Part 14

94 6 0
                                    

Online Chitthu
ရုတ်တရက် အသက်ရှူကျပ် လာသလို ရေဆလာသလို ဖြစ်လာပြီး မောဟိုက်လာပြီး Arthit လန့်နိုးလာသည်။သူ့အတွက် ထိုသို့ဖြစ်ခြင်းသည် အထူးအဆန်းတော့မဟုတ်တော့ပါ။မိဘများနဲ့ ခွဲအိပ်ရသောကြောင့်သာ။ Arthit သည် တစ်ဦးတည်းသောသားမို့ အသက် 17 နှစ်ပင်ရောက်နေပြီ ဖြစ်သော်လည်း၊ ယောက်ျားလေးတစ်ယောက်ပင်ဖြစ်သော်လည်း မိဘများနဲ့ အတူအိပ်နေပါသေးသည်။ ယခုကဲ့သို့ အိမ်နဲ့ ဝေးနေရချိန်မှာ တစ်ခါတစ်ရံ ယခုကဲ့သို့ မောဟိုက်ပြီးနိုးလာနေကြပါ။သူ့ကိုသူလည်း တကယ့်ကလေးလေးလို့ ခံစားမိနေပါသေးတယ် တစ်ယောက်ယောက်ကို ချစ်မိသွားပေမယ့်လို့ပေါ့။ ဘေးကနာရီလေးကြည့်လိုက်တော့ မနက်လေးနာရီဘဲရှိသေးတယ်။ဟူးအစောကြီးရှိသေးတာပဲ။မနက်ဖြန် ဟိုလူကြီးနဲ့ တွေ့ရတော့မှာပါလား။သူက ဘယ်လိုပုံစံမျိုးဖြစ်မလဲ( ကလေးက ခုထိ Kong ပုံကို မတွေ့ဖူးသေးတာပါနော် )။ ငါ့လိုရော ချောပါ့မလား။ သူဘယ်လိုဘဲဖြစ်နေပါစေ ကျွန်တော်ကတော့ သူတစ်ယောက်ကို ဘဲတစ်ဘ၀လုံးစာ ရည်ရွယ်ထားပါတယ်။ခင်ဗျားဟာ ဘယ်လိုလူမျိုးလည်း ဘယ်လိုပုံစံမျိုးလည်း ဆိုတာကိုတောင်ကျွန်တော်မသိပေမယ့်၊ ကျွန်တော်မှတ်မိသေးတယ် ခင်ဗျားကျွန်တော့ကို ဖွင့်ပြောတဲ့ညက " ခလေးကို တစ်ဘ၀လုံးစာ ရည်ရွယ်တာပါကွာ " ဆိုတဲ့စကားလေး ကျွန်တော်ယုံချင်ပါတယ်။မြန်မြန်မိုးလင်းပါတော့ဗျာ အရူးကြီးကိုတွေ့ချင်လှပါပြီ။
ပြတင်းပေါက်တွေမှတစ်ဆင့် အလင်းရောင်လေးတွေ အခန်းထဲသို့ ၀င်ရောက်လာကြသည်။ခေါင်မိုးပေါ်မှ ခိုလေးများရဲ့ တောင်ပံခတ်သည်တွေ တွတ်ထိုးသံတွေကြောင့် Arthit အိပ်ရာမှ နိုးလာသည်။မျက်လုံးနှစ်ဖက်ကို လက်နဲ့ပွတ်ကာ ကိုယ်ကိုလူးလှိမ့်နေလိုက်ရင်း ဖုန်းကောက်ကိုင်ကြည့်တော့ 7 နာရီထိုးပြီ။ ဟိုကောင်တွေဖုန်းဆက်နှိုးပြီး 8း 30 ရောက်လာဖို့ပြောတော့ off က အိပ်ရေးမ၀သေးဘူးဆိုကာဒီထက်နောက်ကျ လို့ရလား ဈေးဆစ်နေသေးသည်။ဟိုလူကြီးကိုလည်း ဖုန်းဆက်ဦးမှပါ။
A - hello အကို အိပ်ယာနိုးပြီလား
K - ခုမှ ကိုနိုးတာ ကလေးရယ်။ ကိုညကမင်းအကြောင်းတွေးနေလို့ တော်'' နဲ့ အိပ်မပျော်ဘူးသိလား။
