ရွှန်းလဲ့မှာ အတော်ဝေးဝေးထိ ဆက်ပိုင်ကိုခေါ်သွားလေသည်။ ဆက်ပိုင်လည်း စားစရာမတွေ့သေး၍ သူမနောက်မှ လိုက်သွားလေသည်။ ထိုစဉ်ရွှန်းလဲ့မှာ လဲချင်ယောင်ဆောင်လိုက်ပြီး...
'အား... အဟင့် ထလို့မရတော့ဘူး... ဆက်ပိုင် လုပ်ပါဦး´
ဆက်ပိုင်မှာ သူမကိုတွဲထူနေသော်လည်း သူမက မထနိုင်ဘဲဖြစ်နေလေရာ
'အား... ခြေထောက်က ထောက်လို့မရဘူး...´
'ကဲပါ ခဏနားကြတာပေါ့.... လျှောက်နိုင်တော့မှ ပြန်ကြမယ်လေ´
'ဘယ်ဖြစ်မလဲ စားစရာက ဘာမှမရသေးဘူးလေ´
'ဒါဆို ဒီနားမှာ ခဏစောင့်နေဦး... ကျွန်တော် စားစရာတစ်ခုခု သွားရှာကြည့်ဦးမယ်´
သူမကို ခဏထားခဲ့ကာ တောထဲဝင်သွားသည်။ သူမလည်း နောက်မှလိုက်ချောင်းလေသည်။ ဆက်ပိုင်က တောထဲမှာ လျှောက်ရှာနေရင်း ချောင်းလေးတစ်ခုကိုတွေ့လေရာ သွားကြည့်တော့ ငါးများကိုတွေ့လေသည်။ သူလည်း ငါးဖမ်းရန် သစ်ကိုင်းခြောက်တစ်ခုကို ပါလာသောဓားဖြင့် ချွန်လိုက်သည်။ ထို့နောက် ရေထဲဆင်းကာ ချွန်ထားသော သစ်ကိုင်းကို မှိန်းအဖြစ်အသုံးပြုကာ ငါးထိုးနေလေသည်။
'ဟား... တစ်ကောင်ရပြီ...´
ထို့နောက် နွယ်ကြိုးဖြင့်သီလိုက်သည်။ ထို့နောက် ဆက်ဖမ်းလေသည်။ ငါးတွေအများကြီးရတော့ ရွှန်းလဲ့ကိုထားခဲ့သောနေရာသို့ပြန်လာသည်။ သို့သော် လမ်းမမှတ်မိ၍ မျက်စိလည်ကာ လမ်းပျောက်နေလေသည်။
'ဟာ... ဒုက္ခဘဲ အပြန်လမ်း မမှတ်မိတော့ဘူး... ဘယ်လိုလုပ်ရမလဲ´
ငါးတွေကိုလက်ကကိုင်ကာ လမ်းရှာနေသော်လည်း ရှာမတွေ့ပေ။ တဖြည်းဖြည်း မှောင်စပျိုးလာလေပြီ။ ဆက်ပိုင်မှာ ဒူးများပင်တုန်လာကာ မျက်ရည်များဝဲလာလေသည်။
YOU ARE READING
မရဏပြေးလမ်းနှင့်ဝင်္ကဘာဂူ (Completed BL Advanture)
Przygodoweလျှို့ဝှက်ချက်ပေါင်းများစွာနဲ့ရောက်လာခဲ့တဲ့နေရာက လူငယ်လေးတစ်စု.... သူတို့လွတ်မြောက်ဖို့ကြိုးစားရင်းနဲ့ အသက်အန္တရာယ်တွေကြားမှာ ရုန်းကန်ရင်း ကြောက်စိတ်ကိုမေ့လို့..... ထိုနေရာကနေ သူတို့ လွတ်မြောက်နိုင်ပါ့မလား....