Kim Jonginဆိုတဲ့လူကြီးမှန်းသိပေမဲ့လည်း...
သူက..ကိုယ့်ကိုတစိမ်းဆန်သွားတော့..ရင်ထဲမှာဟာတာကြီးရယ်..*ခင်ဗျားရယ်...ဘာဖြစ်လို့ကျွန်တော့်ကို..တစိမ်းလိုဆက်ဆံတာလည်းသိချင်ပါရဲ့....ဒါပေမဲ့..ခင်ဗျားနဲ့..ကျွန်တော်ကတစ်ရက်တည်းတွေးဘူးတဲ့သူတွေဆိုတော့..အင်း..တစိမ်းလို့ပြောလို့ရတာပေါ့ *
အသက်မပါသောခြေလှမ်းတွေနဲ့သာ..အိမ်ပြန်လာခဲ့လိုက်တော့တယ်..
မြေအောက်ဘူတာကနေ..ရထားစီးပြန်နေကြဆိုတော့...
ဒီအချိန်ကျောင်းဆင်းချိန်ဆိုတော့..လူများတာမဆန်းပေ...
အိမ်ကလာကြိုမယ်ပြောပေမယ့်...
တစ်ယောက်တည်း..ရထားစီပြန်ရတာကို..ပိုလို့ပင်သဘောကျတတ်တာမို့....အရင်နေ့တွေကနဲ့မတူ..ဒီနေ့လူပိုကျပ်တယ်လို့ပြောလို့ရတယ်.....ထိုင်စရာနေရာမရှိတာနဲ့..ထောင့်ဘက်မှာပဲနေရာယူလိုက်တော့တယ်..
ထောင့်ဘက်ဆိုတော့..နည်းနည်းမှီလို့ရတယ်လေ...."ဟာ!! လူကပိုများလာလိုက်တာ..တဖြည်းဖြည်းနဲ့..ရပ်ရတာ..ကျဉ်းလာသလိုပဲ..."
တိုးတိုးလေးသာငြီးနေလိုက်တော့တယ်....ဘေးကဦးလေးကြီးတစ်ယောက်ကလည်း..သူ့ကိုယ်ဝဝဖိုင်းဖိုင်းကိုမှအားမနည်းအသေတိုးနေလေရဲ့..
လူကတဖြည်းဖြည်းကြားညက်နေတော့..ခန္ဒာကိုယ်တောင်ပိုသေးသွားသလို..
သူတိုးငါတိုးနဲ့အလယ်မှာညက်နေတော့..အသက်ရှုတောင်ကျက်လာပြီ...*ကတောက်စ်!! လူကဒီနေ့ဘာနေ့မို့အဲ့လောက်တောင်များနေပါလိမ့်..ဟူး.."
ငြီးတွားလို့မဆုံးသေး..နောက်ကလှမ်းဆွဲခံလိုက်ရတဲ့ခန္ဒကိုယ်..
နောက်ကျောနဲ့..ထိကပ်သွားတဲ့..ရင်ဘက်တစ်စုံ....
အမြဲတမ်းစွဲမက်နေတတ်တဲ့..ကိုယ်သင်းနံ့..ဒီလောက်ဆိုရင်...
ကျွန်တော်အနောက်ကဘယ်သူလဲဆိုတာတော့...ခံစားမိပါပြီ..ထို့နောက်..နားဘေးကိုရစ်ဝဲလာတဲ့..ခပ်တိုးတိုးလေပူလေးတစ်ခု...
"ဒီလောက်ညက်နေတာကို..ဘာလို့နောက်မဆုတ်ပဲ..ကြားညက်ခံနေရတာတုန်း..သေးပါတယ်ဆိုမှ..ပျောက်သွားဦးမယ်"
YOU ARE READING
💙အပြာရောင်နွေဦး💙 {Completed }
Romanceမထင်မှတ်ထားတဲ့..တွေဆုံမှုလေးသည်... အပြာရောင်နွေဦးမှာစခဲ့တာမို့.... ကျွန်တော့်ရဲ့အချစ်တွေသည်လည်း..အပြာရောင်နွေဦးလေးလို.. တကယ်ပင်လှပသာယာခဲ့ရင်တော့~~~ မူလဇာတ်လမ်းတီထွင်သူအားအထူးပင်လေးသားလျှက်.... Dika yoai.... Romance...