A - inn ပါ။ ခုတော့ထတော့နော်။ ကျွန်တော် ၈း၃၀ လောက်လာခဲ့မှာ။အပြင်မှာစောင့်နေပေး။ ကျွန်တော်ဖုန်းဆက်မယ် ရောက်ရင်။
K - ကိုစောင့်နေမယ်နော်။
သူငယ်ချင်းသုံးယောက်လုံး အိမ်ရှေ့ကိုရောက်နေကြပြီဖြစ်သည်။ဒီနေ့မှ Arthit ဘာဖြစ်နေလည်းမသိတော့ မအီမသာကြီး ခေါင်းမူးတာလိုလို ဘာလိုလိုနဲ့။တကယ်တွေ့ရတော့မည်ဆိုတော့ စိတ်လှုပ်ရှားနေသည်။Knot ကိုလည်း ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲမသိဖြစ်နေလေသည်။ သူ့အကို တစ်ယောက်လို ဖြစ်နေသည်ပဲကို။off ရဲ့ အာဗြဲနဲ့အော်မှ Arthit ဆင်းလာသည်။မင်းကလည်း ကြာလိုက်တာကွာ ထွက်လာတော့လည်း အီးမှန်နေတဲ့ရုပ်နဲ့။ မင်းလင်ကို သွားမတွေ့ချင်လည်းနေလိုက်လို့ရနေတာပဲကို။Knot မကြားအောင် ခပ်တိုးတိုးနဲ့ နှိပ်ကွပ် နေလေသည်။
Forth နဲ့ off က ဆိုင်ကယ်တစ်စီး။ Knot နဲ့ Arthit က တစ်ယောက်တစ်စီးစီ ထွက်လာကြသည်။Hotel ရှေ့ရောက်တာ့ Arthit ဖုန်းခေါ်လိုက်ချိန် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနဲ့ လူတစ်ယောက်က လက်ဝှေ့ရမ်းပြသည်။ ပထမဆုံးအကြိမ် မြင်ဖူးခြင်း။ ထိုသူက တစ်ဖြည်းဖြည်းနဲ့ Arthit ရှေ့ရောက်လာပြီး ရပ်နေလိုက်သည်။ ခေါင်းတစ်လုံးစာ ပိုမြင့်နေသော ထိုသူပထမဆုံးပြောတဲ့ စကားက ကိုယ့်ကလေး က အပြင်မှာ ပိုချောတယ်တဲ့။
Arthit ဘာစကားမှ မဆိုမိသေး မျက်လုံးလေးအပြူးသားနဲ့ ပြန်ကြည့်နေမိတော့သည်။ ထိုသူက သူ့ချစ်သူပေါ့။အနည်းငယ် သူ့ထက်ညိုသောအသားအရေနဲ့ သူ့ရှေ့မှာ ရပ်နေတဲ့သူက သူ့မျက်စိထဲ မျှော်လင့်ထားသည်ထက် ပြည့်စုံနေပါသည်။သူ့ကိုချစ်တယ်လို့ပြောတော့ ဘယ်လိုလူပဲဖြစ်ပါစေ ထိုသူကို သူလက်ခံမည်ဟုတွေးထားပြီးသား။ နောက်ဆုံးအဆင့် မသန်စွမ်းသူတစ်ယောက်ဖြစ်နေရင်တောင် သူလက်ခံဖို့ စဉ်းစားထားပါတယ်။ခဏအတွင်းဖြစ်ပေါ်လာတဲ့ ၁၇ နှစ်သားလေးတစ်ယောက်ရဲ့ အချစ်က ထိုမျှအထိလေးနက်နေခဲ့တာကို သိရင် ထိုရှေ့ကကောင်လေး ခွဲသွားခြင်ပါတော့မလား။
