"ချစ်မိနေပြီ!! "
ကျွန်တော်ပြောတဲ့စကားကို...သံယောင်လိုက်ပြောနေတဲ့..သူရှေ့ကချစ်စရာကောင်ကလေး~~
"အင်း..ကိုယ်ကောင်လေးကိုမြင်ရင်..ရင်ထဲက အမျိုးအမည်မသိ တစ်ခုခုခံစားနေခဲ့ရတာ..ကောင်လေးမျက်ဝန်း..အပြုံးချိုချိုလေးတွေက..ကိုယ့်စိတ်ကိုယောက်ယက်ခတ်အောင်ထိလုပ်နိုင်ခဲ့တာ..အဲ့လိုခံစားချက်မျိုးကို..အချစ်လို့ တင်စားပြောဆိုရင်...သေချာသလောက်ကိုယ် ကောင်လေးကိုချစ်မိနေပြီ!! "
သူ့ရင်တွင်းစကားကို..မျက်ဝန်းလေးတွေတလတ်လတ်တောက်တဲ့ထိ..ကြူးကြောင်ကြောင်လေးနားထောင်နေတာ...
*အဲ့လိုချိန်မျိုးဆို...အူယားမတတ်ချစ်ဖို့ကောင်းတာ..*
ခံစားချက်မဲ့သူတစ်ယောက်လိုမျိုး..ဘဝကိုဖြတ်သန်းခဲ့ပြီးမှ...သူ့မမေ့မလျော့သတိရနေတဲ့ ကောင်လေးကိုနောက်တစ်ကြိမ်ကြန်ဆုံတွေခဲ့ကတည်းက..တဖြည်းဖြည်းပြောင်းလဲလာခဲ့တယ်လို့ သူထင်မိတယ်...
"အဲ့..အဲ့တော့...jong..jonginက ကျွန်တော့်ကိုချစ်..ချစ်တယ်ပေါ့.."
သူဝန်ခံခဲ့တဲ့စကားတစ်ခွန်းက..ကောင်လေးတစ်ယောက်စကားတွေထစ်တဲ့အထိစွမ်းတဲ့ပုံပင်!!
"ကောင်လေး..ဘာလို့စကားတွေထစ်နေရတာတုန်း..ကိုယ့်ကိုမယုံလို့လား? "
"ဟင့်အင်း...ယုံတယ်လေ...ခင်ဗျားကြီးကိုတခြားသူတွေထက်များကြီးယုံတာ မသိဘူးလား?? "
မယုံလို့လားမေးလိုက်ကာမှ...တရစပ်ကိုပြောတော့တာပဲ....
"ကိုယ်ကောင်လေးကို...ချစ်မိနေပြီဆိုတဲ့အဆင့်ကနေ..မျက်စိအောက်ကအပျောက်မခံနိုင်အောင်ချစ်တဲ့ထိ ကြိုးစားမှာမို့..စောင့်ပေးမယ်မလား?? "
ကျွန်တော်ဒီကောင်လေးကို..အဲ့သလောက်အဆင့်ထိချစ်ကြည့်ချင်တာပါ...
ကောင်လေးကိုကြည့်မိတော့မျက်ဝန်းလေးမှာ မျက်ရည်တွေဝိုင်းနေတာ မြင်ရတော့...ကျွန်တော်များ အမှားထပ်လုပ်မိပြီလား??
YOU ARE READING
💙အပြာရောင်နွေဦး💙 {Completed }
Romanceမထင်မှတ်ထားတဲ့..တွေဆုံမှုလေးသည်... အပြာရောင်နွေဦးမှာစခဲ့တာမို့.... ကျွန်တော့်ရဲ့အချစ်တွေသည်လည်း..အပြာရောင်နွေဦးလေးလို.. တကယ်ပင်လှပသာယာခဲ့ရင်တော့~~~ မူလဇာတ်လမ်းတီထွင်သူအားအထူးပင်လေးသားလျှက်.... Dika yoai.... Romance...