Chapter 1

397 55 7
                                        

ကျနော် ကျောင်းတက်ရင် အမုန်းဆုံး အကြောက်ဆုံးအရာက အနိုင်ကျင့်ခံရတာကိုပဲ... အလယ်တန်းတုန်းက စိတ်ကူးယဉ်ဝတ္ထုတွေ ဖတ်တာများပြီး ကျောင်းပြောင်းရင် အနိုင်ကျင့်ခံရမှာစိုးလို့ အိမ်ပြောင်းမယ့် မိဘကိုတောင် ကျောင်းမပြောင်းဖို့ မနည်း အော်ဟစ်ငိုယိုပြီး တောင်းဆိုထားရတာ..

ဒါပေမယ့် ကျနော့်စကားကို အိမ်က အဖက်တောင်မလုပ်ဘူး.. ကျောင်းပါပြောင်းရမယ်.. မပြောင်းချင်ရင် အိမ်ပေါ်ကဆင်းဆိုပြီး ပြောတော့ ကျနော် စိတ်ကောက်ပြီး ထမင်းကိုတစ်နပ်မစားခဲ့ဘူး..

ကိုယ်မကြိုက်တာကို တားမရဆီးမရနဲ့ အတင်းလိုက်လုပ်တာကို အနိုင်ကျင့်တယ်ခေါ်မလား?

ကျနော့်ရဲ့ အထက်တန်း ကျောင်းသားဘဝကတော့ သိပ်ပျော်ဖို့မကောင်းလှဘူး..

"မလုပ်နဲ့လို့ပြောနေတယ်လေ!!"

ကျနော် စာသင်ခန်းထဲခြေချလိုက်တာနဲ့ Oh Sehun ဆိုတဲ့ သကောင့်သားက ကျနော့်ခေါင်းကို  အတင်းလာပွတ်နေတယ်.. အဲ့ကောင်နဲ့တွေ့ရင် တော်တော်အကုသိုလ်များပါတယ်.. ပြောလို့ဆိုလို့လဲမရ.. မလုပ်နဲ့လို့ပြောရင် ပိုလုပ်! ထမင်းချိုင့်ကို bus ကားဂိတ်မှာ မေ့ကျန်ခဲ့လို့ ဒေါသထွက်နေရတဲ့ကြားထဲ...

"သွားစမ်း!!"

ပြောမရဆိုမရနဲ့ တော်တော်ဒေါသထွက်လာလို့ သူ့ခြေထောက်ကိုတက်နင်းပစ်လိုက်တယ်!

"အား!!!"

ရုပ်ကိုက ငိုမဲ့မဲ့နဲ့

"ဟေ့ရောင်! ငါကချစ်လို့စတာလေကွာ.. မင်းက ဒေါသချည်းပဲ..."

"မချစ်ပါဘူး! ရူးနေလား!!"

အဲ့ကောင်ကို စိတ်ရှိလက်ရှိလုပ်လိုက်ရင်တော့...

"သွားတော့ သွား!! မင်းနဲ့ငါနဲ့အခန်းချင်းတူတာလဲ မဟုတ်..."

ကျနော် စိတ်ပျက်တယ်.. သူ့မျက်နှာကို နေ့တိုင်းတွေ့ရမယ်ဆို ကျောင်းတောင်မတက်ချင်ဘူး!

စိတ်တိုတိုနဲ့ ကျနော့်စားပွဲပေါ်ကို လွယ်အိတ်ပစ်တင်လိုက်တယ်.. မျက်နှာမကောင်းဖြစ်နေတဲ့ ကျနော့်ကိုမြင်တော့ ဘေးက Jun က ကျနော့်ကိုပခုံးလာဖက်တယ်..

ReflectionOnde histórias criam vida. Descubra agora