PART 16

144 6 2
                                    

Ph ထဲက စတင်ခဲ့တဲ့ သူ့ရဲ့ချစ်ခြင်း။ မျက်နှာတောင်မမြင်ဖူးသေးခင်မှာ သူ့နှလုံးသားလေးကို ခိုးယူသွားတဲ့ ကောင်ငယ်လေးတစ်ယောက်ကို ထိုမျှအထိသူ ချစ်မိသွားလိမ့်မည့်ဟု ခုချိန်ထိတိုင် မယုံနိုင်အောင်ဖြစ်နေသေးသော်လည်း အမှန်ပင်ဖြစ်ကြောင်းကို သူ့နှလုံးသားတို့သည် ရင်ဘတ်ထဲမှ လှုပ်ခါပြကြလေ၏။
Online Chitthu
*ကလေး စိတ်မကောင်းမဖြစ်နဲ့တော့နော် *။
*ကိုကို ဗိုက်ဆာနေပြီ ကလေးရဲ့။ ကလေးရောမဆာသေးဘူးလားဟင်။သူငယ်ချင်းတွေလည်း ကိုတို့ကို မေတ္တာပို့နေလောက်ပြီ။ကိုတို့ မုန့်သွာစားမယ်လေနော်။*
မုန့်စားသွားမယ်ဆိုမှ မျက်နှာလေးက တောက်ပလာတော့တဲ့ ကျွန်တော့ရဲ့ အသည်းပွတ်လေး။ကျွန်တော် ဆိုင်ကယ်သော့ကို ဘောင်းဘီ အိတ်ထဲကထုပ်လိုက်တော့ မီးခြစ်က အောက်ကိုပြုတ်ကျသွားတယ်။ဘေးနားက ကလေးက မီးခြစ်လေးကို ကောက်လိုက်ပြီး။ကျွန်တော့ကို မိန့်ခွန်းချွေပါလေရော
*ကိုကို ဆေးလိပ်သောက်တယ်ပေါ့ *
အင်း  ဘာ ဖြစ်လို့လဲ ။ကလေးရော မသောက်ဘူးလား။
ဟင့်အင်း ကျွန်တော် ဆေးလိပ်ဆို အနံ့ကို မခံနိုင်တာ။ ပြီးတော့ ဆေးလိပ်သောက်တဲ့သူဆို ကျွန်တော်ကြည့်မရဘူး။ ဆေးလိပ်က တခြားဟာတွေ့နဲ့ မတူးဘူး အကိုရ သောက်တဲ့သူ တစ်ယောက်ကိုဘဲ မဟုတ်ဘူး အငွေ့ကို ရှူရှိက်မိသူတိုင်းကို ဒုက္ခရောက်စေတာ။Second Smoker တွေဆိုသောက်တဲ့သူထက်ပိုဆိုးတယ်ပြောတယ်။လေထုထဲကို မကောင်းတဲ့ အငွေ့တွေ ရောက်သွားလည်း မကောင်းဘူးလေ။ဖြစ်နိုင်ရင်ဆေးလိပ်မသောက်ပါနဲ့ဗျာ။အသက်ကြီးလာရင် ခင်ဗျားရောဂါတွေခံစားရမှာကို လည်း ကျွန်တော်စိုးရိမ်လို့ ။
နှုတ်ခမ်းလေးထော်ထော်ပြီး ဆေးလိပ်တိုက်ဖျက်ရေး အဖွဲ့ဝင်များလားမှတ်ရအောင် စီကာပတ်ကုန်းရှင်းပြနေတာကြောင့်
ဟုတ်ပါပြီကလေးရယ် ကိုမသာက်တော့ပါဘူးနော်။
တကယ်နော် ကိုကို လုံးဝမသောက်ဘဲနေမှာလား ကို ကတိပေးရဲလား
လက်သန်းလေးနဲ့ လက်မလေးထောင်ကာ ကတိတွေတောင်းနေတာကြောင့် ကျွန်တော် သူ့လက်သန်းလေးကိုပြန်ချိတ်လိုက်ကာ ကတိပေးလိုက်ရတော့တယ်။
