Online Chitthu
Arthit ကိုကိုရေ ကိုကို့ကို အရမ်းချစ်တယ်။
>>>>>>>>>>>
#Arthit
ကျွန်တော်တို့ ဒီလိုနဲ့ချစ်သူတွေဖြစ်သွားကြတယ်။လိုင်းပေါ်က သတင်းတွေဖတ်ရတာလည်းစိတ်ကောင်းစရာကမရှိလှဘူး။ဘယ်မြို့မှာ ဘယ်ကောင်မလေးက လိုင်းပေါ်ကကောင်နဲ့တွေ့ပြီး ဘယ်လိုအနိုင်ကျင့်ခံတယ်ဆိုတာတွေ။လိုင်းပေါ်ကတွေ့တဲ့ကောင်က ရောင်းစားလိုက်တာတဲ့ ဆိုတဲ့သီတင်းတွေ ပုံတွေနဲ့တကွ မမြင်ချင်မှအဆုံးပဲ။ကျွန်တော် သူ့ကိုယုံပေမယ့် တစ်ခါတစ်ခါကြ တွေးလိုက်တိုင်းရင်မောမိသည်။ကျွန်တော်မှားသွားပြီလား။ဒီလိုမျိုးဖြစ်သင့်ရဲ့လား။လားပေါင်းများစွာ တွေးနေမိတုန်း ကိုကို့ဆီက ဖုန်းဝင်လာသည်။
ကျွန်တော့ကိုကိုဆိုသည်မှာလေ တစ်ခုပြီးတစ်ခု ကျွန်တော့ကို ဂျီမကြရရင်စားမဝင်အိပ်မပျော်ဘူးလားမသိ။
#Kong
baby ကိုပြောစရာရှိလို့။
A-ပြောလေ
K-ခလေးရယ် ကို့မှာလည်းသနားစရာလေးနော်။ ကိုယ့်ချစ်သူရဲ့ပုံလေးတောင်မမြင်ဖူးဘူး။
A-ဟွန့် ဘာများလဲလို့။ပုံကအရေးကြီးလား။တစ်ယောက်နဲ့တစ်ယောက်ချစ်နေရင်ရပြီပဲကို။ပြီးတော့ ကျွန်တော်ကရုပ်ဆိုးတယ်။ ခင်ဗျားကျွန်တော့ကိုမြင်ပြီး ထားခဲ့ရင်ဘယ်လိုလုပ်မလဲ။
K-baby ရယ်ကို့အချစ်ကိုအထင်သေးလှချည်လား။ကိုတို့က lineပေါ်ကတွေ့ခဲ့တယ်ဆိုပေမယ့် ကိုမင်းကိုမြတ်မြတ်နိုးနိုးနဲ့ချစ်တာပါကွာ။မင်းက ဘယ်လိုရုပ် ဘယ်လိုလူပဲဖြစ်ဖြစ်ကိုတစ်ဘဝလုံးစာရည်ရွယ်ထားတယ်လို့ ကိုပြောပြီးပြီလေ။ကို့ကိုသနားပါနော် ကိုယ့်ချစ်သူလေးကိုမြင်ချင်တာ တစ်ပိုင်းသေနေပြီ။
A- inn ဒါဆိုပို့ပေးထားလိုက်မယ်နော်။
ကျွန်တော်အိပ်မပျော်နိုင် သူပို့ပေးထားတဲ့ပုံကိုကြည့်နေမိသည်။ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင်ကောင်းလွန်းနေတဲ့လိုင်းကြောင့်ပုံက မမြင်ရသေး။ကျွန်တော်နေ့လည်က ပင်ပန်းတာကြောင့်အိပ်ပျော်သွားသည်။ ကျွန်တော်နိုးလာတော့ တွေ့လိုက်ရတဲ့ပုံကြောင့် စိတ်ညစ်သွားမိသည်။ကလေးကျွန်တော့်ကို ဂျင်းထည့်လိုက်ပြန်ပြီ။ပုံထဲမှာ ကောင်လေးက အသားလေးကဖြူစွတ်လို့ ဘောင်းဘီရှည်အနက်ကို ဆွယ်တာအဝါလေးနဲ့။ပို့ထားတာ သူ့ပုံမဟုတ်ဘဲ ဘယ်က ကိုရီးယားမင်းသားပုံပို့ထားရတာလဲကွာ။ဒီကိစ္စဒီအတိုင်းမထားဘူး ခုချက်ချင်းဖြေရှင်းမှ။
