရွှန်းလဲ့ကို စသလိုဖြင့် သိကြောင်းပြောလေရာ သူမ အနည်းငယ်တော့ စိုးရိမ်သွားရသည်။ ဆက်ပိုင်က သူမလုပ်ကြံတာကို သိနေသည်လား အတွေးတို့ဝင်သွားကာ သတိထားမှဖြစ်တော့မည်ဟု စဉ်းစားလိုက်တော့သည်။
'ကဲပါ... လူလည်းစုံပြီဆိုတော့ ခရီးဆက်ကြမယ်´
'နေဦးလေ ရှိန်း... ငါ ဒီမှာညစ်ပတ်နေတာ ရေချိုးဖို့ ရှာရဦးမယ်´
ထိုအခါမှ သူမကိုကြည့်ကာ အားလုံး တိုင်ပင်မထားပါဘဲ ပြိုင်တူရယ်မိသွားကြသည်။ သူမပုံစံက ရယ်မယ်ဆိုလည်း ရယ်စရာပင်။ သူတို့လည်း ရေရှိသောနေရာကို လိုက်ရှာကြသည်။ အနည်းငယ်လျှောက်ပြီးသောအခါ ရေသံကြား၍ ရှေ့ဆက်သွားကြရာ
'ဟာ... ဟိုရှေ့မှာ ရေတံခွန်တစ်ခုပါလား.... ဟန်ကြတာဘဲ.... ကဲကဲ ကျွန်မရေချိုးလိုက်ဦးမယ်´
YOU ARE READING
မရဏပြေးလမ်းနှင့်ဝင်္ကဘာဂူ (Completed BL Advanture)
Adventureလျှို့ဝှက်ချက်ပေါင်းများစွာနဲ့ရောက်လာခဲ့တဲ့နေရာက လူငယ်လေးတစ်စု.... သူတို့လွတ်မြောက်ဖို့ကြိုးစားရင်းနဲ့ အသက်အန္တရာယ်တွေကြားမှာ ရုန်းကန်ရင်း ကြောက်စိတ်ကိုမေ့လို့..... ထိုနေရာကနေ သူတို့ လွတ်မြောက်နိုင်ပါ့မလား....