"ကောင်လေး....ကိုယ်တို့..ညနေကြတွေ့ရအောင်!! "
ခရီးကပြန်လာပြီကတည်းက...ပထမဆုံးပြောတဲ့စကားပင်~~~
"ဟုတ်!! jongin..ညနေကြစောင့်နေလေ..."
ဘေးဘက်ခုံမှာထိုင်နေတဲ့..တစ်ယောက်တည်းသောသူကိုခေါင်းငြိမ့်ပြီးသာအဖြေပြန်ပေးလိုက်တော့တယ်.
"ကဲ!!! အချိန်လည်း..ကုန်ပြီမို့..ကျောင်းဆင်းကြတော့...အတန်းခေါင်းဆောင်နှစ်ယောက်ကတော့ စာတန်းပြုစုဖို့ကျန်တာမို့..နေခဲ့ဦးနော်..."
"ဟုတ်ကဲ့..Sam...."
"ကျစ်!!! ရှုပ်ပြန်ပြီဟ!! "
ဘယ်တော့မဆို..အကို့ကို ပြသာနာရှာချင်နေတဲ့..ကလေးပေါက်စလေးပင်~~
တစ်ခါတစ်လေကြ..ခုလိုကလေးဆန်တာလေးတွေကလည်းချစ်ဖို့ကကောင်းနေပြန်ပြီ!!!"ဟူး~~~ စာတန်းကပြုစုရဦးမယ်..."
ရှေ့ကစာရွက်ပုံကြီးကိုကြည့်ပြီသက်ပြင်းချနေရတာ ကိုယ်တစ်ယောက်တည်း..
ချစ်ရသူကြီးကတော့..မြန်မြန်လုပ်မြန်မြန်ပြီးမယ်ဆိုတဲ့ ပုံနဲ့ရေးနေတာပဲ...
"ကောင်လေး~~~ "
"အမ်!! ဘာလို့လဲ..jongin... "
စာရေးနေရင်းကနေ...ငိုက်နေတဲ့ကိုယ့်ကို..နာမည်ခေါ်လာသူ~~
"အိပ်ချင်နေလို့လား...အိပ်လိုက်လေ!! ကိုယ်လုပ်လိုက်မယ်...ရတယ်~ "
အင်း~~ အဲ့လိုကြတော့လည်..အားနာစရာကြီးမလား?? တာဝန်ကနှစ်ယောက်လုံးမှရှိတာကို...
"ရပါတယ်...ကျွန်တော်လုပ်နိုင်ပါတယ်...jonginရော..ပင်ပန်းရောပေါ့.."
"အာ!! ကိုယ်က..ရတယ်..ကောင်လေးက..ပင်ပန်းနေလားလို့ပါ..."
လက်ထဲက..မှင်ပြာဘောပင်လေးကို..လှမ်းယူပြီးပြောလာသောစကားကြောင့်..ညကအိပ်ရေးပျက်မှန်းသူ သတိရလာခဲ့တာ...
ညက..စာတန်းပြုစုဖို့အတွက်..အချက်အလက်တွေရှာနေတာနဲ့ပဲ..မိုးလင်းသွားတာ...ခုတော့..လူကမျက်စိတောင်ဖွင့်ဖို့အနိုင်နိုင်..
YOU ARE READING
💙အပြာရောင်နွေဦး💙 {Completed }
Romanceမထင်မှတ်ထားတဲ့..တွေဆုံမှုလေးသည်... အပြာရောင်နွေဦးမှာစခဲ့တာမို့.... ကျွန်တော့်ရဲ့အချစ်တွေသည်လည်း..အပြာရောင်နွေဦးလေးလို.. တကယ်ပင်လှပသာယာခဲ့ရင်တော့~~~ မူလဇာတ်လမ်းတီထွင်သူအားအထူးပင်လေးသားလျှက်.... Dika yoai.... Romance...