Chapter 10

75 14 1
                                        

"Oh Sehun... ဟုတ်တယ်မလား?"

"ဟုတ်.. ကျနော် ဟိုတစ်ခါပြောထားလို့ interview လာဖြေတာပါ.."

မျက်မှန်တပ်ထားပြီး ဆံပင်ကိုနောက်လှန်တင်ထားတဲ့ ယောကျာ်းတစ်ယောက်က ဒီဆိုင်ရဲ့ မန်နေဂျာဖြစ်ပုံရတယ်.. သူက မျက်နှာချင်းဆိုင်က ခုံမှာထိုင်ရင်း လက်ပိုက်ပြီး ကျနော့်ကို ခေါင်းအစခြေအဆုံး အကဲခတ်နေတယ်..

"လူကတော့ အဆင်ပြေသားပဲ.. CV အရဆိုရင်တော့ ကျောင်းမပြီးသေးဘူးပြောတယ်နော်.. ဆိုင်မှာလုပ်ရမှာက စားပွဲထိုးဆိုပေမယ့် ညနေပိုင်းဆိုရင် မနက်ကဟာတွေနဲ့ပါ ပေါင်းပြီး သန့်ရှင်းရေးရှိတော့ တော်တော်ပင်ပန်းမှာကို.. ကျောင်းကပြီးတာနဲ့ ဒီကို တန်းလာရမှာကို မင်းခံနိုင်ပါ့မလား?"

"ဟုတ်.. ကျနော်ကြိုးစားပါ့မယ်..."

"ဟုတ်ပါပြီ.. အလုပ်ကိုပေါ့ပျက်ပျက် မလုပ်ရင်ပြီးတာပါပဲ.. တစ်ခုတော့ပြောထားရမယ်.. အလုပ်က မင်းကျောင်းမှာနေသလို ဇိမ်ခံနေလို့ရတဲ့ နေရာ မဟုတ်ဘူး.. Jiwoo ပြောထားလို့ အလုပ်သမားမလိုသေးဘဲနဲ့တောင် မင်းကိုလက်ခံထားရတာ.. ကြားထဲမှာ တစ်ဝက်နဲ့ထွက်တာတို့ ရေသာခိုတာတို့တွေ့ရင် ဘယ်သူမျက်နှာပျက်ရမလဲ သိတယ်မလား?"

"ဟုတ်.. ကျနော် နားလည်ပါပြီ.."

"အေး.. ဒီနေ့တော့နောက်ကျနေလို့ သိပ်လုပ်စရာမလိုဘူး.. သန့်ရှင်းရေး နည်းနည်းပါးပါးလုပ်ဖို့ပဲကျန်တယ် ဟိုဖက်က Hyunwoo က မင်းကိုဘာလုပ်ရမလဲ ပြပေးလိမ့်မယ်.. သူက uniform ထုတ်ပေးလိမ့်မယ်.. ဒါနဲ့... ငါ့ကိုငါ မမိတ်ဆက်ရသေးဘူးထင်တယ်.. ငါ့နာမည် Im Gunho.. ဒီဆိုင်မှာကတော့ ဝန်ထမ်းသိပ်မရှိပေမယ့် သိတဲ့အတိုင်း manager ပေါ့.. နားမလည်တာရှိရင် မေးလို့ရတယ်.. ဒီနေ့တော့ ဒီလောက်ပဲ.."

"ဟုတ်.."

Manager က နာရီကိုကြည့်ပြီး ဆိုင်ထဲကနေ ခပ်သုတ်သုတ်နဲ့ထွက်သွားတယ်.. စကားပြောတာကလဲ အပေါ်စီးနေ ပြတ်လိုက်တာ.. ဟိုကောင် Chanho နဲ့တစ်ပုံစံတည်းပဲ.. ငါတော့ ဒီလို အထက်လူကြီးနဲ့တွေ့တာ ကံဆိုးပြီလားမသိ.. Luhan ကိုပိုက်ဆံချေးပေးပြီး ချက်ချင်းကြီးအလုပ်ထွက်ဖို့ ကျတော့လဲ Jiwoo hyung နဲ့မျက်နှာပျက်ရဦးမယ်..

ReflectionTempat cerita menjadi hidup. Temukan sekarang