part 17

152 13 0
                                    

မလိုက်ဖူးဗျာ ခင်ဗျား ကတိမပေးနိုင်လို့ ကလိမ်ကမာကျနေတာ *
Arthit နှုတ်ခမ်းလေးကို လက်ညှိုးဖိကပ်လိုကပြီးကလေး ဒီလောက်ဆိုးရရင်တော်ပြီပေါ့ ကိုမင်းကို တကယ်ချစ်တယ်။ ကို့ကို ဒီလိုတွေအရွဲ့မတိုက်ပါနဲ့ ဆိုကာ Arthit ကိုလုံးလေးကို စွေ့ခနဲပွေ့ကာ ပုခုံးပေါ်တင်လိုက်ပြီး ဆိုင်ကယ်ရှိရာကို ဦးတည်သွားတော့ ခြေကားယားလက်ကားယားနဲ့ ကျောကုန်းကို လူယုတ်မာကြီးလို့ ထုရိုက်ရင်းအော်ဟစ်နေတော့တယ်
ဆိုင်ကယ်နားရောက်တော့ ဆိုင်ကယ်ပေါ်ကို Arthitကို တင်လိုက်ပြီး --------------------------------------------
>>>>>>>>>>>>>>>>>>>>>>>>>>>
Online Chitthu
Part 17
နားနားသို့  ဖြည်းဖြည်းချင်းကပ်တော့ မျက်နှာလေးငုံ့နေသည်။ ထိုလူသားကို စချင်လာတာကြောင့် နီရဲနေသောနားရွက်လေးကို ခပ်ဖွဖွကိုက်ရင်း* ကိုယ့်ကို ခုကတည်းက ချုပ်ချယ်ခြင်နေတာ မင်းလေးက * လို့ဆိုတော့ ကိုက်ခံထားရတဲ့ နားရွက်ကို လက်လေးနဲ့ ပွတ်နေရင်းမှ * ဘာလဲ မကြိုက်ဖူးလားတဲ့* ။မဟုတ်ရပါဘူးဗျာလို့ဖြေရသေး။ * ကိုကိုကတော့ လုပ်ပြန်ပြီ ဒီအတိုင်းပြောလည်းရရဲ့သားနဲ့ ခုတော့ နားရွက်က အကွင်းလိုက်ကြီး ဟိုကောင်တွေစတာခံရတော့မှာပဲ * တဲ့။ ကျွန်တော်လည်း နောက်တစ်ကြိမ်နားနားကပ်မည်ပြုတော့ လက်ကလေးနဲ့ တွန်းဖယ်နေတော့တယ်။ ဘာဖြစ်လည်း ကလေးရာ မင်းသူငယ်ချင်းတွေမရှိတုန်းအသားယူတာလေကွာ။ ပြောလေ ပိုဆိုလေဖြစ်သော ထိုလူကြီး ကို Arthit လည်း ဘာမှပြန်ပြောချင်စိတ်မရှိတော့ ။ * ဟုတ်ပါပြီဗျာ ခင်ဗျားလေးကို အရှုံးပေးပါတယ်။ ဆိုင်ကိုသာ မြန်မြန်သွားရတော့အောင်ပါခင်ဗျ ကျွန်တော်မျိုး ဗိုက်ဆာလှပါပြီ* ဆိုတော့ မှ * ဟုတ်သားပဲ သွားမယ် ဟုဆိုကာ ဆိုင်ကယ် ပေါ်တက်တော့တယ် * ဒီစကားကိုတောင် ကျွန်တော့ ခေါင်းက ဆံပင်တွေကို လက်နဲ့ ဆွဲဖွရင်းပြောတာဗျ ဆရာကြီးက ။ကျွန်တော်သာ  သစ်သီးလေးတစ်လုံးဆို သူအကိုင်ခံရတာနဲ့ ပုတ်နေလောက်ပြီလို့ ကြံကြံဖန်ဖန်တွေးရင်း ပြုံးမိတော့ * ကလေး ဘာတွေသဘောကျနေတာလဲ ကိုယ့်ကိုပြောအုံးလေတဲ့။ ဟာ ဒီလူ ငါပြုံးတာဘယ်လိုသိလဲ စဉ်းစားတော့ ဆိုင်ကယ်နောက် ကြည့်မှန်ကနေ လမ်းမကြည့်ဘဲ ကျွန်တော့ကို ကြည့်နေတာ တကယ်မလွယ်တဲ့သူပါဗျာ။ ဘမှမဟုတ်ဘူး ကိုရာ ရှေ့ကိုဘဲကြည့်မောင်းပါဗျာ တက္ကသိုလ်နားက လူရှုပ်ပါတယ်ဆိုမှ။ ဟိုရှေ့မှာတွေ့လား ပိုမွှေးချို အဲ့မှာရပ်တော့။ ဆိုင်ကယ်ပေါ်ကဆင်းတော့လည်း လက်ကိုလာကိုင်ရင်း