Part 8

127 5 1
                                    

Online Chitthu

Kong Pov
ကျွန်တော် ညက ချာတိတ်လေးနဲ့ဖုန်းပြောထားတာနောက်ကျလို့ အိပ်ရေးကမဝ။ဖုန်းချပြီးသည့်တိုင် သူ့အကြောင်းကို အတော်ကြာသည်အထိတွေးနေမိသည်မို့ ဆို ပိုမှန်ပါလိမ့်မည်။သူဘာလို့ငိုရတာလည်း ဆိုတာကိုခုထိကျွန်တော်နားမလည်သေး။အလုပ်ထဲရောက်မှပဲAimကိုမေးတော့မယ်ကွာ ဆိုပြီးထွက်လာခဲ့လိုက်သည်။
နေ့ခင်းထမင်းစားချိန်
"Aim ငါမင်းကိုမေးစရာရှိတယ်"
" ဆိုစမ်းပါအုန်း မင်းလိုပါရဂူက ဘာများ စားနေလဲဆိုတာကို"
"ညက ထုံးစံအတိုင်းငါ့babyနဲ့ phပြောတယ်ကွာ ငါဖုန်းပိတ်ထားလို့ဆိုပြီးငို နေပါရော ငါတစ်ရက်လေးပဲပိတ်လိုက်တာပါကွာ ဒါကိုသူကလွန်းလို့ဆိုပြီးငိုနေတာ "သူငါ့ကိုလွန်းတာပျော်ပေမယ့် သူငိုတာတော့ငါမကြည့်ရက်ဖူးကွ။ပြီးတော့ သူကဘာလို့ငိုရတာလဲ ငါမစဉ်းစားတတ်တော့ဘူး။
kong မင်းကလေးက ယောက်ျားတော့ဟုတ်ရဲ့လားကွာ ဒီလောက်လေးနဲ့ငိုရအောင်။
ဟုတ်ပါတယ် Aimရယ်။
မင်းခလေးလည်း မင်းလိုပဲချစ်နေလို့နေမှာပေါ့။
"မင်းပြောသလိုဆိုရင်တော့ကောင်းတာပေါ့ကွာ ဒါပေမယ့် အဲဒီလိုမဟုတ်မှာငါစိုးရိမ်တယ်။ပြီးတော့ ယောက်ျားလေးတစ်ယောက်ကိုသူ့ချစ်ပါ့မလား။ငါတောင် ကိုယ့်ဘာသူခက်ခက်ခဲခဲလက်ခံထားရတာ သူ့ကိုချစ်နေတယ်ဆိုတာ"
"သေချာသွားအောင် မင်းဖွင့်ပြောသင့်တယ်မထင်ဘူးလား kong"
ငါဖွင့်ပြောလိုက်လို့ သူငါ့ကိုငြင်းရင် ငါခံနိုင်ရည်ရှိမှာမဟုတ်ဖူးကွ ညကသူငိုတာတောင် ငါ့မှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေတာ။ဒီကောင်းလေးနဲ့ များဝေးသွားရင် ငါဆိုတဲ့ကောင်အရူးမီးဝိုင်းဖြစ်မှာ။
"ဒါဆို မင်းကဒီတိုင်းနေတော့မှာလား။ချစ်တတ်တာလည်းမင်းအပြင်မရှိဘူး စစ်မရောက်ရင် မြှားကူန်နေတာကလည်းမင်းပဲ။မင်းမပြောလိုက်လို့နောင်တရနေမှာထက်စာရင် မင်းကြိုးစားကြည့်သင့်တယ်။ ငါ့အထင်ပြောရရင် 50%လောက်တော့ မင်းကိုကျွေနေတယ်ထင်တာပဲ။ မင်းစဉ်းစားကြည့်လေ ယောက်ျားလေးတစ်ယောက်က တော်ရုံမျက်ရည်ကျလေ့မရှိဘူး ဒီကိစ္စလေးအတွက်သူငိုနေတယ်ဆိုတာ မင်းကို အကိုတစ်ယောက်လိုပဲသူသောထားတယ်ထင်နေလား။မင်းကို ချစ်နေလို့ပဲနေမှာ။( shipper Aim)
