Onlinr Chitthu
Arthit pov
ကျွန်တော်show ပွဲက ပြန်လာပြီး ဟိုလူကြီးဆီ ph ခေါ်မိသည်။ ဟုတ်တယ်လေ သူနဲ့စကားမပြောရတာ တစ်ရက်ရှိနေပြီကို။သူကတော့ ကျွန်တော့ကိုဘသတိရပါ့မလား။မနေ့ညက phပြောပြီးကတည်း က ဒီလိုလိုင်းလည်းမဖွင့်။ကျွန်တော်ပြန်ရောက်တော့11ထိုးနေပြီ။ သူ့ဆီ phခေါ်တာ အကြိမ်ကြိမ်ရှိနေပြီ။ ဖုန်းကစက်ပိတ်ထားသည်တဲ့။ ဟာဘယ်လိုဖြစ်တာလဲ။ ကျွန်တော်ကြိုးစားပြီး အိပ်ကြည့်သည်။အိပ်မပျော်နိုင်။show ပွဲသွားလို့များ ငါ့ကိုစိတ်ဆိုးသွားတာလား။ ကျွန်တော်အခုအချိန်မှာ သူ့ကိုအရမ်းလွန်းနေတယ်။သူနဲ့စကားတွေပြောချင်နေတယ်။ph တွေဆက်တိုက်ခေါ်နေမိတုန်းပဲ။2နာရီ ထိုးနေပြီ Phခေါ်လို့မရသေးဘူး။သူPhcardများchangeလိုက်တာလား။ဟင့် ဟင့် ကျွန်တော်မျက်ရည်များပင်ကျလာတော့သည်။သူစိမ်းတစ်ယောက်အတွက်နဲ့ငါငိုတယ်။ငါဘာဖြစ်နေတာလဲ ဘယ်တုန်းက ငါဒီလောက်အငိုလွယ်သွားရတာလဲ။
ခဏနေတော့ ကျွန်တော့ph ကဝင်လာသည်။ သူ့ဆီကပဲ။
ကျွန်တော်လည်း မျက်ရည်တွေမြန်မြန်သုပ်လိုက်ကာ
A- Hello အကိုဘာလုပ်နေတာလဲ ဘာလို့ဖုန်းပိုက်ထားတာလဲ။ ကျွန်တော့ကို စိတ်ဆိုးလို့လား။
သူ့ကိုမေးခွန်းတွေဆက်တိုက်မေးပြီး ဝမ်းနည်းလာကာ ဆက်ငိုနေမိသည်။
Kong pov
မနေ့ညက ခလေးနဲ့ph ပြောပြီး ကျွန်တော်ph ပိတ်ထားလိုက်သည်။ ကျွန်တော် သူ့ကိုချစ်နေတာလား သူနဲ့စကားပြောရတာကိုသာယာမိနေတာလား ကျွန်တော်သေချာမသိသောကြောင့်။ ကျွန်တော့်ခံစားချက်တွေကိုသေချာချင်သည်။ထို့ကြောင့်သူနဲ့ မဆက်သွယ်ပဲနေကြည့်ဖို့ဆုံးဖြတ်လိုက်ကာ တစ်နေ့လုံးဖုန်းမဖွင့်ဖြစ်။အလုပ်ဆင်းတော့ ဒီအချိန်ဆိုကျွန်တော့ ခလေးလေးshow ပွဲမှာပျော်နေလောက်ပြီလို့အတွေးကဝင်လာသည်။ အလုပ်မှာလည်း သူ့အကြောင်းက ခဏခဏကျွန်တော့ဆီအလည်လာနေလို့ အလုပ်ကိုခက်ခက်ခဲခဲ အာရုဏ်စိုက်နေရသည်လေ။ခုလည်း 2နာရီထိုးပြီ
