*ting tong*
"Luhan..."
ဒူးကိုကွေးပြီး sofa ပေါ်မှာ ထိုင်နေတဲ့ Luhan က စကားတစ်ခွန်းမှ မဟဘဲ ပိတ်ထားတဲ့ တံခါးကိုပဲထိုင်ကြည့်နေတယ်... သူက တံခါးကိုကြည့်ရင်း အကြည့်တွေက ခက်ထန်လာတယ်.. လက်သီးတွေကို ခပ်တင်းတင်း ဆုပ်ထားတယ်... သူ့မျက်လုံးတွေက တဖြည်းဖြည်း ရဲလာတယ်..
*ting tong*
ကျနော် သူ့နားမှာ ဒူးထောက်ထိုင်ချလိုက်တယ်.. သူက တံခါးကိုနာကြည်းစွာနဲ့ ကြည့်နေဆဲ.. သူ့မျက်ရည်တွေကိုအတင်း ထိန်းထားတယ်.. ကျနော် သူစိတ်သက်သာလိုသက်သာငြား သူ့ရဲ့ ဆုပ်ထားတဲ့ လက်သီးပေါ်ကနေ အသာအယာ ကိုင်လိုက်တယ်..
*ting tong*
"စိတ်လျှော့နော်.."
*ting tong*
"Jiwoo hyung ကိုဖုန်းဆက်ခေါ်ပေးရမလား..? သူသာဆို ဘာလုပ်ရမလဲသိမှာပဲ.."
သူကအတင်းမတ်တပ် ထရပ်တော့ ကျနော် သူ့ကိုပြန်ထိုင်နေဖို့ သူ့လက်ကို မလွှတ်ဘဲ ကိုင်ထားတယ်.. သူက ကျနော့်လက်ကို အတင်းရုန်းပြီး ကျနော့်ကို စူးစူးရဲရဲစိုက်ကြည့်တယ်.. သူ့ရဲ့ ဒေါသအရှိန်က ကြီးသည်ထက်ကြီးလာတယ်...
"ငါ့ အခန်းထဲဝင်နေ Oh Sehun.."
"Luhan.."
"ငါ့ကိုဒီထပ်ဒေါသထွက်အောင် မလုပ်နဲ့..."
"စိတ်ကိုထိန်းပါဦး Luhan.. ငါပြောတာ.."
သူက ခုံပေါ်မှာတင်ထားတဲ့ ကတ်ကြေးကိုလှမ်းယူပြီး သူ့လည်ပင်းသူ ချိန်လိုက်တယ်...
"ငါပြောတဲ့အတိုင်း မလုပ်ရင် ထိုးပစ်လိုက်မှာ..."
ကျနော်အရမ်းလန့်သွားပြီး သူ့လက်ကိုချက်ချင်းလွှတ်လိုက်တယ်... ကျနော့်ကိုကြည့်တဲ့ သူ့ပုံစံက တဖြည်းဖြည်းနဲ့ ပိုပိုပြီးဆိုးလာတယ်.. သူက အသိစိတ်လွတ်နေတဲ့ လူတစ်ယောက်လိုပဲ... သူ့ မျက်ရည်တွေက အတားအဆီးမရှိကျလာပေမယ့် သူက မျက်တောင် တစ်ချက်မခတ်ဘဲ မျက်လုံးနီနီကြီးတွေနဲ့ ကျနော့်ကို စိုက်ကြည့်တယ်...
"ငါ့အခန်းထဲဝင်နေ"
"အေးပါ.. အေး... ငါ မင်းအခန်းထဲ ဝင်မယ်... ဒါပေမယ့် မင်းမဟုတ်တာ မလုပ်ရဘူး.. စိတ်ကိုထိန်း..."