ငါသူ့ကိုအရမ်းချစ်မိနေတယ် သူ့မျက်နှာကိုမမြင်သေးတာတောင်မှပေါ့။ငါသူ့ကိုဆုံးရှုံးမခံနိုင်ဘူးကွာ။ငါကြိုးစားကြည့်မယ်။ ကျေးဇူးပါAimရယ်။
ပြောစရာမှမလိုတာ kongရာ မင်းသာအဲ့ကောင်လေးကိုရအောင်လိုက်။
>>>>>>>>>>>>>>>>>>>>>>>>
Kong တစ်ယောက် အလုပ်ကတက်ကြွတဲ့ခြေလှမ်းနေနဲ့ပြန်လာခဲ့သည်။တစ်နေ့လုံးရင်ခုန်သံတွေကလည်း ဗြောင်းဆန်နေသည်။ ရေချိုး ထမင်းစားပြီး ဒယ်ဒီကိုနှုတ်ဆက်ကာ အခန်းထဲဝင်လာပြီး ph ကို ကိုင်လိုက်ချလိုက်  အိပ်ယာပေါ်အိပ်လိုက် လမ်းလျှောက်လိုက်နဲ့ 10နာရီပင်ခွဲပြီ ကျွန်တော် ခလေးကို ဖုန်းမဆက်ရဲသေး။သူသာငြင်းရင် ဆိုတဲ့အတွေးက ဖုန်းခေါ်ဆိုမှုကို တားမြစ်နေသည်။နောက်ဆုံးမှ ဆုံးဖြတ်ချက်ချကာ ph callလိုက်တော့ ကျွန်တော့ကလေးက အိပ်ချင်မူးတူးသံနဲ့ phကိုင်လေသည်။နာရီကြည့်တော့ 11ရှိနေပြီ။
"ခလေး အိပ်နေပြီလား"
" ဟုတ် ဒီနေ့ကျွန်တော် အင်း ကျွန်တော်လေအစောကြီးအိပ်ချင်နေတယ်" ချစ်လိုက်တာ ဒီအသံလေး။ စကားလုံးတွေက လေးတွဲက မပြီမပြင်လေးဖြစ်နေသည်။ ကို့ကို သိပ်ပြုစားနိုင်တာပဲ ခလေးရယ်။
"ခလေးအိပ်ချင်နေရယ် phချလိုက်တော့လေ ကိုနောက်မှပြောတော့မယ်"
" ဟာ မဟုတ်တာ ရပါတယ် အကို ဘာပြောစရာရှိလို့လည်းဟင်"
အကိုပြောမယ့်စကားက အရေးကြီးတယ် ခလေးက အိပ်ချင်နေတာဆိုတော့အဆင်မပြေလောက်ဖူး။
ကျွန်တော်က သူ့ကိုချစ်ခွင့်ပန်မလို့ ကို အိပ်ချင်နေသည်တဲ့လေ။ကျွန်တော်ပြောပြီးမှ အိပ်ချင်နေလို့မသိလိုက်ဖူးဆို ဒီကကောင်သေမှာ ဒါကြောင့်နောက်မှပြောမလို့လုပ်တော့
"ဒါဆိုအကိုခဏစောင့်နေ ကျွန်တော်မျက်နှာသွားသစ်လိုက်မယ် PH ကိုင်ထားနော် ခဏလေးပဲတဲ့လေ"။
သူ့စကားလုံးတိုင်းကအမိန့်လိုဖြစ်နေတော့ ကျွန်တော် မောင်ကောင်းပေါ့သည်လည်း အင်းတစ်လုံးချကာ ထိုင်စောင့်နေရတော့တာပေါ့ဗျာ။
>>>>>>>>>>>>>>>>
Arthit pov
ကျွန်တော် ဖုန်းသုံးရင် အိပ်ပျော်သွားသည်။နားထဲ အသံကြားတာကြောင့် phကိုင်လိုက်တော့ ကျွန်တော့အကိုဆီက သူ့အသံကလည်း ပုံမှန်မဟုတ် လုပ်ပြောနေရာမှ အနည်းငယ်တုန်နေတာကို ကျွန်တော်ငိုက်နေရင်းမှ သတိထားလိုက်မိသေးသည်။ပြောတော့လည်း အရေးကြီးစကားပြောစရာဆိုတာနဲ့ မျက်နှာသစ်ဖို့ ရေချိုးခန်းဝင်လာရင်း ဒီလူ ဘာစကားပြောမလို့ဘာလိမ့် ရည်းစားစကားများလား တွေးမိတွေးရာ တွေးရင်း ရင်ဘတ်ထဲဘာဖြစ်သွားမှန်းမသိတော့။ ခြေလှမ်းတွေမှားလှမ်းမိသည်အထိ။ (သိပ်ပိုတာပဲဟယ်)
