ကျနော် ကုတင်ပေါ်မှာ လူးလှိမ့်ပြီး တစ်ညလုံးအိပ်လို့မရဘူး... Sehun ပြောတဲ့စကားတွေက ကျနော့်ကိုစိတ်အနှောင့်အယှက် ပေးနေတယ်... *သူမနေရတော့ရင် ဘယ်လိုလုပ်မလဲ?* ဆိုတဲ့စိတ်နဲ့ပဲ ကျနော့် အတွေးတွေထဲ ပြည့်နှက်နေတယ်.. ဒီလိုမျိုး မတွေးပါနဲ့လို့ တားရင်းလဲ တွေးဖြစ်အောင်တွေးတယ်...
Sehun ကလူကောင်ကြီးတဲ့ဟာကို ဒီလောက်ကတော့ ခံနိုင်မှာပေါ့.....ဟုတ်တယ် မလား?
မဟုတ်ရင်ရော? ဟာ.. မဖြစ်နိုင်တာ... သူအဲ့လိုတွေမဖြစ်ပါဘူး.. Jun ကျောင်းလာရင်လဲ အကောင်းသား... သူဆို နည်းနည်းပါးပါးတိုင်ပင်လို့ရတယ်....
*Ring Ring*
မီးအိမ်နားကဖုန်းကို မယူချင်ယူချင်နဲ့ ယူလိုက်ရတယ် ၁နာရီခွဲနေတာကို ဘယ်လဒက ဆက်နေတာလဲ? အမူးသမားတွေ ညည ဖုန်းမှားဆက်တာလောက် ဆိုးဝါးတာမရှိဘူး... မွေးထားတဲ့ ကြောင်တွေကလဲ မနက်ဆို သေအောင်အိပ်ပြီး လူအိပ်တာနဲ့ဆူညံနေတာပဲ... ဘာမှကောင်းကျိုးမပေးဘူး... အိပ်မရတဲ့အထဲ စိတ်တိုတိုနဲ့ ဖုန်းနံပါတ်ကို တစ်ချက်လှမ်းကြည့်လိုက်တာ လက်က ချွေးတောင်ပြန်တယ်...
Sehun?
သူကဘာလို့ဒီအချိန်ကြီးဆက်တာလဲ?
လက်ကိုချွေးသုတ်ပြီး ဖုန်းကိုင်လိုက်တယ်...
"ဘာလဲကွာ? အိပ်နေတာကို..."
သူအထင်လွဲမှာကြောက်လို့ အိပ်ချင်မူးတူးနဲ့ သရုပ်ကဆောင်ရသေးတယ်.. လိုင်းမကောင်းလို့ ကိုယ့်အသံကိုပြန်ကြားတာနဲ့ အန်ချင်တယ်..
"......."
"ပြောလေ"
"........."
"မပြောရင်ချပြီ"
"Lu...Han..."
"အေး... ပြောစရာရှိတာ မြန်မြန်ပြော... ည ၁နာရီခွဲနေပြီ.. ငါ့ကို လင်းနို့လို ညဖက်တွဲလောင်းဆွဲနေတဲ့ကောင် မှတ်နေလား?"
ကျနော် အစက အဲ့လိုသဘောမဟုတ်ဘူး.. သူကဘာစကားမှ မပြောတော့ နောက်တယ်ထင်ပြီး ဆူလိုက်တာ... အခု ဖုန်းဆက်လို့ သူ့အသံလေးကြားရင်းနဲ့ အရမ်းပျော်တာ.. ၁နာရီခွဲမကလို့ တစ်ညလုံးပြောဆိုရင်တောင် အဆက်မပြတ်ပြောနိုင်တယ်...
