Part 13

94 8 0
                                    

Online Chitthu
A- ဒါဆို မနက်ဖြန်ဆိုရင်ရော
K- တကယ်လား ကိုတကယ်လာမှာနော်
A - Inn
ကျွန်တော် ညနေ ၄ နာရီ ကားစီးလာသဖြင့် Pakokku ရောက်တော့ 10 နာရီပင်ထိုးတော့မည်။အိမ်က ကားယူလာရင်ဒီလောက်ပင်ပန်းမည်မဟုတ်။ အခုတော့ အချိန်လည်းလင့်နေပြီမို့ အသည်းနဲ့ မနက်ဖြန်မှ တွေ့ရတော့မည်။မနက်ဖြန်က တနင်္ဂနွေမို့ ကလေးက ကျောင်းသွားဖို့ မလိုတော့ဘူး။ကျွန်တော်ကတော့ တနင်္လာ၊  အင်္ဂါခွင့် ယူလာခဲ့သည်။မင်းသားလေးကို ရောက်ကြောင်း သံတော်ဦးတင်ရပေအုံးမည်။
K - ကလေး ကိုကို ရောက်ပြီ
A - အခုဘယ်မှာလဲ လာကြိုပေးရမလား။
တကယ်ကြီးသူလာခဲ့ တာပဲ မနေ့ညက ပြောတာ တကယ်မထင်ခဲ့ဘူး။ ကျွန်တော်က ဒီအတိုင်းဘဲ ဘယ်တော့လာတွေ့ မလဲမေးလိုက်တာ။ တကယ်တွေ့ရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ
K - လာမကြိုနဲ့တော့ ကလေး ကို Hotel ကိုရောက်နေပြီ
A - လိပ်စာပြောလေ ကျွန်တော် မနက်ဖြန် လာကြိုရအောင်
K – “ ရတနာဆင် ’’ Hotel
A - ဟုတ် ကျွန်တော်သိတယ်။ “ ပေါက် ” လမ်းဘေးမှာ။ အခု ကိုကို နားတော့လေ မနက်ဖြန် ကျွန်တော်လာတွေ့မယ်။ သူငယ်ချင်းတွေရော ပါမှာနော်။ ခင်ဗျား ပိုက်ဆံပိုထည့်လာခဲ့။
K- ဟင် အဆန်းကြီးပါလား။ အိမ်ရှင်က ဘယ်သူလဲဟင်။ ပြီးတော့ ရည်းစားနဲ့ date မှာကို သူငယ်ချင်းတွေ ကပါအုံးမယ်။
A- အဲ့တော့ ဘာဖြစ်လဲ။ မကျေနပ်ဖူးလား။
ကျွန်တော့မှာတော့ သူနဲ့တွေ့ဖို့ အတော်လေးကြိုးစားခဲ့ရတာ။အလုပ်ရှုပ်နေတုန်း ခွင့်ယူလို့ ရစ်ခံခဲ့ရတယ်ဆိုတာ။ကောက်စိန်က အမြစ်တော်ရှလို့ မတွေ့တော့ဘူးဆိုမှဖြင့်  ကိုအရမ်းတွေ အားငယ်နေပါပြီ။
K - ကိုက စတာပါစွာတေးရယ်။ သူငယ်ချင်းတွေလည်းခေါ်ခဲ့နော်။စားချင်တာတွေလည်း စဉ်းစားထား။
A  - ပြီးရော။ မနက်ဖြန်မှ တွေ့မယ်ဗျာ။ ဒါပဲ Bye
ကောင်လေးတစ်ယောက်ကတော့ စားစရာတွေ။ သွားလည်ရမည့်နေရာတွေအကြောင်းတွေးရင်း အိပ်ပျော်သွးပေမယ့်။ဖုန်းထဲက  ဆွယ်တာအ၀ါလေးနဲ့ ဖြူစွတ်နေတဲ့အကောင်ပေါက်လေး ( part 10 ) ကြောင့်အိပ်မရနေသူလည်းရှိနေလေရဲ့။

Online ChitthuWhere stories live. Discover now