"ဟာ...jong စာကျက်လေကွာ..ကျွန်တော့်ကို ခဏခဏလိုက်နမ်းမနေနဲ့.."
ဟုတ်တယ်လေ...နောက်လပဲ Final Examက ဖြေရတော့မယ်....
ခုထိစာမကျက်သေးပဲ...လူကိုလိုက်နမ်းနေတာ အခါမရေနိုင်တော့ဘူး..စာတစ်ယောက်တည်းမကျက်ချင်လို့...
Kyung!! ကိုယ်နဲ့စာအတူတူလာကျက်ပါဆိုလို့..
လာကျက်ပေးပြန်တော့လည်း....စာမကျက်
လူကို တစိမ့်စိမ့်ထိုင်ကြည့်လိုက်...မနေနိုင် ထနမ်းလိုက်နဲ့..
ခုထိ သူရော ကိုယ်ရော မယ်မယ်ရရ တစ်လုံးမှမရသေး.."Jong...စာကျက်မယ်လို့!!!..မကျက်ဘူးဆို ကျွန်တော် ပြန်မယ်!!!"
ဆူဆူဆောင့်ဆောင့်လေးလုပ်လိုက်တော့မှပဲ~~~
"အင်းပါ...Kyungရယ် ကိုယ်စာကျက်တော့မယ်...ဟုတ်ပြီလား..
ဒါပေမဲ့~~~"လူကိုပြူးကြည့်နေပြီး...ဒါပေမဲ့က ဆက်မပြောသေး.....
"အွန်း...ဒါပေမဲ့က ဘာလဲ ပြောလေ Jong"
"Kyungညကြ ကိုယ်နဲ့တူတူအိပ်မယ်လို့ ကတိပေးရင်...စာကျက်မယ်.."
အမ်!!!! ထွေထွေထူးထူး မဟုတ်တာကို ခွင့်တောင်းနေပြန်ပြီ!!!
မဟုတ်လည်း...ညကြ ခင်ဗျားကြီးရင်ခွင်ထဲ အိပ်ဖို့ကြံနေတာကို.."စာသာကျက်မယ်ဆို...စာမေးပွဲ မပြီးမချင်း လာအိပ်ပေးမယ်...အဲ့တာကြောင့်
ခုစာကျက်တော့..."အိပ်မယ်လည်းဆိုရော...မျက်လုံးလေးက တဘတ်လတ်ကိုတောက်ပနေတော့တာပဲ....
*ခင်ဗျားရဲ့ အပြုံးတွေက ကြယ်ပွင့်လေးတွေလို တောက်ပပြီး လှလွန်းတယ်*
"မွ!!!ကိုယ်က Kyungကို ချစ်တာ အဲ့တာတွေ့ကြောင့်...
ချစ်တယ် ကိုယ့်ကောင်လေးရဲ့! !""အံမယ်!!!စိတ်ပုတ်ကြီးရဲ့ ကောင်လေးမဟုတ်လို့...ဘယ်သူ့ကောင်လေးဖြစ်ရမှာလဲ ပြော!!!"
ရင်ဘက်ကို ထုပြီးပြောတော့....တဟားဟားကို အော်ရယ်နေတော့တာပဲ!!!
*ခင်ဗျားရဲ့ ကလေးဆန်မှုတွေကိုလည်း...ကျွန်တော် ချစ်တယ်...*
"ဟာ...ဟုတ်ပါတယ်...စိတ်ပုတ်ကြီးရဲ့ ကောင်လေးပါ...ဟားဟား..."
ဒီလောက်ထုနေတာကိုတောင် အရယ်မရပ်သေးဘူး.....
"ငါကြည့်နေတာ ကြာပြီ Kim Jonginရေ ရယ်တာရပ်ပါတော့..
စာကျက်တာ ခုထိမတွေ့ရသေးဘူး...."ံ
YOU ARE READING
💙အပြာရောင်နွေဦး💙 {Completed }
Romanceမထင်မှတ်ထားတဲ့..တွေဆုံမှုလေးသည်... အပြာရောင်နွေဦးမှာစခဲ့တာမို့.... ကျွန်တော့်ရဲ့အချစ်တွေသည်လည်း..အပြာရောင်နွေဦးလေးလို.. တကယ်ပင်လှပသာယာခဲ့ရင်တော့~~~ မူလဇာတ်လမ်းတီထွင်သူအားအထူးပင်လေးသားလျှက်.... Dika yoai.... Romance...