သူ့ကိုလွန်းနေတယ်အိပ်လို့ကလည်းမပျော်နိုင်ဖြစ်နေသည်။ အခုချိန်အိမ်ရောက်ပါအုန်းမလား show ပွဲမှာ ရန်များဖြစ်နေမလား အတွေးကဝင်လာကာ တော်ပြီကွာ ဖုန်းဆက်ကြည့်မယ်ဆိုပြီးဖွင့်လိုက်တော့ ဝင်ထားတဲ့ miss callတွေက တစ်ရာမက ဘုရားရေ ခလေးလေး ph ခေါ်ထားတာပဲ။ ကျွန်တော် ချက်ခြင်းဖုန်းခေါ်လိုက်တော့ ကျွန်တော့ကလေး ပြန်ထူးတဲ့အသံက မနေ့ညကလိုမဟုတ် နှာသံပါနေသည်။ သူနေမကောင်းတာလား ကျွန်တော်တွေးနေတုန်း ဆက်တိုက်မေးလာတဲ့ သူ့ရဲ့မေးခွန်းတွေ
k- baby ဘာဖြစ်နေတာလည်း ကိုကဘာလို့မင်းကိုစိတ်ဆိုးရမှာလည်း။
A- အာ့ဆိုဘာလို့phပိတ်ထားတာလည်း။ ကျွန်တော်ခင်ဗျားကိုလွန်းလို့သေတော့မယ် အကျင့်ပုတ်ကြီးရဲ့ဟင့် ဟင့်။
ကျွန်တော့ ခလေးက ငိုနေတာပဲ။ သူငိုနေတာ ကျွန်တော့ကိုလွန်းလို့ ကျွန်တော့်နဲ့စကားပြောချင်လို့တဲ့။ကျွန်တော်အရမ်းပျော်သွားရသည်။ရုတ်တရက် ရင်ဘတ်ကလည်း ဒိုင်းခနဲဆောင့်တက်လာတာကြောင့် လက်နဲ့ပင်ဖိထားလိုက်ရသည်အထိ။မင်းက ကိုယ့်ကိုအပျင်းပြေလို့တွေးလို့လား။အကိုတစ်ယောက်လိုပဲလားဆိုတာတော့ ကိုမသိပေမယ့်။မင်းကိုတော့ ကိုအရမ်းချစ်တာသေချာသွားပြီ baby။
K- baby ရယ် ကိုယ့်ကိုအဲ့လောက်တောင်လွန်းနေလား
ကိုယ်တောင်းပန်ပါတယ်ကွာ နောက်မဖြစ်စေရဘူးနော်။
A- ကျွန်တော့ကို ကတိပေး
K-ပေးပါတယ်ဗျာ။ ကိုလည်း ကတိတစ်ခုပြန်တောင်မယ်။
A- ဟုတ် ပြောလေ ကိုယ့်အကိုပြောတာ နားထောင်ရမှာပေါ့။
အကိုလို့ပြောလိုက်တာကြီးကို ပထမဆုံးအနေနဲ့ ကျွန်တော်စိတ်မကောင်းဖြစ်သွားမိသည်။ ခလေးရယ် ကို့ကို အကိုတစ်ယောက်ထက်မပိုနိုင်ဘူးလား။ ဒီမေးခွန်းကိုစိတ်ထဲမှာသာ အေးဖြစ်လိုက်သည်။
K- နောက်တစ်ခါ ကိုယ့်ကြောင့်ပဲဖြစ်ဖြစ် ဘယ့်သူအတွက့်နဲ့မှ ခလေးမငိုရဘူး။ ဒီကတိပေးနိုင်မလား။
ဟုတ်တယ် လေ ကျွန်တော်မှသူခံစားနေတာ မကြည့်နိုင်ဘဲ။သူ့ကို အကောင်းဆုံးခံစားချက်တွေပဲ ကျွန်တော်ပိုင်ဆိုင်စေချင်တယ်။
A- ဟုတ် ကျွန်တော် မငိုတော်ဘူးနော်
K- အင်းဒါဆို babyအိပ်တော့လေ နောက်ကျနေပြီ။
A- အာ့ဆို အကိုphချလိုက်လေ။
K-ခလေးချလိုက်ပါ ကိုကအခုချိန်ကစပြီး ဘယ်တော့မှPhအရင်မချတော့ဘူး
A- ဘာလို့လဲ အကို
K-နောက်တော့ပြောပြမယ် အိပ်တော့baby good night