ကလေးလေးဟာ ကျွန်တော့ကို မျက်လုံးပြူးလေးနဲ့ ကြည့်ပြီး ခဏတာငြိမ်သက်နေပါတယ်။ခပ်လှမ်းလှမ်းမှာတော့ကလေးရဲ့ သူငယ်ချင်းတွေဖြစ်ဟန်တူတဲ့ ကောင်လေးသုံးယောက်က စကားတွေတပြောပြောနဲ့ ကျွန်တော်တို့ကို ကြည့်မနေပါ။တစ်မင် မကြည့်ကြတာဖြစ်နိုင်ပါသည်။တစ်ကယ် ကျွန်တော့ ကလေးက ချစ်ဖို့ကောင်းတာပါဗျာ။ပုံထဲမှာထက် အဆများစွာ သာသော ထိုကောင်လေးရဲ့ချစ်သူဆိုတဲ့ ဖြစ်တည်မှုလေးကို ကျွန်တော် အရမ်းဂုဏ်ယူနေမိတယ်။ ခဏနေတော့မှ
အာ အကို ဘာစားပြီးပြီလဲ။
ကိုဘာမှ စားမထားဘူး ကလေးရဲ့ ကလေးတို့နဲ့ အတူတူစားမလို့လေ။
ဟုတ်ပါပြီ ဒါဆို ကျွန်တော်တို့သွားရအောင်လေ။ ဗိုက်ဆာနေပြီဗျ။ဗိုက်လေးပွတ်ရင်း ကလေးက ပြုံးပြီး စကားဆိုလာသည်။ ဖုန်းထဲမှာ အကြိမ်များစွာ စကားပြောဖူးသော်လည်း အပြင်မှာတော့ တမျိုးကြီးဖြစ်နေသေးပေမယ့် ကလေးပုံစံလေးကြောင့် အရမ်းကြီးတော့ စိမ်းမနေတော့ဘူးပေါ့။
အကိုဆိုင်ကယ်စီးတတ်တယ်မဟုတ်လား။ရော့ ကျွန်တော့ဆိုင်ကယ်စီးခဲ့ ဆိုပြီး သော့ရော ဥိးထုပ်ကို လှမ်းပေးနေသည်။
အင်း ကိုစီးတတ်ပါတယ်။ သွားကြမယ်လေ ဘယ်ကိုလည်းပြော။ ကျွန်တော့ဘေးရပ်နေရင်းမှ သူ့သူငယ်ချင်းတွေကို
Hey Guy! Lest's go to ' ever stand '. လို့ အော်ပြောလိုက်တော့ မျက်နှာ ပြောင်စပ်စပ်နဲ့ သူ့သူငယ်ချင်းတစ်ယောက်က ဟေ့ကောင် ခွေးသား ငါးပိသံနဲ့ မင်းလင်ရှေ့မှာ ဗိုလ်လိုမှုတ်မနေနဲ့ " ပစ်တိုင်းထောင်လို့ "ပြောရင် မြွေကိုက်သွားမှာမို့လား တဲ့။ ပြီးတော့မှ ကျွန်တော့ကိုကြည့်ကာ အကို ကန်တော့နော်ဆိုကာ သွားဖြဲပြပြီး အရှေ့ ကသူ့သူငယ်ချင်းကို မင်းကလည်း သွားတော့လေကွာ ဟိုကောင်က ငါ့ကိုလာရိုက်တော့မယ်ဆိုကာ သုံးယောက်လုံး ဦးဆောင်ထွက်သွားကြလေသည်။
ကလေးသူငယ်ချင်းတွေက တကယ်ခင်ဖို့ကောင်းတာပဲ။
အကို သူတို့အကြောင်းတကယ်မသိသေးလို့ပါဗျာ။ စောနက နောက်နေတဲ့တစ်ယောက် ကoff တဲ့ ။ သူ့ရှေ့ကဆိုင်ကယ်စီးသူကတော့ forthလို့ခေါ်တယ်။တစ်ယောက်ထဲ ရပ်နေတဲ့အကို ကတော့ knot သူကကျွန်တော်နဲ့ ဇာတိတူတယ်။ ကျွန်တော် အကို့ကို မိတ်ဆက်ပေးဖို့မေ့သွားတာပဲ ဆိုင်ရောက်ရင် သူတို့နဲ့ တရားဝင်မိတ်ဆက်ပေးမယ်နော်။
Kong တစ်ယောက် မိန်းခလေးမဟုတ်သောညား အရမ်းချစ်ဖို့ကောင်းနေတဲ့ ချစ်ရသူကောင်လေးကို ဆိုင်ကယ်နောက်ကတင်ကာ ရင်တွေအရမ်းခုန်းနေလို့ ပုံမှန်ထက်ဆိုင်ကယ်စီးရတာ ခက်နေသည်။ခလေး ဆိုင်ကဘယ်နားမှာလဲ ကိုမသိဘူးနော်။
