Chan ကို Sehun ကအတင်းတွန်းပစ်လိုက်ပြီး ကျနော့်လက်ကို ဆွဲပြီး Sehun ခန္ဓာကိုယ် အနောက်မှာ ဖွက်ထားတယ်...
"Luhan ကမင်းလုပ်ချင်တိုင်းလုပ်လို့ရတဲ့လူ မဟုတ်ဘူး..."
"ဘာလဲ မင်းက ငါးယောက်တစ်ယောက် ဝို်င်းထိုးဖို့လား?"
Chan နဲ့ သူ့အုပ်စုက ကျနော်နဲ့ Sehun ကိုဝိုင်းထားတော့ ကျနော် က သူတို့ဆီသွားဖို့ လုပ်တယ်... ဒါပေမယ့်...
Sehun ကကျနော့်လက်ကိုမလွှတ်ဘူး...
"မသွားနဲ့.. ငြိမ်ငြိမ်နေ.."
သူတို့လူတွေကပ်လာလေ ကျနော်တို့က နောက်ကိုဆုတ်လေ... ကျနော် Sehun နောက်ရောက်နေတော့ ရှေ့က လူတွေကိုမမြင်ရဘူး..
"ငါ.. လိုက်သွားလိုက်.. မယ်...."
ကျနော်သူ့လက်ကို အတင်း ဖြေပေမယ့် Sehun ကကျနော့်လက်ကို ကိုင်မြဲကိုင်ထားဆဲ...
"ဟေ့ကောင်တွေ!!!!! ရန်ဖြစ်နေကြတာလား???!"
"ဆရာလာနေပြီ ငါတို့ သွားရအောင် Chan!"
Chan တို့အုပ်စု ဇဝေဇဝါဖြစ်နေတုန်း Sehun ကကျနော့်လက်ကိုဆွဲပြီး ပြေးတာပဲ... နောက်ကိုလှည့်မကြည့် ရှေ့ကိုလဲ မကြည့်ဘဲ အောက်ကိုပဲကြည့်ပြီး ခြေချော်မကျအောင် ပြေးလိုက်ရတယ်...
~~~~~~~~~~
ကျနော် Luhan နဲ့အတူတူ သူတို့နဲ့ ဝေးသည်ထက် ဝေးရာကို ပြေးလာတယ်... ဘောလုံးကွင်းဘေးရောက်တော့ ကျနော် သူ့လက်ကိုလွှတ်ပြီး မတ်တပ်တောင်မရပ်နိုင်တော့လို့ ခြံစည်းရိုးကို ကိုင်ပြီး အမောဖြေနေရတယ်..
"မင်း.. အဲ့လိုကောင်နဲ့ ဘာလို့သွားပတ်သက်..."
သူက ကျနော့် အင်္ကျီ ကော်လံစကို ရုတ်တရက်ဆောင့်ဆွဲတယ်...
"......"
"Luhan... !!"
ပြီးတော့ ကျနော့်မျက်နှာကိုလက်သီးနဲ့ထိုးတယ်... နာတာထက်စာရင် ကျနော် တကယ်လန့်သွားတယ် စကားလဲမပြောနိုင်ဘဲ ကျနော့် ပါး ကျနော်ကိုင်ပြီး သူ့ကို မျက်လုံးပြူးပြီး ကြောင်ကြည့်နေမိတယ်...
".... ဘဝင်လေဟပ်နေတဲ့ ကောင်"
Luhan က ကျနော့်ကို ဒေါသအကြည့်နဲ့ ကြည့်ပြီး အဝေးကိုထွက်သွားတယ်... လမ်းလျှောက်နေတဲ့ သူ့ရဲ့နောက်ကျောပြင်ကို ကြည့်ရင်း ရင်ဘတ်ထဲမှာ အောင့်လာတယ်.. ကျနော် အရင်ကသိထားတဲ့ Luhan မဟုတ်တော့သလိုပဲ... ဘောလုံးကွင်းထဲက လူတွေကလဲ သူ့ကိုကြည့်ပြီး တီးတိုးစကားတွေ ပြောသွားကြတယ်...