ကျနော် basketball training ပြီးတာနဲ့ bus ကားဂိတ်ကနေ အိမ်ကို လမ်းပြန်လျှောက်လာတယ်.. ကျနော့်ရင်ဘတ်က Jun ဆိုတဲ့ name tag ကိုလွယ်အိတ်ထဲထည့်ရင်း မနက်ဖြန်ပွဲအတွက် နိုင်အောင် ဆော့ဖို့စိတ်အားတက်ကြွနေတယ်.. ကျနော်တို့အသင်းက တက်ညီလက်ညီနဲ့အကုန် အဆင်သင့်ဖြစ်နေကြပြီ..
ဟုတ်သားပဲ.. ကျနော်က အသင်းရဲ့ captain မို့ မအားတာနဲ့ Luhan နဲ့တောင်အိမ်အတူတူမပြန်ဖြစ်ဘူး...
ည ၇ နာရီလောက်ရှိလို့ လမ်းဘေးနားက မီးလေးတွေက တန်းစီပြီးလင်းလာတယ်.. လမ်းလျှောက်ရင်း နာမည်ကြီး စားသောက်ဆိုင် တစ်ဆိုင် ရှေ့ရောက်တော့ ပူပူနွေးနွေး ခေါက်ဆွဲပြုတ်အနံ့လေးရလို့ ဆိုင်ရှေ့မှာ အကြာကြီးရပ်စောင့်နေမိတယ်..
**အဖေ့အတွက်ဝယ်သွားရမလား?**
ိတွေးရင်းနဲ့ ဗိုက်ဆာလာလို့ ဆိုင်ထဲမှာ ခေါက်ဆွဲတစ်ပွဲဝင်စားရင်း အဖေ့အတွက်ပါ တစ်ပွဲပါဆယ်ယူလိုက်တယ်..
############
ကျနော် အိမ်ရှေ့တံခါးကိုတွန်းမဖွင့်ခင်နည်းနည်း တုံ့ဆိုင်းနေသေးတယ်... အိမ်? အိမ်ဆိုတာ မိသားစုရှိမှ.. နွေးနွေးထွေးထွေးရှိမှ အိမ်လို့ခေါ်တာ မဟုတ်လား?
ကျနော် အိမ်ထဲဝင်လာတော့ အဖေက ဆိုဖာပေါ်မှာ အိပ်မောကျနေတယ်.. TV ကဖွင့်လျက်သားနဲ့ အဖေ့ဘေးမှာလဲ အမှိုက်တွေ ပုလင်းကွဲစတွေနဲ့ပြန့်ကျဲနေတယ်.. ခုနကလေးတင် အန်ထားပုံရတဲ့ အဖေက အရက်ပုလင်းကိုလက်မှာကိုင်ထားပြီး ကျနော့်အသံကြားတာနဲ့ ကျနော့်ကို ခေါင်းထောင်ကြည့်တယ်..
"မင်းအခုဘယ်ကပြန်လာလဲ...? အိမ်ကိုတောင်ပုံမှန်ပြန်မလာချင်ဘူးလား? မင်းအချိုးတွေပြင်နော်!!!"
ကျနော် သက်ပြင်းကိုခိုးချမိတယ်.. ကျနော့်အတွက် နေ့တိုင်းဖြစ်နေကျ အဖေ့ပုံစံကမထူးဆန်းတော့ဘူး.. အမေမရှိကတည်းက အဖေက အလုပ်မရှာဘဲ အရက်တွေပဲသောက်ပြီး အချိန်ကုန်တယ်.. အမေရှိပြန်တော့လဲ အဖေက အလုပ်မလုပ်တော့ အမေက အဖေနဲ့ ကွာရှင်းလိုက်ပြီး ကျနော့်အတွက်စရိတ်ထောက်ပံ့ရင်း နောက်အိမ်ထောင်နဲ့နေတယ်..
ကျနော် ပါဆယ်ထုတ်ကိုဘေးမှာချပြီး အဖေ့နားက အမှိုက်တွေကို ရှင်းနေတုန်း...