ရှေ့နားရောက်ရင် ကွေ့လိုက်။အာဇာနည်လမ်းပေါ်မှာလေ။လမ်းရဲ့အနောက်ဘက်ခြမ်းမှာ။ ဟိုမှာတွေ့လား သူတို့ဆိုင်ကယ်ရပ်ထားတယ်။
ဆိုင်ထဲဝင်တော့ ဟိုကောင်တွေက လက်လှမ်းပြတယ်။ Forth က ကြာထာကွာ မင်းတို့ကလည်းဆိုတော့ off က တော့ထုံးစံအတိုင်း ငါတို့ကို ပထုတ်ခဲ့ပြီလားလို့တောင်ထင်နေတာ။ Arthit ကလည်း ခွေးသား မင်းလိုမှတ်နေလားဆိုတဲ့ပုံနဲ့ ပြန်ကြည့်လိုက်တယ်။ ခုထိ ဘာစကားမှ မပြောသေးတဲ့ knot ကတော့ ကိုကို့ ကို အကို ညီတို့စားဖို့အတွက်တော့မှာထားပြီးပြီ အကို့အတွက်ပဲ ကျန်တော့တယ် ဘာမှာမလဲတဲ့
ဟို ကလေးရော ဘာစားမလဲ မေးတော့ Knot ကဘဲပြန်ဖြေရှတယ်။ဒီကောင်က ဒီဆိုင်မှာဆို မုန့်တီဘဲ စားတာ အစ်ကို သူ့အတွက်က ကြိုမှာထားတယ်။ ကလေးက ဟုတ်တယ် ဒီဆိုင်က မုန့်တီကpkuမှာ အကောင်းဆုံးလေ တခြားဟာတွေလည်းအစုံရပါတယ် အစ်ကိုဘာစားမလဲ။ ကိုလည်း မုန့်တီဘဲ စားတော့မယ်။ waiter လေးကို မုန့်တီနောက်တစ်ပွဲနဲ့ ရေဗူးမှာနေလေသည်။သူငယ်ချင်းတွေနဲ့လည်း မိတ်ဆက်ပေးလေသည်။Arthit မနက်ကတည်းက မအီမသာ ဖြစ်နေတာကြီးက ပိုဆိုးလာတယ်။ ရင်ဖတ်ထဲကလည်းတစ်မျိုးကြိးဘဲ တစ်ခါတစ်ခါ အသက်ရှူရတာတောင် ပင်ပန်းနေသလို။ မုန့်တီကို မစားဘဲ မွှေနှောက်နေလေသည်။ ခေါင်းကြီးစောင်းကာ တချက်ချက် လှည့်ကြည့်နေသောကြောင့် သူ့ကလေးပုံစံမမှန်တာ သတိထားမိသွားသည် ကလေး စားလို့မကောင်းတာလား။သူ့အမေးကြောင့် ဟိုသုံးကောင်ပါကြည့်လာသည် အာ မဟုတ်ပါဘူး အကိုရာ ကျွန်တော် ဘာဖြစ်နေမှန်းမသိဘူး ခေါင်းမူးသလိုလိုကြီး မုန့်တီကြောင့်လားမသိ။ Knot က ဘယ်လောက်မှလည်းမစားရသေးဘူးလေ အရင်ကဆို နှစ်ပွဲလောက်တောင်မင်းစားတဲ့ဟာ။အမြဲတမ်းနောက်ပြောင်နေတဲ့ off ကတောင် စိတ်ပူတဲ့ရုပ်နဲ့ ကြည့်နေလေသည်။ ကလေး နေမကောင်းရင် ဆေးခန်းသွားမလားဟင်။ စားရတာ အဆင်မပြေရင်လည်း မစားနဲ့တော့လေ။forth က ဆေးခန်းမသွားရင်လည်း တစ်နေရာရာမှာ နားနေပါလား။ ဟုတ်တယ်ညီပြောသလိုပဲ ကလေး အန်တီအိမ်ပြန်နားမလား။ရပါတယ်ဗျာ ဒီလောက်ထိမလိုပါဘူး။ကဲ မြန်မြန်စားကြ ပြီးရင် မြကန်သာပန်းခြံသွားကြတာပေါ့။

Online ChitthuWhere stories live. Discover now