မိဘဆိုတော့ ကလေးက အန်တီက မော့ကြည့်ကာ အန်တီ မေမေတို့ကိုမပြောပါနဲ့နော်။ သားကိုယ်တိုင်သူတို့ကို ဖွင့်ပြောပြမှာမို့ အဲ့အချိန်ထိ လျှို့ဝှက်ထားပေးပါလား။ သားတောင်းဆိုတာပါနော်။ ဟုတ်ပါပြီ အန်တီမပြောပါဘူး ဒါပေမယ့် သားစာတော့ကြိုးစားရမယ်၊လိမ်လိမ်မာမာနေရမယ် သားရောအန်တီ့ကိုကတိပေးလား။ ဟုတ်သားကတိပေပါတယ်။ ကဲသား Arthit မငိုနဲ့တော့။ ဆိုကာ ကလေးကို သူမရင်ခွင်ထဲထည့်လိုက်တယ်။ထိုအခါမှ Kong သက်ပြင်းချနိုင်တော့တယ်။
Part 19
Online Chitthu
ကလေးရဲ့ အန်တီကို ကျွန်တော် တကယ်ကိုကျေးဇူးတင်မိပါတယ်။ ဒီလို rs တစ်ခု ကို လက်ခံဖို့ဆိုတာ လွယ်တဲ့ကိစ္စ မှ မဟုတ်တာ။ အန်တီက လက်ခံတယ်လို့တော့လည်းပြောလို့မရပါဘူးလေ။ ကျွန်တော်တို့ကို ရပ်လိုက်ဖို့ ပြောခဲ့သေးတယ်မလား။ နှစ်ယောက်လုံးက ပြောမရမည့်ပုံမို့သာ ။ ခုခောတ်ကလေးတွေက တားလေပိုဆိုးလေ ဖြစ်နေတာကိုသူမ ကောင်းကောင်းသိပုံ။
ဒီတိုင်းလေးပြီးသွားတာ တော်သေးသည်။ ကျွန်တော့ကလေး ဒီနေ့ ကျွန်တော့ အတွက်နဲ့ငိုရတာ နှစ်ခါတောင်ရှိပြီမလား
ကိုကို ကိုကို သွားမယ်လို့
အော် ကလေး ပြီးပြီလား ။ ကလေးရေချိုးတာကို စောင့်နေရင်း အတွေးလွန်နေမိတာ ။ အသံလေးကြားမှ ကြည့်လိုက်တော့ ကြက်သွေးရောင် အင်္ကျံလေးကို short pant အဖြူလေးနဲ့တွဲဝတ်လာတာ။ ခြေသလုံးလေးတွေက ဖြူဖွေးလို့။ ဒီလောက် ချစ်ဖို့ကောင်းဖို့်လိုလို့လား။
ဒီလူနဲ့တော့ခက်ပြီ ခေါ်တော့လည်းတော်တော်နဲ့မကြားဘူး ။ လူကိုလည်းကြည့်နေလိုက်တာဆိုတာ။ ကျွန်တော့ ခြေသလုံးတွေကို အကြည့်ရောက်တော့ မျက်လုံးတွေက အရောင်ပြောင်းနေပြီ
ခေါ်နေတာကြာပြီ ဗျ ဟိုကောင်တွေ စောင့်နေကြတော့မယ် သွားစို့
နေဦးကလေး ကိုယ့်အတွက်နဲ့အင်္ကျံအသစ်တွေဝတ်စရာမလိုဘူးနော်။
ဘာရယ် ကိုကိုဘာပြောလိုက်တာလဲ
ဟိုမင်းအ၀တ်စားသွားပြန်လဲပေးလို့ရမလား ။