Chapter 11

114 15 2
                                    

*ting tong*

ကျနော် တစ်လမ်းလုံးအပြေးလာခဲ့ရလို့ မောနေတယ်.. အစ်ကို့အိမ်က bell ကိုအဆက်မပြတ်တီးနေတာ တော်တော်ကြာနေပြီ.. အပြင်ဖက်ကနေ ပြတင်းပေါက်ကို လှမ်းကြည့်တော့လဲ မီးတွေ ပိတ်ထားတယ်.. အိမ်မှာ လူမရှိဘူးလားမသိ.... ဒါမှမဟုတ် duty များရှိတာလား..

ကျနော် အစ်ကို့ဖုန်းကိုခေါ်တော့လဲ တော်ရုံနဲ့မကိုင်ဘူး.. ညဖက် ဒီအချိန်ထိ အိမ်ပြန်မလာဘဲ ဘယ်တွေလျှောက်သွားနေတာလဲ?

ကျနော် bell ဆက်မတီးတော့ဘဲ အိမ်ပဲပြန်လိုက်ရင် ကောင်းမလား.. အစ်ကိုလာတဲ့အထိ ဒီမှာပဲစောင့်နေရင်ကောင်းမလား?

ကျနော် တံခါးကိုမှီရင်း တွေဝေနေတယ်..

Luhan ပြောတဲ့အတိုင်းသာဆို အစ်ကိုက ကျနော့်ကိုအခုထိ ချစ်တုန်းပဲတဲ့လား?

အဲ့ဒါဆို ကျနော့်ကိုဘာလို့ လက်မခံနိုင်သေးတာလဲ?

အစ်ကိုက ဘာတွေကိုကြောက်နေတာလဲ?

**ring ring**

"Hello? Jiwoo hyung!"

"......."

"အစ်ကို အခုဘယ်မှာလဲ? ကျနော် အစ်ကို့ကိုပြောစရာစကားရှိလို့.. အစ်ကို့အိမ်ရှေ့မှာ ရောက်နေတယ်..."

"မင်း ဒီနေ့ အိမ်ပြန်လိုက်တော့.."

"အစ်ကို.. အခုဘယ်မှာလဲ?"

"မင်း.. အိမ်ပြန်လိုက်တော့.. ငါ့ကိုလဲ... နောက်... လာမတွေ့နဲ့တော့....."

"အစ်ကို ဘာတွေပြောနေတာလဲ?"

သူ့ရဲ့ တစ်ဖက်က အသံက တုန်ယင်နေတယ်..

"ငါ....."

ဒါမှမဟုတ် သူ မပြောမဆိုနဲ့ ဖုန်းဆက်ပြီး အဆက်အသွယ်ဖြတ်မယ်လုပ်နေတာများလား? အရင်တုန်းကလိုမျိုး ကျနော် သူ့ကိုပစ်ထားခဲ့မှာ ကြောက်လို့ သူ ကျနော့်ဆီကနေ ထွက်ပြေးဦးမလို့လား?

"အစ်ကို အိမ်မှာရှိတယ်မလား? ကျနော် ဝင်လာခဲ့မယ်"

ကျနော် ဖုန်းချပြီး တံခါး password ကို နှိပ်ပြီး အိမ်ထဲ ဝင်လိုက်တယ်.. တစ်အိမ်လုံး မီးတွေမှောင်နေပေမယ့် မီးဖိုချောင်က မီးအရောင်ဖျော့ဖျော့လေးကြောင့် ကြမ်းပြင်မှာ ခေါင်းငိုက်စိုက်ပြီး ထိုင်နေတဲ့ အစ်ကို့ကို တွေ့တယ်..

You've reached the end of published parts.

⏰ Last updated: Mar 29, 2019 ⏰

Add this story to your Library to get notified about new parts!

ReflectionWhere stories live. Discover now