အလွန်ကြီးမားသော မြွေကြီးတစ်ကောင်က သူတို့တဲဆီသို့ တရွေ့ရွေ့လာနေလေသည်။ ရထားလောက်နီးနီးပင် ကြီးမားလှလေသည်။ ဝေယံလည်း ရွှန်းလဲ့နှင့် ကောင်လေးကိုခေါ်ကာ တဲကိုကွယ်ကာ မြွေကြီးမမြင်အောင် ဝပ်၍ ခြုံထဲသို့ပြေးလေသည်။ မြွေကြီးက သူတို့ရဲ့တဲလေးကို ရစ်ပတ်ကာ ဖျက်ဆီးပစ်လိုက်သည်။
'ပြေးပြေး... အမြန်ပြေးကြ...´
ဝေယံက နောက်ပြန်လှည့်ကာ တခြားလမ်းမှပြေးလေရာ ရွှန်းလဲ့က
'ဝေယံ.... ဘယ်သွားမလို့လဲ....´
'ရွှန်းလဲ့ နင် ကလေးကိုခေါ်သွား လွတ်အောင်ပြေး´
ရွှန်းလဲ့လည်း ရပနေရာ ဝေယံက အမြန်ပြေးရန် ပြောပြီးနောက် မြွေကြီးကို သူ့နောက်လိုက်စေရန် အသံပေးကာ ခေါ်သွားလေတော့သည်။
'ဝေယံ..... မလုပ်နဲ့....´
ဝေယံကတော့ ပြေးလေပြီ။ နောက်မှ မြွေကြီးကလည်း သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်လာလေသည်။ မြွေကြီးမှာ အတော်မြန်လှသည်။ ဝေယံလည်း မြွေကြီးမလိုက်နိုင်စေရန် ချောင်ကြိုချောင်ကြားထဲမှ ပြေးလေသည်။ မြွေကြီးကလည်း ဇွဲကြီးလှသည်။ ဝေယံလည်း သတိဖြင့်ပြေးနေရသည်။ ရွှန်းလဲ့က ကောင်လေးကို ခြုံအကွယ်တစ်ခုမှာ ပုန်းနေစေပြီး
'မောင်လေး... မမပြန်လာခေါ်မယ်။ ဒီကနေ ဘယ်မှမသွားနဲ့´
ရွှန်းလဲ့က ဝေယံပြေးသော လမ်းနောက်သို့ လိုက်သွားလေသည်။ ဝေယံကတော့ မြွေကြီးကို နှိမ်းနှင်းရန် စဉ်းစားရတော့သည်။ ထိုစဉ်မှာဘဲ ရွှန်းလဲ့က မြွေကြီးကိုတွေ့သွားသည်။ သူမလည်း မြွေကြီးကိုတွေ့သွားလေသည်။ ထို့နောက် အသာလေး လှိမ့်ပြီး မြွေကြီးအနားသို့ တဖြည်းဖြည်းကပ်သွားလေသည်။
ဝေယံလည်း ရွှန်းလဲ့ကိုမြင်သွားပြီး စိတ်ပူသွားလေတော့သည်။ ရွှန်းလဲ့ကတော့ အပင်ကြီးတစ်ပင်ပေါ်ကို တွယ်တက်သွားပြီး အချိန်ကောင်းကိုစောင့်နေလေသည်။ ဝေယံလည်း လမ်းလွှဲမှပြေးလေရာ မြွေကြီးက သူ့အနောက်သို့လိုက်သွားလေသည်။ မြွေကြီးက လှမ်းပေါက်လေရာ သတိဖြင့် ရှောင်နေရသည်။ ထို့နောက် ရွှန်းလဲ့မှာ မြွေကြီးကိုယ်ပေါ်သို့ လှမ်းခုန်လိုက်သည်။
YOU ARE READING
မရဏပြေးလမ်းနှင့်ဝင်္ကဘာဂူ (Completed BL Advanture)
Adventureလျှို့ဝှက်ချက်ပေါင်းများစွာနဲ့ရောက်လာခဲ့တဲ့နေရာက လူငယ်လေးတစ်စု.... သူတို့လွတ်မြောက်ဖို့ကြိုးစားရင်းနဲ့ အသက်အန္တရာယ်တွေကြားမှာ ရုန်းကန်ရင်း ကြောက်စိတ်ကိုမေ့လို့..... ထိုနေရာကနေ သူတို့ လွတ်မြောက်နိုင်ပါ့မလား....