Part 3
Arthit တစ်ယောက်သူငယ်ချင်းတွေကိုနှုတ်ဆက်ပြီးအိမ်ကိုပြန်လာခဲ့သည်။သူငယ်ချင်းတွေက ယောက်ျားလေးသီးသန့်အဆောင်မှာနေကြသည်။ သူကတော့ မားတို့က စိတ်မချလို့ အမေ၏ညီမဖြစ်သူ အန်တီအိမ်ကပဲ ကျောင်းတက်သည်။ကျောင်းမဖွင့်ခင်ကတည်းက သင်တန်းတွေတက်ရင်း အန်တီတို့နဲ့ပဲနေဖြစ်သည်။
အိမ်တွင် အန်တီတို့သားနှစ်ယောက်ွက လုပ်ငန်းတွေနဲ့အပြင်ရောက်နေသည်မို့ ကျွန်တော်နဲ့ အန်တီရယ် ဦးရယ် သုံးယောက်ပဲရှိသည်။
အိမ်ရောက်တော့ ပျင်းတာနဲ့ Tv ရှေ့ထိုင်ဖြစ်သည်။ ပြီးမှ phကိုသတိရသွားသဖြင့် လိုင်းဖွင့်လိုက်တော့ ဟိုလူ လိုင်းပေါ်ရှိနေသည်ပဲ။
A- hi အကို
k- hi ချာတိတ်
A- ဘာလုပ်နေလဲ
K - အိပ်နေတာပျင်းလို့
A- သြော်ဟုတ် အလုပ်ကြီးအကိုင်ကြီးလုပ်နေတာပဲ နှောက်ယှက်တော့ဘူး
K- လူကြီးကို မရွဲ့နဲ့နော် ကိုကအသည်းတွေယားရင် ဖက်နမ်းတတ်တဲ့အကျင့်ရှိတယ်။ အွန် ငါဘာတွေပြောနေတာပါလိမ့် သူနဲ့တွေ့မှပဲ စိတ်ကလူနဲ့မကပ်ဖူး။( A/N
roတယ်နော် kongpop )
A- ဟာ အဆန်းကြီးပါလား မကြားဖူးဘူး
k - မယုံရင် ကိုယ့်ဆီလာခဲ့လေ
A- ခင်ဗျားအနမ်းခံဖို့ ကျွန်တော်က လာရမယ် ခင်ဗျားမိန်းမဆူမှာကြောက်ဖူးလား။
Arthit သူ့အကို မိန်းမရှိမရှိ မေးကြည့်မိလိုက်သည်။ စိတ်တွေကလည်းလှုပ်ရှားနေသည်။ ငါဘာဖြစ်တာလဲ။ ငါတစ်ကယ် အထီးကျန်နေတာပဲ။ တစ်စိမ်းလူတွေနဲ့ သိပ်မဆက်ဆံဖြစ်လို့ သူ့ကိုခင်တွယ်နေတာများလား။
k - အွန်မင်းက ငါ့မှာမိန်မရှိမှန်းသိတယ်။ခန့်မှန်းတော်သားပဲ။ ခလေးကို စချင်၍ ထိုသို့ဖြေလိုက်မိသည်။ ဟုတ်တယ်လေ ခုမှ 21ရှိသေးတယ် မိန်းမယူစရာလား။
စာသားလေးကြည့်ပြီး ရင်ထဲဝမ်းနည်းသွားရတာက Arthit။ တကယ်သူက မိန်းမရှိတယ်ပေါ့။ စိတ်ထိန်း Arthit သူနဲ့နင်က ဘာဆိုင်လို့လဲ။တတ်နိုင်သမျှ စိတ်လျှော့p စာပြန်ရိုက်လိုက်တော့သည်
A- အာ့ဆို ခင်ဗျားကို ယောက်ခမ တော်မယ်
k- စိတ်မကောင်းပါဘူးကွာ မင်းက ငါ့သမက်မဖြစ်နိုင်ဘူး
A - ခင်ဗျားသမီးက ဘယ်လောက်တန်ဖိုးရှိမှာမို့လဲ
စိတ်ပေါက်ပေါက်နဲ့ ပြန်ပြောဖြစ်သည်။ဟုတ်တယ်လေ သူကပဲပြောရတယ်ရှိသေး။ စကားအရသာ ယောက်ခမတော်မယ်ပြောတာ ဒီလူ့ဂွစာကြီးကို သူ့သမက်သာဖြစ်ရင် တစ်ရက်တောင် အသက်ရှင်နိုင်ပါ့မလားပဲ။