ကျွန်တော်ပြန်လာတော့ ဖုန်းကကိုင်ရက်သားရှိနေသေးသည်။
"အကို အကို ပြောလို့ရပြီ"ကျွန်တော်သာပြောနေရတာ အကိုကတော့ဘာမှပြန်မပြော ဟင်သူအိပ်ပျော်သွားတာလားလို့တွေးမိပြီး
"အကို အိပ်ပျော်သွားပြီလား ဒါဆိုကျွန်တော် ဖုန်းချ-----"
"ခလေးကို ကိုချစ်နေပြီ"ပြောမည့်ပြောတော့လည်း ကျွန်တော့လူက အဲလိုကဗျာဆန်ဆန်ပြောတာဗျ။ကျွန်တော်လည်း မသိချင်ရောင်ဆောင်ကာ အကိုကလည်းအရေးကြီးစကားဆိုလို့ ကျွန်တော်က ဘာများလည်းလို့ ကျွန်တော့ကိုချစ်လို့ရပါတယ်။ကျွန်တော်လည်း အကိုတစ်ယောက်လိုချစ်နေတာပဲကို။
>>>>>>>>>>>>>>>>>>>
KONG POV
ကျွန်တော်သူအလာကိုထိုင်စောင့်နေရင်းငါ့ကိုမငြင်းဘာနဲ့လို့သာ ပုတီးစိတ်နေတုန်း ခလေးကဖုန်းပြောနေတာမကြားလိုက်ဖူးလေ။ ဖုန်းချလိုက်တော့မယ်ဆိုမှ သတိပြန်ဝင်လာရကာ ပါးစပ်ကထွက်သွားသည်က * ခလေးကို ကိုချစ်နေပြီ*တဲ့။ဒါကို စောက်ခေလေးက ချစ်လို့ရပါတယ်ကျွန်တော့ကိုအကိုတစ်ယောက်လိုချစ်တယ်တဲ့လေ။ဒါလူကို သက်သက်ညစ်တာ စိတ်ထဲမှာသာပြောလိုက်မိသည်။ အပြင်ဖွင့်ပြောကြည့်ပါလား ဒီထက်ညစ်ပတ်တာတွေ လာမှာကျွန်တော်သိနေတယ်။ကျွန်တော်လည်းဒီငအူလေးကို ထပ်ပြီးအဆိုတင်သွင်းရတော့တာပေါ့ဗျာ။
"ဟာ ခလေးလူကြီးကိုမနောက်နဲ့ကွာ ကိုက ချစ်သူတစ်ယောက်လိုချစ်တာ။ မင်းအသံလေးကို ကိုစွဲလန်းသွားတာ။မင်းငိုတဲ့နေ့က ကိုရူးမလိုစိတ်ညစ်ခဲ့ရတာ။ ( သူပဲ သူ့ကိုလွမ်းနေလို့ ဆိုပြီးပျော်နေတာမဟုတ်ဖူးလားဟင် သာသာမသိတော့ဘူး)
ခလေးရော ကို့ကိုချစ်လားဟင်။ ကိုဒီလိုပြောလို့ပ ကို့ကိုအထင်သေးသွားပြီလားဟင်။ မင်းအကြောင်းကို ကိုဘာမှလည်းမသိဘူး နောက်ပြီး မင်းကယောက်ျားလေးတစ်ယောက် ဒါပေမယ့် ကိုမင်းကို အရမ်းချစ်နေတယ်။ခလေးရယ် ကိုကယောက်ျားတွေကိုကြိုက်တဲ့သူလည်းမဟုတ်ပါဘူး မင်းဆိုတဲ့ချာတိတ်လေးကိုမှကို ချစ်သွားတာပါ။မင်းကပဲ ကို့ကို ပျော်ရွှင်လာအောင် ဝမ်းနဲလာအောင် ခံစားချက်ပေါင်းစုံကို ခံစားအောင်ဖန်တီးနိုင်တာပါ Babyရယ် ကို့ကို ကျေးဇူးပြု၍အငြင်းပါနဲ့နော်။

Online ChitthuWhere stories live. Discover now