Part 1

225 9 0
                                    

မျက်​နှာ​ပေါ်သို့ ကျ​ရောက်​လာ​သော ​နေ​ရောင်​စူးစူး​ကြောင့်​ ဆက်​ပိုင်​ထက်​ သတိရလာသည်​။ ခန္ဓာကိုယ်​မှ စိုစွတ်​​သော ခံစားမှု​ကြောင့်​ ပင်​ပန်း​နေသလို မျက်​လုံးကို အားယူပြီး ဖွင့်​ကြည့်​လိုက်​သည်​။ သူ​ရောက်​​နေ​သော ​နေရာကို ​စူးစမ်းသလို ​ဝေ့ဝိုက်​ကြည့်​မိ​သော်​လည်း ရင်းနှီးမ​နေ.....

'ဒါက ဘယ်​လို​နေရာကြီးပါလိမ့်​..... စိတ်​ထဲမှာ တစ်​မျိုးကြီးဘဲ'

ခပ်​တိုးတိုး​ရေရွတ်​ကာ ကမ်းစပ်​မှ​လျှောက်​လာ​တော့ မလှမ်းမကမ်းတွင်​ ​တောအုပ်​တစ်​ခုကို ​တွေ့လိုက်​​လေသည်​။ ဗိုက်​ကလည်း ဆန္ဒပြ​နေပြီဖြစ်​ရာ ​တောထဲတွင်​ စားစရာတစ်​ခုခု ရှိလိုရှိငြား ရှာရန်​အတွက်​ ထို​နေရာမှ ထလာခဲ့သည်​။
အချိန်​အ​တော်​ကြာ လမ်း​လျှောက်​​နေမိသည့်​တိုင်​​အောင်​ ​ရေ​ရေရာရာ တစ်​ခုမှမ​တွေ့....
သို့​သော်​ တစ်​​နေရာအ​ရောက်​တွင်​ ​သေတ္တာတစ်​လုံးကို ​တွေ့လိုက်​​တော့ ဝမ်းသာသွားကာ ထိုအထဲတွင်​ စားစရာရှိမည်​ဟု ​တွေးလိုက်​​သေးသည်​။

သို့​သော်​လည်း ထို​သေတ္တာမှာ ကြီးမား​သော ​သော့ခ​လောက်​ဖြင့်​ လုံခြုံစွာပိတ်​ထား​လေရာ စိတ်​ပျက်​လက်​ပျက်​ဖြင့်​ ထိုင်​ချလိုက်​စဉ်​ ​သေတ္တာတွင်​​ရေးထား​သော စာတစ်​ချို့ကို ​တွေသွား​လေသည်​။

! သံကို နိုင်​တာ မီး....

'ဟင်​ ဒီစာက ဘာအဓိပ္ပါယ်​လဲဟ'

မေးခွန်း​ပေါင်းစုံဖြင့်​ အလုပ်​ရှုပ်​​နေချိန်

'ဘုန်း....'

'ဟူး ​မောလိုက်​တာ'

'အမ​လေးဗျ'

သူ့​ဘေးသို့ ​သေတ္တာတစ်​လုံးပစ်​ချကာ ထိုင်​လိုက်​​သော လူတစ်​​ယောက်​​ကြောင့်​ လန့်​သွား​လေ​တော့သည်​။ ထိုလူက သူ့အားဂရုမစိုက်​ သူယူလာ​သော ကျွန်း​သေတ္တာကြီးမှ ​သော့ခ​လောက်​ပွင့်​​ရေးသာ အသဲအသန်​ ကြိုးပမ်း​နေ​လေသည်​။

'ဒီမှာဗျ.... အဲ့ဒီ​သေတ္တာကို ခင်​များဘယ်​ကရလာတာလဲ။ ခင်​များက​ရော ဒီကျွန်း​ပေါ်မှာ​နေတဲ့သူလား'

မရဏ​ပြေးလမ်းနှင့်​ဝင်္ကဘာဂူ (Completed BL Advanture)Where stories live. Discover now