အင်တန်မှ အသန့်ကြိုက်သော မောင်ကောင်းပေါ့သည်လည်း သူနဲ့တွေ့မှာ နှပ်တွေကို လက်တွေနဲသုတ်ပေး နေရ တော့တာ။တော်ပြီကလေး ရာ မျက်လုံးတွေစပ်နေမယ် ကြည့်အုံး ကိုယ့်လက်ထဲက မင်းနှပ်တွေကိုလဲဆိုတော့မှ မျက်လုံးရွဲကြီးတွေနဲ့ ရယ်နေပြန်တယ်။ ဟူးတော်သေးတာ ။တကယ့်ကလေးလေး။ သူ့နားနားကပ်ကာ ပြောမိတယ်။ ချစ်တယ်ကလေးရာ။
@@@@@@
part-18
ကဲ ကလေး မငိုနဲ့တော့ ။ ခု ကိုယ်တို့ဘယ်သွားကြမလဲ။
အန်တီအိမ်ပဲ ပြန်တော့မယ် လေ။ ညနေမှ သူငယ်ချင်းတွေနဲ့ ထပ်လည်ကျတာပေါ့ ။ ခုတော့ ကျွန်တော်ပင်ပန်းနေပြီ။
ဒါဆို ကို့ကို လမ်းပြောပြလေ။
အန်တီ အိမ်ရှေ့ရောက်တော့ အိမ်ထဲမ၀င်ပဲ အိမ်ရှေ့က သစ်ပင်အောက်မှာ ကျွန်တော် ဆိုင်ကယ်ရပ်လိုက်တယ်။ ကလေးက ဆိုင်ကယ်ပေါ်မှ ဆင်းကာ ကိုကို ပင်ပန်းနေပြီလား Hotel ပြန်နားတော့မလား လို့မေးလာတယ်။
ချစ်သူနဲ့ လျှောက်လည်နေရတာ ပင်ပန်းတယ်လို့ ရှိပါ့မလား ကလေးရာ ။ ဒါပေမယ့် ကို့ကို ပြန်စေချင်ရင်တော့ ကို Hotel ကိုပဲ ပြန်လိုက်တော့မယ်လေ။
အာ ဘယ်သူက ပြန်လို့ပြောနေလို့ လဲဗျာ ။ နားစေချင်လို့ဟာကို ။ ကဲ အိမ်ထဲဝင် မပင်ပန်းဘူးဆိုလဲ။အန်တီ အိမ်မှာ ရှိမယ်ထင်တာပဲ။ အိမ်ထဲရောက်တော့  အန်တီက ဧည့်ခန်းထဲတွင် မီးပူတိုက်ရင်း ရုပ်ရှင်ကြည့်နေသည်။
အန်တီ သားပြန်လာပြီ။
အေး သား အမွှေစိန်တွေလိုက်မလာဘူးလား ။ ထမင်းရောစားလာပြီလား။ ကျွန်တော့ကို လှည့်မကြည့်ဘဲ မေးလာသည်။
ဒီကောင်တွေ လိုက်မလာဘူးအန်တီရေ ။ အဆောင်ပြန်ကြပြီ။ သူတို့တွေနဲ့ အပြင်မှာ မုန့်စားလာတယ်။ ဒါနဲ့ အန်တီ သားမှာဧည့်သည် ပါလာတယ်။ ခုမှ အန်တီက မီးပူတိုက်တာရပ်ပြီး ကျွန်တော့ဆီကြည့်လာသည်။ အစ်ကို လာလေ ဆိုတော့မှ ကျွန်တော့နားလာရပ်သည်။ သားက ဧည့်သည်ပါလာတာလား အန်တီကိုလည်း ကြိုမပြောဘူးကွယ်။ သားတစ်ယောက်ပဲ ၀င်လာတယ်ထင်လိုက်တာကို ။ လာ လူလေးထိုင် ။ အန်တီ လဖက်သွားသုပ်လိုက်ဦးမယ်။ ကျွန်တော်တို့ နှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်မိကြသည်။ ရုပ်ရှင်ကို အကြည့်ပို့မိတော့ စိတ်တဇ လူသတ်ကား လာနေသည်။ သေစမ်း Arthit ရာ။ အန်တီက လည်းကွာ မီးပူတိုက်ရင်းတောင် ဒီကားကြည့်နိုင်တယ်.။ စိတ်ထဲက ရေရွတ်မိသည်။ ရှေ့က လူကိုလည်း ဘာစကား ပြောရမှန်းမသိလို့သာ ဖန်သားပြင်ကို ဆက်ကြည့်နေရသည်။ ငိုချင်လာပြီ။