k- မင်းအထင်လွဲနေp ချာတိတ်ရဲ့ ကိုယ်လက်ထပ်ထားသူက ကလေးမမွေးနိုင်ဘူ။ ကိုက Ph နဲ့လက်ထပ်ထားတာလေ။
A- ph က short nameလား
k - ဟာ phone ကိုပြောတာဟ။ ပြောလို့ဆိုလို့မကောင်းတဲ့
ချာတိတ်တစ်ယောက်နဲ့ တွေ့ပြီး phနဲ့လူကမခွဲနိုင်တော့ဘူး။
A- ခင်ဗျား ကျွန်တော့ကိုပြောနေတာလား
K - ကို့ဟာကိုတော့ ပြောလို့ဆိုလို့မကောင်းတာသိသားပဲ
A - အားးးးး ခင်ဗျားကြီးနော်
K - ha haဖြည်းဖြည်းလုပ်ပါ လိပ်လေးရယ်
ဒေါသ ကလည်းကြီးပါ့နော်။ လူက ပုသလောက်။
Arthit နောက်လှည့်ကြည့်လိုက်မိသည်။ ဟုတ်တယ်လေ ငါပုတာဘယ်လိုသိပါလိမ့်။ အရမ်းကြီးမဟုတ်ပေမယ့် ကျွန်တော့သူငယ်ချင်းတွေထဲ ကျွန်တော်အပုဆုံး။
A - ခင်ဗျားဘယ်လိုသိ။
သွားp မဆိုင်တာမေးပြန်P။အဲ့တစ်ယောက်လှောင်တော့မှာပဲ။
K- ကိုက အာရုံရနေတာလေ။
ဒါနဲ့ ကိုယ့်လျှို့ဝှက်ချက်တစ်ခုပြောပြရမလား။
A- Inn ပြောကြည့်လေ။
K - မင်းကို အရမ်းခင်နေမိတယ်။
A-အော် ဟုတ် အာ့က လျှို့ဝျက်ချက်လား
K- innလေ ကို့ရင်ထဲမှာ ဝှက်ထားတာမို့
A- အော် ဟုတ်ပါp။
ရေးသာရေးနေရတာ လက်ကတုန်နေp။ ဒီလူ တစ်ကယ်ပဲ ကျွန်တော့်ကို စိုးမိုးနိုင်တာပဲ။ Forth ပြောသလို ဖူးစားရှင်.---
အာတော်ပြီ မတွေးတော့ဘူး။
K - မင်းနဲ့စကားပြောချင်တယ် ph နံပတ် ကို့ကိုပေးပါလား
A- လိုင်းပေါ်က ခေါ်ပေါ့ vedio callတော့မရဘူးနော်
ခင်ဗျားလိုရုပ်တိုးကိုကြည့်ရင် ကျွန်တော်အိပ်မပျော်မှာစိုးလို့
k- ချာတိတ်ရယ် ကပ်စည်းနဲတာ ငါကမင်းကိုကိုက်မစားပါဘူးကွာ ။သတိရရင်ဆက်ချင်လို့ဟာကို ပြီးတော့ lineတွေက သိပ်မကောင်းဘူးလေ။
A- ok ပြီးရော
09*********
ဒါပဲ။
K- thank baby ။ ပြီးတော့ကိုပြောထားမယ်နော် ကိုကရုပ်မဆိုးဘူး။
ဒေါသအိုးလေးကတော့ စိတ်မရှည်တော့ဘူးထင်ပါရဲ့ နှုတ်ေ်ျတာင်ဆက်မသွားဘူး Outသွားpလေ
Kong တစ်ယောက်အရမ်းပျော်နေမိသည်။ ငါတကယ်ထူးဆန်းနေတာပဲ။ ဘာတွေလုပ်မိနေpလဲ။ အခုစကားပြောနေတာကို အသံကကြားချင်ပြန်လာသည်။
မဖြစ်သေးပါဘူးလေ ဒီအတိုင်းဆို ငါ့ကိုဖွန်ကြောင်တယ်ပြောမှာ စောက်ခလေးက။
ဒါတောင်မျက်နှာမမြင်ရသေးဘူး ငါလည်းတကယ်မနိုင်တော့တာပဲ။ အလုပ်ဖိအားတွေများလို့ ရူးနေတာတော့မဟုတ်တန်ကောင်းပါရဲ့။
![](https://img.wattpad.com/cover/136058822-288-k868365.jpg)