Chapter 8

77 16 10
                                    

"........"

ကျနော်ရော Chanho ရော Sehun ပါ မျက်နှာချင်းဆိုင်ပြီး ကြမ်းပြင်ပေါ်မှာ ထိုင်နေကြတယ်.. တစ်ယောက်မှ စကားစမပြောကြတော့ အခန်းက တိတ်ဆိတ်နေတယ်.. ကျနော်က အဆောင်ကို ပြောင်းလာကာစဆိုတော့ အခန်းထဲမှာ ထိုင်ဖို့ ဘာတစ်ခုမှမရှိ.. ကုတင်တောင် သေချာ မခင်းရသေး.. စာကြည့်စားပွဲ ၂ လုံးနဲ့ ခုံ ၂လုံးပဲရှိတယ်..

ကျနော်တို့ ၃ယောက် မျက်နှာချင်းဆိုင် ထိုင်မိကြပေမယ့် Sehun က လက်ပိုက်ပြီး Chan ကို မျက်စိဒေါက်ထောက်ပြီး ကြည့်နေတယ်.. သူ့ကြည့်ရတာ Chan ကို တော်တော် အမြင်မကြည်တဲ့ပုံပဲ...

"ငါတို့ ဟိုတလောက အိမ်သာနားမှာတွေ့တာ မင်းကို အနိုင်ကျင့်နေတဲ့ကောင်က Im Chanho ဟုတ်တယ်မလား Luhan?"

"ငါကအနိုင်ကျင့်တယ်?"

"မင်းတိတ်တိတ်နေ.. ငါ Luhan ကိုမေးတာ မင်းကိုမမေးဘူး!"

ကျနော် အနေရကြပ်လာတယ်.. အဲ့ကိစ္စတွေက Chan နဲ့ ကျနော်နဲ့အစောကြီးကတည်းက ဖြေရှင်းပြီးသွားပြီ.. Sehun ကိုလဲ သေသေချာချာ  ပြောပြပြီးသွားပြီ.. Sehun ဘာလို့ ဒီလောက်စိတ်ဆိုးနေလဲ ကျနော် နားမလည်ဘူး..

ကျနော် သူ့မျက်နှာကိုမကြည့်ရဲလို့ ခေါင်းငုံ့ထားရတယ်..

"... Chan က ငါ့ကို အနိုင်မကျင့်ပါဘူး.. ငါကလဲ အရင်က အသုံးစရိတ်လိုချင်လို့ သူတို့နဲ့ အပေးအယူလုပ်ထားတာပါ.. အခု ငါနဲ့သူနဲ့ ဖြေရှင်းပြီးသွားပြီ.. သူ့ဆီမှာ ဒီလအတွက် ငါယူထားတဲ့ ပိုက်ဆံတွေအတွက် အကြွေးပြန်ဆပ်မယ်လို့ ကတိပေး.."

"မင်းက အဲ့ ပိုက်ဆံကို ဘယ်နေရာက ရမလဲ Luhan?"

Sehun အသံကတဖြည်းဖြည်းကျယ်လာတယ်..

"မင်း အခန်းပြောင်းရင်ပြောင်း မပြောင်းရင် ငါနဲ့ပြန်လိုက်ခဲ့တော့ Luhan.. အဆင်မပြေလဲ Jiwoo hyung အိမ်မှာပဲ လောလောဆယ် ဆက်နေလိုက်တော့ ဒီကောင်နဲ့မင်းကို စိတ်မချဘူး.."

Sehun ကကျနော့်လက်ကို ဆွဲပြီး နေရာကနေ အတင်းထခိုင်းတော့ ကျနော် သူ့လက်ကနေ ရုန်းတယ်.. သူ ကျနော့်ကို Chan နဲ့ ၂ယောက်တည်း စိတ်မချတာ ကျနော်နားလည်ပါတယ်.. သူ့မျက်စိအောက်က အပျောက်မခံချင်တာ နားလည်ပါတယ်.. ဒါပေမယ့်..

ReflectionWhere stories live. Discover now