ကျွန်တောသူ့နှာခေါင်းလေးကိုဖြစ်ကာ
*အလကား ကို့ကို စိတ်ပူတာက နဲနဲ မင်းလေးဆေးလိပ်နံ့မခံနိုင်လို့ ကို့ကို ဒီလိုလုပ်ခိုင်းတာမလား။ * လို့ပြောတော့
မြေကြီးကို ခြေထောက်လေး နဲ့ ကားစားနေရင်း ခေါင်းငုံ့ကာ ပြုံးနေတယ်။
*လူလည်လေး*
ကဲ ကိုတို့ တစ်ခုခုသွားစားအောင်လေ ။ထိုအခါမှ  Arthit တစ်ယောက် သူငယ်ချင်းတွေဆီ မျက်နှာကို နာရွက်ချိတ်မတတ်ပြုံးရင်း ဟေ့ကောင်တွေ ဗိုက်မဆာသေးဘူးလား
အော် ဟော် ကိုတော်လေး မေးတတ်တယ်နော် နာရီလည်းကြည့်အုံး သေမလိုဘဲ ဗိုက်တွေဆာနေပြီ Game ဆော့နေရင်း 
စိတ်မရှည်ဟန် off ကပြောလေသည်။ အေးအေး အာ့ဆို မင်းတို့ * ငါတို့Uni နားလေးက ပိုမွှေးချို ကို သွားနှင့်နော် ငါတို့ အခုဘဲနောက်က လိုက်လာမယ် * ဆိုတော့ Forth က ကျွန်တော့နားကပ်ကာ Arthit မြန်မြန်လိုက်လာခဲ့နော် မင်းကောင်က အသားယူလိုက်တာဆိုတာ မင်ဗိုက်မကြီးဘူးဆိုတာငါတို့သိပေမယ့် ငါတို့စိတ်မချဘူးဆိုကာ နောက်ဖြစ်အောင်နောက်သွားသေးသည်။*
Shit ! Ai Forth သေဖို့သာပြင်တော့ ဆိုပြီး ခြေထောက်နဲ့လှမ်းကန်တော့ ဆိုင်ကယ်ပေါ်ခုန်တက်ကာ ထွက်ပြေးသွားသည်။ စိတ်ချမယ်နော် ဟုက အော်ဖြစ်အောင်အော်လိုက်သေး။ အကိုကတော့ ဘာလဲဆိုပြီး ဆိုင်ကယ်ပေါ်ကာကြည့်တော့ * ဗိုက်ဆာလို့တဲ့ အမြန်လာခဲ့ လို့ပြောသွားတာ * ကျွန်တော်ညာပြောလိုက်တယ် သူတောင်းစားလေးပြောတဲ့အတိုင်းသား ပြောပြကြည့်ပါလား --
ဟုတ်သားဘဲနော် သူတို့တွေဗိုက်ဆာနေရောပေါ့ ဟီး အကိုက သူတို့ပါလာတယ်ဆိုတာတောင်မေ့တော့မလို့အကို့ကို ဘိုတော်လေးတစ်ယောက်က သြဇာသီးရောင်းနေလို့ စိတ်တွေညစ်နေတာလေ
ထိုအချိန် Arthit တစ်ယောက် ဆိုင်ကယ်ပေါ်တက်မည်လုပ်ပြိးမှ ပြန်ဆင်းပြီး
ခြေဆောင့်ကာ
*အား ------- လူကိုများဘိုးတော်တဲ့ မခေါ်ဘူးကွာ ခင်များကို ကောင်းစေချင်လို့ပြောတဲ့ဥစ္စာ စေတနာကို နားမလည်ဘူး နောက်လည်း ဘာမှမပြောဘူး ခင်းဗျားနဲ့လည်းဆိုင်ကယ် အတူမစီးတော့ဘူး သူငယ်ချင်းတွေဘဲ ဖုန်းဆက်ခေါ်မယ် *
