ရှိန်းရဲ့မကျေနပ်ချက်တို့က ဝံပုလွေကြီးအပေါ်သို့ ပုံကျသွားတော့သည်။ ခြေထောက်နားတွင်ရှိသော ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး ဝုံပုလွေကြီးကို ခုန်အုပ်လိုက်သည်။
'အား... ......´
ဒေါသဖြင့် လက်ထဲမှာကိုင်ထားသော ဓားမြှောင်ကိုသုံးကာ စိတ်ရှိလက်ရှိထိုးလေတော့သည်။ သို့သော်လည်း အရာမရောက်ပေ။ ဝံပုလွေက အစစ်မဟုတ်ဘဲ စက်ရုပ်တစ်ရုပ်ဖြစ်နေလေသည်။ ထိုစက်ရုပ်ကြီးမှာ ရှိန်းကို သူ့ကိုယ်ပေါ်မှ ခါချလိုက်တော့သည်။ ရှိန်းလည်း အံ့ဩသွားတော့သည်။
'အားလုံးဘဲ သတိနဲ့ရှောင်ကြဟေ့... တကယ့်အကောင်အစစ်မဟုတ်ဘူး။ စက်ရုပ်ကြီးဟ နှိမ်နင်းဖို့မလွယ်ဘူး´
အားလုံးမှာ သတိဖြင့် တိုက်ခိုက်နေကြသည်။ ထို့နောက် ရွှန်းလဲ့မှာ အကြံတစ်ခုရသွားလေသည်။ အားလုံးကိုတွန်းကာ ထိုစက်ရုပ်ကြီးအား ချောက်နားအထိရောက်အောင် မျှားခေါ်သွားလေသည်။ အားလုံးမှာ ရင်တထိတ်ထိတ်နှင့် ကြည့်နေကြသည်။ ထိုစဉ် အကောင်ကြီးက သူမကို ခုန်အုပ်လေရာ အသာလေးရှောင်လိုက်တော့သည်။ ထိုစက်ရုပ်ကြီးမှာ ချောက်ထဲကျသွားလေတော့သည်။
'ဟူး... တော်သေးတာပေါ့။ ရွှန်းလဲ့ ဒီလိုကျတော့လည်း နင်က ဘယ်ဆိုးလို့လဲ။ သတ္တိရှိသားဘဲ´
'အဲ့လိုမှမလုပ်ရင် အားလုံးသေကုန်တော့မှာပေါ့´
ရှိန်းမှာ ထိုချောက်ကြီးထဲကို ကြည့်နေလေသည်။ ဝေယံလည်း စိတ်မကောင်းဖြစ်နေလေသည်။ ရွှန်းလဲ့ကတော့ ဆက်ပိုင်မရှိတော့၍ ဝမ်းသားနေလေတော့သည်။
***အချစ်ဆိုတာ တကယ်ချစ်မိလာပြီဆိုရင် ဘာမဆိုရင်ဆိုင်ဖို့ သတ္တိတွေရှိလာတယ်။ ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ရဖို့ အရာအားလုံးကို စတေးရမယ်ဆိုရင်တောင် တွေဝေနေမှာမဟုတ်ဘူး။ မှားတယ်၊ မှန်တယ်ဆိုတာ ဦးနှောက်ကဘဲ ဆုံးဖြတ်တာလေ။ နှလုံးသားကတော့ သူ့ခံစားချက်အတိုင်းဘဲ လုပ်ဆောင်နေမှာ....***
YOU ARE READING
မရဏပြေးလမ်းနှင့်ဝင်္ကဘာဂူ (Completed BL Advanture)
Adventureလျှို့ဝှက်ချက်ပေါင်းများစွာနဲ့ရောက်လာခဲ့တဲ့နေရာက လူငယ်လေးတစ်စု.... သူတို့လွတ်မြောက်ဖို့ကြိုးစားရင်းနဲ့ အသက်အန္တရာယ်တွေကြားမှာ ရုန်းကန်ရင်း ကြောက်စိတ်ကိုမေ့လို့..... ထိုနေရာကနေ သူတို့ လွတ်မြောက်နိုင်ပါ့မလား....