Part 4

53 4 2
                                    

ဆက်​ပိုင်​လည်း ​နောက်​ထပ်​​မေးမ​နေ​တော့ဘဲ အိပ်​ရာဝင်​ခဲ့​တော့သည်​။ သူတို့ရဲ့အလုပ်​က မနက်​လင်းရင်​ စားဖို့ရာ အပင်​စိုက်​၊ အမဲလိုက်​ ဒါ​တွေဘဲရှိသည်​။ တချို့​တွေက​တော့ ထို​နေရာမှ လွတ်​​မြောက်​ရန်​ နည်းလမ်းရှာကြ၊ အစီအစဉ်​ဆွဲကြနှင့်​....

'​ဝေယံ ငါတို့​တွေ ဒီ​နေရာမှာ တစ်​သက်​လုံး​နေကြရမှာလားဟင်​'

ရွှန်းလဲ့အ​မေးကို ​ဝေယံ စဉ်းစား​နေသည်​။ ဒီမှာ​တော့ သူတို့ဘဝကို အဆုံးမခံနိုင်​ပါ။

'ငါတို့ ဒီက​နေထွက်​ဖို့ တစ်​ခုခု​တော့ ကြံမှဖြစ်​မယ်​။ ဒီလိုလုပ်​ ဆက်​ပိုင်​ မင်းက ဂူထဲကို​ရောက်​ဖူး​တော့ ဂူရဲ့အ​နေအထားကို ပုံကြမ်းဆွဲ​ပေးကွာ'

'အို​ကေ​လေ... ​ကောင်းပြီ။ ပြီးရင်​​တော့ ရွှန်းလဲ့ နင်​က အ​ပြေး​လေ့ကျင့်​ မိန်းက​လေးဖြစ်​​တော့ ပိုအ​ရေးကြီးတယ်​။ နင်​ သက်​လုံ​ကောင်း​နေမှဖြစ်​မှာ.. ဂူထဲမှာက အန္တရာယ်​​တွေ အရမ်းများတယ်​'

ဒီလိုနဲ့ ညပိုင်း​ရောက်​​တော့ ဂူထဲသွားဖို့ သူ​တို့​တွေ နည်းလမ်းမျိုးစုံရှာကြ​လေသည်​။ ပထမဆုံး ဆက်​ပိုင်​က ဂူအတွင်းပိုင်းမှာ သူ​ရောက်​ခဲ့တဲ့​နေရာ​တွေကို ပုံကြမ်းဆွဲလိုက်​သည်​။ ​ဝေယံက ထိုပံကြမ်းကိုကြည့်​ပြီး ​ကျောက်​ခဲ​လေးများဖြင့်​ ပုံစံငယ်​ငယ်​​လေးတစ်​ခုကို စားပွဲ​ပေါ်မှာ ဖန်​တီးလိုက်​​တော့သည်​။

'ဒီပုံစံအတိုင်းဆို ဒီဂူကြီးက ဝင်္ကဘာကြီးတစ်​ခု​ပေါ့ ဟုတ်​လား'

သူတို့အားလုံး ​ဝေယံဖန်​တီးထား​သော ပုံစံငယ်​​လေးတစ်​ခုကို ​သေချာကြည့်​​နေကြသည်​။ 

'ဒါဆို ဝင်္ကဘာထဲကသာ ထွက်​နိုင်​ခဲ့ရင်​ ငါတို့ အပြင်​​လောကကို​ ပြန်​​ရောက်​ပြီ​ပေါ့ ဟုတ်​လား'

ရွှန်းလဲ့အ​မေးကို အားလုံး တစ်​​ယောက်​ကိုတစ်​​ယောက်​ကြည့်​ရင်း စဉ်းစား​နေမိ​တော့သည်​။

'နင်​​ပြောတာ ဖြစ်​နိုင်​တယ်​ဟ...'

'ဘာ​တွေဖြစ်​နိုင်​​နေကြတာလဲ'

မရဏ​ပြေးလမ်းနှင့်​ဝင်္ကဘာဂူ (Completed BL Advanture)Where stories live. Discover now