Chapter 7

97 11 3
                                    

"Luhan သက်သာလား?"

"ဟုတ်ကဲ့.. သူအခုပဲအိပ်ပျော်သွားပြီ"

ဖုန်းဆက်ပြီး နာရီဝက်ကြာတော့ ရောက်ချလာတဲ့ Jiwoo hyung နဲ့ Jun.. အခန်းထဲရောက်လာမယ့် သူတို့ခြေသံတွေကြားတော့ ကျနော် Luhan လက်ကိုလွှတ်ပြီး စောင်နဲ့အုပ်ထားပေးတယ်...

Jiwoo hyung ကအခန်းထဲ ရောက်ရောက်ချင်း Luhan နဖူးကိုစမ်းတယ်... ချိတ်ထားလို့ ကုန်နေတဲ့ ဆေးပုလင်းကို စစ်တယ်...

"အဖျားတော့ကျသွားပြီ.. တော်သေးတယ်....."

Jiwoo hyung ကသက်ပြင်းချပြီး ကုတင်ဘေးမှာ ထိုင်ချလိုက်တယ်... Jun ကတော့ ကျနော်တို့ နောက်မှာရပ်ပြီး ကျနော်တို့ကိုလှမ်းကြည့်နေတယ်..

"အစ်ကို့အလုပ်ကရော?"

သူက Luhan တပ်ထားတဲ့ oxygen စက်ကို  ကြည့်ရင်း စာအုပ်အသေးတစ်အုပ်ထဲမှာ ချရေးတယ်..

"အစ်ကိုက အထက်ကို ခွင့်တိုင်ပြီး အပြေးလာတာ.. ဆေးရုံမှာလဲ ညအိပ်စောင့်တဲ့ duty မရှိသေးတာနဲ့..

အခုလဲ Luhan သတိရတာပဲရှိသေးတာ အားရှိသေးတာမဟုတ်ဘူး.. အစ်ကိုတို့ ဘယ်လောက်စောင့်ရမယ် ဘယ် နှရက်လောက်ထိ ကြာမယ်မသိသေးဘူး.. Sehun ကို အားနာလို့ပါ.. အစ်ကိုတို့ ၂ယောက်ပဲ စောင့်ပေးပါ့မယ်.."

"ဟာ.. မဟုတ်တာ အစ်ကိုရယ်.. Luhan ကလဲ ကျနော့် သူငယ်ချင်းပါပဲ.. ကျနော်ရှိနေရက်သားနဲ့  သူအခုလိုဖြစ်သွားတာ ကျနော့်မှာလဲ တာဝန်ရှိပါတယ်..."

ရုတ်တရက် Jiwoo hyung က မျက်လုံးတွေ စပ်လာလို့ မျက်တောင်ကို တဖြတ်ဖြတ်ခတ်တယ်.. မျက်လုံးတွေနီပြီး မျက်ရည်တွေပါကျလာလို့ ကျနော် Luhan ကုတင်ဘေးမှာတင်ထားတဲ့ tissue ကို လှမ်းပေးလိုက်တယ်...

"အစ်ကိုလဲ အခုတလော ကောင်းကောင်း မအိပ်ရသေးဘူးမလား? Luhan ကိုကျနော် ဒီနေ့တာဝန်ယူလိုက်မယ်.. အစ်ကိုသွားနားတော့နော်.."

"ဒါပေမယ့်..."

"စိတ်ထဲအရမ်းမထားပါနဲ့ အစ်ကို.. Luhan က တဖြည်းဖြည်းပြန်ကောင်းလာမှာပါ..."

Hyung က သက်ပြင်းချတော့ ကျနော်က သက်သာလိုသက်သာငြား သူ့ ပခုံးကို အသာအယာ ပုတ်ပေးတယ်...

ReflectionWhere stories live. Discover now