Chapter 4

98 14 1
                                        

**3 weeks later**

ကျနော် ဒီနေ့မနက် အိပ်ရာကနေ ထလာတော့ ရင်ဘတ်ထဲ တစ်ခုခုဖြစ်နေသလိုကြီး ရင်ခံနေတယ်.... ညတိုင်း မကောင်းတဲ့အိပ်မက်ကြီးတွေမက်ပြီး ကျနော့်ဆီမှာ တစ်ခုခုလစ်ဟာသွားသလိုပဲ... အကြောင်းမဲ့ ဖြစ်လာတဲ့ မျက်ရည်တွေကြောင့် မျက်တောင် ခတ်လိုက်တော့ မျက်ရည်တွေ....

"ငါဘာဖြစ်နေတာလဲ?"

ဟိုဟိုဒီဒီတွေးရင်းနဲ့က ဆယ်မိနစ်လောက် ကြာသွားတော့ မဟုတ်တဲ့ အတွေးတွေကို ခါချလိုက်တယ်... ရေချိုးပြီး စားပွဲပေါ်တင်ထားတဲ့ ပေါင်မုန့်နဲ့ ကော်ဖီကို သောက်ရင်းတစ်ယောက်တည်း တွေဝေနေတယ်...

ကျနော့်ပတ်ဝန်းကျင်ကိုကြည့်တော့ ဘယ်သူမှ မရှိ.. ခန်းဆီးတွေကို အမှောင်တွေဖုံးထားတယ်.... ကျနော် မနေ့ညက အိမ်ကို ဘယ်လိုပြန်လာတာပါလိမ့်?

*ring ring*

"Hello? အင်း... လာခဲ့မယ်.. ဒီနေ့ နောက်ကျမှာ... ကျနော်အခုမှ မနက်စာစားတုန်း... အစ်ကို ကျနော့်အိမ်ကိုဝင်ခဲ့လေ..."

Jiwoo hyung ရဲ့ဖုန်းကိုချပြီး ခန်းဆီးကိုပဲ အသက်မဲ့စွာကြည့်နေမိတယ်... ဟိုတွေးဒီတွေးနဲ့ သောက်လက်စကော်ဖီတွေတောင် အေးတော့မယ်... နာရီကိုကြည့်တော့ ၈ နာရီခွဲပြီ...

အေးသွားတဲ့ ကော်ဖီကို ဆက်မသောက်တော့ပဲ ရေနဲ့ဆေးချလိုက်တယ်... ရေတွေကလဲ အေးလိုက်တာ...

ကျနော် စားလက်စပန်းကန်တွေဆေးပြီး အမှောင်ထဲက ဧည့်ခန်းထဲမှာ တစ်ယောက်တည်း TV ထိုင်ကြည့်နေတယ်... အခန်းထဲမှာ TV အသံကလွဲလို့ ဘာမှ မရှိဘူး....

ကျနော် ပြတင်းပေါက်နားမှာထောင်ထားတဲ့ မိသားစုပုံလေးကိုကြည့်လိုက်တယ်.. ကျနော်တို့ ၃ယောက်လုံး ဓာတ်ပုံထဲမှာ ရယ်နေကြတယ်...

ကျနော် ထိုင်ရာကနေ ထပြီး ခန်းစီးစနဲ့ ဓာတ်ပုံတွေကို ကွယ်ထားလိုက်တယ်...

မချစ်ဘဲနဲ့ ယူခဲ့ပြီး မချစ်ဘဲနဲ့ ကလေးမွေးပြီး အခုမှတော့ ဘာအကျိုးရှိမှာလဲ?

Sehun က မေ့ဆေးကြောင့် coma ဖြစ်နေတာ လွန်ခဲ့တဲ့ ၂ပတ်... Jun က ကျနော့်ကိုဘာတစ်ခွန်းမှ မပြောဘဲ ကျောင်းပြောင်းသွားတာ လွန်ခဲ့တဲ့ ၂ပတ်က... ကျနော့်အဖေနဲ့အမေ လုံးဝပြောင်းလဲသွားပြီး ဇောက်ထိုးမိုးမျှော်ဖြစ်ပြီး အိမ်ခွဲနေတာ လွန်ခဲ့တဲ့ တစ်ပတ်က... ကျနော့်အမေက ဒီ အိမ်ပေါ်ကို နောက်ယောကျာ်းနဲ့ သူ့ကလေးတွေ လာမယ်ပြောတာ လွန်ခဲ့တဲ့ ၃ရက်က...

ReflectionTahanan ng mga kuwento. Tumuklas ngayon