မျက်စိရှေ့ က remote ကိုခပ်တည်တည်ပဲယူကာ ရုပ်ရှင် ကို ပိတ်လိုက်တော့ ကျွန်တော့ကို ကြည့်လာတဲ့ကလေး။ မနေတတ် မထိုင် တတ်တွေ ဖြစ်နေပြီလားကွာ။ လူသတ်ကားကို ကြည့်ပြီး မျက်နှာ အရောင်မျိုးစုံပြောင်းနေတဲ့ မျက်စိရှေ့ကပုံရိပ်လေးကို ဆက်ကြည့်ဖို့ သည်းခံနိုင်ခြင်းမရှိတော့။
ဘာလို့ မကြိုက်ဘဲ ကြည့်နေလဲ ကလေးရယ်။ ကိုကို လည်း စကားလေးပြောပါဦး။ ကိုအိပ်ငိုက်တော့မယ်။
ပြန်နားလို့ပြောတော့ မနားတာဘယ်သူလဲ။
ကိုမှ မင်းနဲ့ မခွဲချင်သေးတာပြန်စရာလား
ခင်ဗျားကိုတော့ တကယ်အရှုံးပေးတယ်၊ စိတ်ကြိုက်သာနေတော့
ခဏနေတော့ လဖက်ပန်းကန် ကိုင်ကာ အန်တီပြန်ရောက်လာသည်။ လူလေး လဖက်စားနော် အန်တီက ပန်းသီးရော စိတ်နေလို့ ကြာသွားတယ်ကွယ်ဟုဆိုကာ Arthit ဘက်တွင်ဝင်ထိုင်သည်။ ရော့ပန်းသီးရောစား ဆိုကာ Kong ကို ပေးလာသည်မို့ တစ်စိတ်ယူစားလိုက်သည်။ ကလေးကတော့ လဖက်ဇွန်းမချတော့။ သူလေးစာနိုင်သေးတယ် ကို့မှာတော့ အန်တီမေးခွန်းတွေ မမေးပါစေနဲ့သာ ဆုတောင်းနေမိသည်။ Hotel ပြန်လိုက်ရင် ကောင်းသားကွာ။ သို့သောလည်း Kong ရဲ့ ဆုတောင်းသည် မပြည့်ခဲ့ပါ။
လူလေးက ဘယ်ကလဲ ။ သား Arthit သူငယ်ချင်းတွေ ထဲ မမြင်ဖူးတော့လေ။ ကျွန်တော် ဘာဖြေရမှန်းမသိဖြစ်နေတုန်း ကလေးက အစ်ကိုက ပြင်ဦးလွင်က အန်တီ တကယ်တော့သူက သားချစ်သူပါ။ ပြောလည်းပြီးရော ခေါင်းလေးငုံ့သွားရှာသည့် ကလေးငယ်။ ခုချိန်မှာလေ ကျွန်တော်ခလေးကို ဘယ်လိုကျေးဇူးတင်သင့်မှန်းကို မစဉ်းစားနိုင်တော့ဘူး။သူ့အန်တီကို ကလေးက အမှန်အတိုင်းပြောတယ်ပေါ့။ ရူးရတော့မှလား ကလေးရယ်။အန်တီလေးက ကလေးပြောနေတာတွေ အမှန်လားဆိုတဲ့အကြည့်နဲ့ ကျွန်တောိ့ကိုကြည့်လာတယ်။ကျွန်တော်လည်း သူပြောနေတာ တကယ်ပါအန်တီ။Arthit ရယ် မင်းဘယ်တုန်းက ဖြစ်သွားတာလဲ ။ မင်းအမေတွေ သားအပေါ်ဘယ်လောက်မျှော်မှန်းလည်းသားအသိနော်။ ချစ်သူကလည်း ကောင်လေးဖြစ်နေတယ်။ မင်းတို့ သေချာရော စဉ်းစားပြီးပြီလားကွယ်။ ပြီးတော့ Arthit ရယ် မင်းဖေဖေ ဘယ်လောက်ဒေါသကြီးတာ မင်းအသိနော်၊ မင်းတို့ဇာတ်လမ်း သိပ်မကြာသေးဘူးမလား ခုရပ်လိုက်ရင်ကောင်းမယ်ထေင်တယ်။ စိတ်ကိုအလိုမလိုက်ကြပါနဲ့ကွယ်။ ကျွန်တော့ ကလေးကိုကြည့်လိုက်တော့ မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေပြီ။ ခေါင်းကလည်း ခုထိမော်မလာသေး။ ခုချိန်မှာ သူ့နဲ့ မျက်နှာချင်းဆိုင် ထိုင်မိတာကို နောင်တရမဆုံးဘဲ။ ဘေးချင်းကပ် ထိုင်မိရင် ရင်ခွင်ထဲထည့်ကာ အားပေးလို့ရနိုင်သည်မလား။
အန်တီ ကျွန်တော်တကယ်ပဲတောင်းပန်ပါတယ်ဗျာ။ကျွန်တော်တို့ ချစ်သူဖြစ်တာမကြာသေးဘူး၊ ကျွန်တော်တို့က ခုမှတွေ့ဖူးကြတာဆိုရင်တောင် ခုလုပ်နေတာတွေက အပျော်တမ်းလုပ်နေတဲ့ဟာတွေမဟုတ်ပါဘူး။ ကလေးကတော့မသိဘူး ကျွန်တော်က တော့ သူ့ကိုတစ်ဘ၀လုံးစာ ရည်ရွယ်ထားတာပါ။ မင်းတို့လူငယ်တွေက ခက်လိုက်တာကွယ်။အန်တီက မင်းတို့ကို နားလည်ပေးလို့ရပါတယ်။ gay couple တွေရဲ့ အကြောင်းကိုလည်း Tv အစီအစဉ်တွေ မှာ Fb ပေါ်မှာ မြင်ဖူးနေတာပဲ။ သားငယ်လေးရဲ့ မိဘတွေကတော့ အန်တီလိုမဖြစ်မှာစိုးတယ်။
မိဘဆိုတော့ ကလေးက အန်တီက မော့ကြည့်ကာ အန်တီ မေမေတို့ကိုမပြောပါနဲ့နော်။ သားကိုယ်တိုင်သူတို့ကို ဖွင့်ပြောပြမှာမို့ အဲ့အချိန်ထိ လျှို့ဝှက်ထားပေးပါလား။ သားတောင်းဆိုတာပါနော်။ ဟုတ်ပါပြီ အန်တီမပြောပါဘူး ဒါပေမယ့် သားစာတော့ကြိုးစားရမယ်၊လိမ်လိမ်မာမာနေရမယ် သားရောအန်တီ့ကိုကတိပေးလား။ ဟုတ်သားကတိပေပါတယ်။ ကဲသား Arthit မငိုနဲ့တော့။ ဆိုကာ ကလေးကို သူမရင်ခွင်ထဲထည့်လိုက်တယ်။ထိုအခါမှ Kong သက်ပြင်းချနိုင်တော့တယ်။
့ အကြာကြီးပစ်မထားတော့ပါဘူးလို့ ကတိပေးပါတယ်။
online ဖတ်သူများကို မလေးစားတာမဟုတ်ပါဘူးနော်၊။ ဘာမှ မဟုတ်ပေမယ့် တကယ်ကို ဆက်ရေးနိုင်ဖို့ တော်တော်လေးပြင်ဆင်ခဲ့ရတာပါ။ စာဖတ်သူများကို ကျေးဖူးလည်းတင်တယ်ပါတယ်၊ အကြာကြီးမှ ပေါ်လာရတဲ့အတွက် တောင်းပန်ပါတယ်။ one week one part ဖြစ်ဖို့စီစဉ်ထားပါတယ်လိုံ။
Wed မှာ စောင့်ပေးကြပါလိုံ ။ချစ်ယူအော!!!