ဆိုပြီး စောနက ထိုင်ခဲ့တဲ့ ခုံတမ်းဆီပြန်သွားဖို့ပြင်နေတာကြောင့် Kongpop ခင်ဗျာ ဆိုင်ကယ်ပေါ်က အမြန်ဆင်းကာ ကလေးရယ် ကိုက စတာကွာ စိတ်မဆိုးနဲ့နော် လို့လက်ကိုဆွဲကာချော့သော်လည်း ကိုတော်ချောက လက်ကိုသာခါချနေသည်။ Arthit ကရှေ့က ပိတ်ရပ်တော့လည်း နောက်ကိုလှည်ကာ တခြားတဘက်ကိုသွားဖို့ပြင် နေပြန်သည်။ နောက်ဆုံး လက်ကိုတင်းတင်းဆွဲက မျက်နှာချင်းဆိုင်လိုက်တော့ ခေါင်းငုံနေသည်။
*ကလေး ကို့ကိုကြည့်ကွာ ဒီလိုကြီးမနေပါနဲ့ ကို့အတွက်အဆင်မပြေဘူးလို့။*
အစကတော့ Arthit က စိတ်ကောင်ချင်ယောင်ဆောင်လိုက်တာပါ။ တကယ်တွေထင်ပြီး အတင်းတွေ လိုက်ချော့နေတာကြောင့် တဖြည်းဖြည်းနဲ့ moodတွေဝင်လာပြီး အရှိန်ပါသွားတာ။ငါသရုပ်ဆောင်တာတော်သားဘဲ အဟီး လုံးဝအကယ်ဒမီလျှော့ လို့တွေးမိပြီး ရယ်ချင်စိတ်ကိုက ထိန်းထားရင်းခေါင်းငုံ့ထားမိသည်။
*ခင်ဗျားဘဲ စိတ်ညစ်နေတာ မဟုတ်ဘူးလား ဒီလိုဘာမှ မပြောဘဲနေလည်းအဆင်မပြေပြန်ဘူးလား။*
တော်ပြီကလေးရယ် မဆိုးနဲ့တော့ကွာ။ မုန့်သွားစားမယ်နော် သူငယ်ချင်းတွေစောင့်နေရောပေါ့။
*မလိုက်ဖူးဗျာ ခင်ဗျား ကတိမပေးနိုင်လို့ ကလိမ်ကမာကျနေတာ *
Arthit နှုတ်ခမ်းလေးကို လက်ညှိုးဖိကပ်လိုကပြီး ကလေး ဒီလောက်ဆိုးရရင်တော်ပြီပေါ့ ကိုမင်းကို တကယ်ချစ်တယ်။ ကို့ကို ဒီလိုတွေအရွဲ့မတိုက်ပါနဲ့ ဆိုကာ Arthit ကိုလုံးလေးကို စွေ့ခနဲပွေ့ကာ ပုခုံးပေါ်တင်လိုက်ပြီး ဆိုင်ကယ်ရှိရာကို ဦးတည်သွားတော့ ခြေကားယားလက်ကားယားနဲ့ ကျောကုန်းကို လူယုတ်မာကြီးလို့ ထုရိုက်ရင်းအော်ဟစ်နေတော့တယ်
ဆိုင်ကယ်နားရောက်တော့ ဆိုင်ကယ်ပေါ်ကို Arthitကို တင်လိုက်ပြီး --------------------------------------------
ဒန်တန့်တန် နောက်တစ်ပိုင်း ဆက်ရန်။
Reader လေးတွေကိုကျေဇူးတင်ပါတယ်။အရမ်းတွေကြာသွားတယ်။ Idea ကောင်းလေးတွေရဖို့ စာတွေလည်း အများကြီးဖတ်ရင်း သူများ Fic တွေထဲက မထွက်လာနိုင်ဘူးဖြစ်နေလို့ပါ။
ဒီနေ့ ကလေးတွေ FM ကြည့်ရင်း လွမ်းလို့ ရေးဖြစ်သွားတယ်။

Online ChitthuWhere stories live. Discover now