Online chitthu
Arthit pov
ကျွန်တော်ရင်တွေအရမ်းခုန်နေသည်။ ဆက်တိုက်ပြောနေတဲ့ သူ့စကားလုံးတိုင်းကိုတောင် ကျွန်တော်မကြားတစ်ချက်ကြားတစ်ချက်။နောက်မှသတိဝင်လာကာ
အကို အကို အသက်ရှူပါအုန်း။ဖြေးဖြေးပြောပါ။ကျွန်တော်က ထွက်မပြေးပါဘူးဗျ။ကျွန်တော်တားနေနာတောင် စကားကိုရပ်မသွားဘဲ
* ကို့ကို ချစ်နေတယ်မဟုတ်လားဟင်။ကို့ကို ပြန်ဖြေပေးပါနော်။ခလေးကို တစ်ဘဝလုံးစာရည်ရွယ်တာပါကွာ*
တဲ့။အစကတော့ ကျွန်တော်လည်း ဖွင့်မပြောသေးဘူးစဉ်းစားထားပေမယ့် ငါလည်းသူကိုချစ်နေတာပဲလေ။နောက်လည်းပြောရမှာခြင်းအတူတူကို မခံစားခိုင်းတော့ပါဘူး။ ( ခလေးက လွယ်တာမဟုတ်ဖူးနော် ကိုခြင်းစာတတ်တာ) နောက်ပြီး သူက ငါနဲ့phထဲမှာပဲချစ်သူလေ အပြင်မှာတွေ့ရတာလည်းမဟုတ်ဖူး အန္တရာယ်မရှိလောက်ပါဘူး။
"အင်း ဟို လေ ကျွန်တော်အကို့ကို ချစ်တယ်လို့*
>>>>>>>>>
Kong pov
ကျွန်တော်လုံးဝထင်မထား။ ခလေးကကျွန်တော့ကိုချစ်တယ်တဲ့။
ကျေးဇူးပါ မြှားနတ်မောင်ရေ။
*ခလေး ခလေး တကယ် တကယ် လားဟင် ကို့ကိုချစ်တယ်ဆိုတာ တကယ်လားလို့*
ကျွန်တော်မေးတော့ တကယ်လို့မထင်ရင်လည်းရွှတယ်လေ ကျွန်တော်စတာလို့သဘောထားလိုက်ပေါ့တဲ့။
* ကို့ကိုကိုယ် သေကြောင်းကြံရလောက်အောင် ကိုမရူးသေးဘူးbaby။ ကိုအရမ်းပျော်တယ်ကွာ။ကို့ကိုကံကောင်းခြင်းတွေဖန်တီးပေးလို့ကျေးဇူးပါ ခလေးရယ်။ကိုတို့တွေက ချစ်သူတွေဖြစ်သွားကြပြီဆိုတော့လေ ကို့ကို "အကို"လို့မခေါ်ပဲ "ကိုကို"လို့ပြောင်းခေါ်ပေးနော်။
အခုခေါ်ကြည့်ပါလား ကိုကိုကြားခြင်လို့။
>>>>>>>>
Arthit pov
ခုပဲအဖြေပေးရသေးတယ် အခွင့်ရေးကယူပြီ။ အကို နဲ့ ကိုကို ဘလောက်များကွာသွားလို့လဲ လူကိုပြောင်းခေါ်ခိုင်းရအောင်။
*မခေါ်ဘူးဗျာ ကျွန်တော်ရှက်တယ်။ပြီးတော့ သိပ်ကွာတာလည်းမဟုတ်ဘဲနဲ့။*
*ဘာကိုရှက်နေတာလဲ ခလေးရာ ချစ်သူတွေပဲကို။ ခလေးပြောသလို ဘလောက်မှမကွာရင် ဘာလို့မခေါ်နိုင်ရတာလည်း။ လုပ်ပါကွာ Pleaseကို ကိုကြားခြင်လို့။* ကျွန်တော့ပူပူနွေးနွေး ချစ်သူလေးက အတင်းတွေပူဆာနေတော့လည်း
* ကိုကို ရေ ကိုကို့ ကို အရမ်းချစ်တယ်*
ကဲရပြီလား။ အိပ်တော့မယ်ဗျာ ဒါပဲ။