အခုဆို ကျွန်းပေါ်မှာ သူတစ်ယောက်ထဲမဟုတ် အဖော်များရှိနေပြီဖြစ်ရာ သူ အားမငယ်တော့။ ထို့နောက် ကောင်မလေးက
'ကျွန်မတို့က အကျဉ်းသားတွေဘဲထားပါတော့ ဒီလို လူသူမရှိတဲ့ကျွန်းပေါ်ကို ဘာလို့ရောက်လာရတာလဲ။ ပြီးတော့ ကျွန်မတို့ ဘယ်သူဆိုတာရော ဘာလို့မသိကြရတာလဲ'
'နောက်တော့သိရမှာပေါ့.... ဒီနေရာမှာ မင်းတို့လိုအကျဉ်းသားတွေ အများကြီးရှိတယ်'
တောထဲမှ အပေါ်ပိုင်းဗလာဖြင့် ထွက်လာသော လူတစ်ယောက်ကြောင့် သူတို့အားလုံးအံ့ဩသွားကြရသည်။ ထိုလူက ဘောင်းဘီဒူးဖုံးကို ပုခုံးကြိုးသိုင်းဖြင့်ဝတ်ထားထားကာ လက်ထဲမှာလဲ ဓားရှည်နှစ်လက်ကို ကိုင်ထားလေသည်။
'ငါ့နာမည်က ရှိန်းဆာယာ.... ဒီကျွန်းကိုရောက်နေတာကြာပြီ။ မင်းတို့ ငါ့နောက်လိုက်ခဲ့ကြပါ'
သူတို့လည်း ဘာမှစဉ်းစားမနေတော့ဘဲ ထိုလူခေါ်ရာနောက်သို့ လိုက်ခဲ့ကြတော့သည်။ ထို့နောက် တစ်နေရာအရောက်တွင် သေတ္တာတစ်လုံးကိုညွှန်ပြပြီး
'ဒီမှာ မင်းအတွက် အသုံးတည့်မယ့်ပစ္စည်းတစ်ခုခုရှိလိမ့်မယ်'
ကောင်မလေးကိုပြောရာ ထိုကောင်မလေးလည်း သေတ္တာကို ဖွင့်ရန်သော့ရှာကြည့်ရာ သေတ္တာပေါ်မှာပင် အလွယ်တကူတွေ့လိုက်ရတော့ ဖွင့်ကြည့်လိုက်သည်။ ပစ္စည်းထည့်သည့်အိတ်အသေးလေးများပါသော ခါးပတ်တစ်ခုနှင့် ကြာပွတ်တစ်ခုကိုတွေ့လိုက်လေသည်။ သူမလည်း ခါးပတ်ပတ်လိုက်ပြီး ကြာပွတ်ကို ကိုင်ကာကစားကြည့်လိုက်တော့ အဆင်ပြေ၍ပျော်သွားလေသည်။
'ဒါနဲ့ မင်းတို့နာမည်တွေကိုပြောကြပါဦး'
ရှိန်း မေးတော့မှ သူတို့နာမည်တွေမိတ်ဆက်ဖို့သတိရကြတော့သည်။
'ကျွန်တော်က ဆက်ပိုင်ထက်'
'ငါက တိုးဝေယံ'
YOU ARE READING
မရဏပြေးလမ်းနှင့်ဝင်္ကဘာဂူ (Completed BL Advanture)
Abenteuerလျှို့ဝှက်ချက်ပေါင်းများစွာနဲ့ရောက်လာခဲ့တဲ့နေရာက လူငယ်လေးတစ်စု.... သူတို့လွတ်မြောက်ဖို့ကြိုးစားရင်းနဲ့ အသက်အန္တရာယ်တွေကြားမှာ ရုန်းကန်ရင်း ကြောက်စိတ်ကိုမေ့လို့..... ထိုနေရာကနေ သူတို့ လွတ်မြောက်နိုင်ပါ့မလား....