Chapter 9

95 11 4
                                    

ကျနော် ခဏလောက်မူးသွားတယ်.. ကျနော့် ကမ္ဘာကြီးကချာချာလည်နေသလို.. ခဏလောက် ဘာမှမတွေးနိုင်တော့သလို.. နားတွေအူလာသလို.. မျက်နှာတွေလဲ ပူလာတယ်.. ခြေဖျားလက်ဖျားတွေ အေးစက်လာတယ်.. ဒါကျနော့်ရဲ့ ပထမဆုံးသောအနမ်း..

ကျနော် စာဖတ်ထားသလောက်.. ကြည့်ထားဖူးတဲ့ ဇာတ်လမ်းတွေထဲမှာတော့ ပထမဆုံးသောအနမ်းက စိတ်လှုပ်ရှားရတယ်.. ပျော်ရွှင်ရတယ်.. ပေါက်ထွက်တော့မယ့် ကိုယ့်နှလုံးခုန်သံကိုပါ နားထဲထိကြားရတယ်တဲ့.. သူ့ခံစားချက်နဲ့ ကိုယ့်ခံစားချက်နဲ့ ထပ်တူကျပြီး အတူတူ စီးမြောသွားသလိုမျိုး ပျံသန်းနေတဲ့ ခံစားချက်မျိုးရတယ်တဲ့..

ဒါပေမယ့် ကျနော် Luhan အသံရှူသံခပ်ပြင်းပြင်း ကလွဲလို့ ဘာမှမကြားရဘူး.. ဘာမှလဲ မခံစားရဘူး..

ကျနော့်ဆီမှာ ယောက်ယက်ခတ်တဲ့ စိတ်ကလွှမ်းမိုးသွားလို့ ဒေါသတွေပဲထွက်လာတယ်..

Luhan က ကျနော့်ကို နမ်းနေရင်း အသံတွေပါ ထွက်လာလို့ ပခုံးကနေကိုင်ပြီး သူ့ကို ချက်ချင်း တွန်းထုတ်လိုက်တယ်... ကျနော့် ပါးစပ် ကျနော် လက်နဲ့သုတ်ရင်း သူ့ကိုစူးစူးရဲရဲကြည့်လိုက်တယ်..

"ဘာလို့လဲ...... Luhan ...?"

သူက နောင်တရတဲ့မျက်လုံးတွေနဲ့ ကျနော့်ကို ကြည့်တယ်.. ပြီးတော့ သူ့မျက်နှာသူလက်နဲ့အုပ်ပြီး နေရာမှာတင် ထိုင်ကျသွားတယ်..

သူအကြိမ်ကြိမ်လဲကျပြီးခဲ့ပြီ.. အကြိမ်ကြိမ် အဆုံးသတ်ဖို့ အရှုံးပေးဖို့ ကြိုးစားခဲ့ပြီးပြီ...

အဲ့လို အားနည်းပြီး ပြိုလဲတော့ မတတ်ဖြစ်နေတဲ့ သူ့ကိုအဆုံးရှုံးမခံနိုင်လို့.. ကျနော့်ရဲ့တစ်ဦးတည်း သော သူငယ်ချင်းကို အဆုံးရှုံးမခံနိုင်လို့ သူ့ကို အဲ့ဒီ မည်းမှောင်နေတဲ့နေရာကနေ ဆွဲထုတ်ခဲ့တာ..

သူကကျနော့်ကို ရယ်စရာ တစ်ခုလိုပဲမြင်တာလား?

"Luhan.. ငါ့မှာ သူငယ်ချင်းဆိုလို့ မင်းပဲရှိတာ.. ဘာလို့ငါ့ကို အဲ့လိုလုပ်တာလဲ?"

သူက တုန်တုန်ရီရီနဲ့ ကျနော့် လက်ကိုလှမ်းကိုင်တယ်..

"ငါ.. တောင်းပန်..."

ReflectionDonde viven las historias. Descúbrelo ahora