#Arthit
*ဝေးဝေးသွားလို့မရအောင်ချစ်ရယ်ဖက်ထားချင်တယ်
မင်းရဲ့အပြုံးနုလေးရဲ့ဝေးမှာ ကိုယ်ကြောက်နေတယ်
ခြေလှမ်းလေးလှမ်းလိုက်တိုင်းမှာ အရပ်ကလေးကိုကိုလိုက်နေမယ် သိချစ်တာသူသိပါကွယ်*( ဝက် ringtone )
A-ဟဲလို အမိန့်ရှိပါခင်ဗျာ( အိပ်ချင်ပါပြီဆို ခေါ်ပြန်ပြီ ရည်းစားထားရတဲ့ကောင်းကျိုး)နှစ်နာရီတောင်ခွဲတော့မယ် ဘာပြောမို့လဲ။မနက်ဖြန်အတန်းထဲငိုက်ရင် ခင်ဗျားအပြစ်နော်။( ဝက်စိတ်ဆိုးရင် ကိုကိုကနေ ခင်ဗျားဖြစ်သွားရော )
K- မင်းကို့ကို ဘယ်ကမင်းသားပုံတွေပို့ထားတာလဲ။မင်းဒီလောက်လေးတောင်ငါ့ကိုမယုံတာလား။
A-ဟင် ဘယ်ကမင်းသားရမှာလဲ ကျွန်တော့်ပုံကိုပဲပို့တဲ့ဟာကို။ခင်ဗျားကြီး ပြဿနာမရှာနဲ့နော်။
* ဟုတ်တယ်လေ ကျွန်တော်က ကျွန်တော့ပုံပဲပို့တာကို ဘာတွေလာပြောနေမှန်းမသိဘူး။ကျွန်တော့်ကို မင်းသားလို့ထင်တာ ကျွန်တော့ကိုချောလွန်းလို့ဆိုတာသိပေမယ့် စိတ်ဆိုးတယ်။ကျွန်တော့်ကိုအော်လို့။*
A-ခင်ဗျားကိုရီးယာကားတောင်ကြည့်လို့လား ကျွမ်တော့်ပုံက ကိုရီးယားမင်းသားနဲ့တူတယ်ပြောရအောင်။သူများပုံကို မယုံသင်္ကာနဲ့ ခင်ဗျားလိုရုပ်ဆိုးများမှတ်နေလား။
*ပြောသာပြောရသည် သူ့ကိုမြင်ဖူးတာလည်းမဟုတ်။*
K- ဟိုး babyရယ်စိတ်မဆိုပါနဲ့ကွာ ကိုယ့်ချစ်သူဒီလောက်ချစ်ဖို့ကောင်းမှန်းမသိလို့ပါနော်။ဒီအတိုင်းဆို မြန်မြန်အပိုင်သိမ်းရတော့မယ် ကိုစိတ်မချတော့ဘူး။
A-သွား အပိုတွေလာပြောမနေနဲ့ ကျွန်တော်စိတ်ဆိုးမပြေသေးဘူး။ခင်ဗျားကို အပြစ်ပေးတဲ့အနေနဲ့ phပြောခွင့်နှစ်ပတ်ပိတ်တယ်။
k-ဟေး ခလေး ခလေးနေအုန်းလေ
ပြောချင်ရာပြောပြီး ကျွန်တော့အသည်းကတော့ဖုန်းချသွားပြီ။ဖုန်းပြောခွင့်နှစ်ပတ်ပိတ်သည်တဲ့ ဘယ်လိုတောင်ရက်စက်နိုင်ရတာလဲခလေးရယ် ဒါလေးမှားသွားတာကို