အတူဝင်တာ။ လက်ကို ဘာလုပ်တာလဲ ဆိုတဲ့ အကြည့်နဲ့ ကြည့်တော့ အနားနား ကပ်ကာပြောတယ် ဟိုးစားပွဲ ကကောင်မလေးအဖွဲ့က ကိုယ့်ကို ကြည့်နေတယ်။ မင်းချစ်သူကို စနိုင်ခံရမှာမကြောက်ဖူးလား ကိုကမင်းလေးထိခိုက်မှာကြောက်လို့ စေတနာနဲ့ ပိုင်ရှင်ရှိကြောင်း ကြော်ညာပေးတာ ကျေးဇူးတင် သင့်တယ် မထင်ဘူးလားတဲ့။ ကျွန်တော်သူပြောတဲ့ စားပွဲကိုအကြည့်ပို့မိတော့ မုတ်ဆိတ်မွှေးနဲ့ ဗိုက်ရွှဲရွှဲကလားကြီးက သူ့သမီးလေးကို ထမင်းကြော်တွေခွံ့နေတယ်။ဘာလဲဟ ဆိုပြီးသူ့ကိုမော့ကြည့်တော့ ခပ်ပြုံးပြုံးကြီးလုပ်နေတယ်လေ။ ဒီတော့မှ ကျွန်တော် အူလှိုက်သည်းလှိုက်ရယ်မိတယ်။ကိုကိုက ဒီလိုလဲနောက်တတ်ပါ့လား ဆိုတော့ ကျွန်တော့ဖက်လှည့်လိုက်ပြီး မင်းကိုပျော်စေချင်လို့လေတဲ့။ တကယ်ပါပဲ အကိုရာ။ သူငယ်ချင်းတွေထိုင်နေတဲ့ဝိုင်းလေးရောက်တော့ off က အမလေးလေးရောက်လာကြသေးတယ်နော ။ မျက်နှာတွေကလည်းပြုံးဖြီးလို့ အစ်ကို Kongခင်ဗျ ကျွန်တော်တို့လည်း ၀က်ကလေးလို ပျော်ချင်ပါတယ်ဗျ။ * အော် ကျွန်တော့ကလေးရဲ့ နာမည်ပြောင်က ၀က်ကလေးပေါ့။ *လို့မှတ်ထားလိုက်မိတယ်။ ပျော်စရာလေးများ ရှိလည်းဝေမျှပါအုံးဆိုတော့ မင်းတို့စားချင်သလောက်စားကွာ အားနာစရာမလိုဘူး အစ်ကိုတကာခံမှာ။ ဟုတ်ကဲ့ ခင်ဗျ ဒီထက်ပျော်စရာကောင်းတဲ့သီတင်းမရှိတော့ပါဘူးတဲ့။ off စကားအဆုံးမှာ ကျွန်တော်တို့ အားလုံးရယ်မောမိကြတယ်။ ခဏကြာတော့ စားစရာတွေမှာထားပြီးတဲ့ အကြောင်း Knot ကစကားစလာတယ်။ waiter လေးက အဖျော်ရည်တွေ လာချပေးတယ်။ kont ကပဲ အစ်ကိုတစ်ခုခုသောက်စရာမှာပါ့လား  စားစရာက ခဏကြာအုံးမှာတဲ့။ ရတယ် အစ်ကိုမမှာတော့ဘူးညီ။ ၀ိတ်တာလေးက Arthit ဖက်ကို သခွားမွှေးဖျော်ရည်လာချပေးသည်။ knot ကပဲမှာပေးထားတာ ဖြစ်မည်ဟု kong တွေးမိလိုက်သည်။ကလေးသူငယ်ချင်းတွေက ကလေးကိုတော်တော်လေးဂရုစိုက်ကြသားပဲ။ အေးလေ ဒီအကောင်ပေါက်လေးကလည်း ဘယ်လောက်ချစ်ဖို့ကောင်းလိုက်လေသလဲကို။အဖျော်ရည်သောက် နေရင်းမှ Forth က အာငါတို့မေ့နေကြတာပဲ မနက်ဖြန် မိဘမဲ့ကလေးတွေကို စာသင်တဲ့ဘုန်းကြီးကျောင်းကို အလှူသွားလုပ်မလို့လေ။  ဟုတ်တယ်လေ ပိုက်ဆံပဲလှူပြီး ဝေယာဝစ္စနဲနဲပဲလုပ်ရမှာမို့ မပြောဖြစ်တာပါကွာ အမှတ်ရပါတယ်တဲ့ Kont ကပြန်ပြောလေသည်။ ကျွန်တော်ကလေးဆီက အဖျောရည်.ယူသောက်ရင်း ညီက ခရစ်ယာန်လို့ line ပေါ်မှာပြောထားတာပဲ သူက ရော ဘုန်းကြီးကျောင်းတွေ သွားလားမသိဘူး လို့တွေးမိတော့။ကလေးက လည်းကျွန်တော့အတွေးကို သိပုံပဲ ကျွန်တော်က ခရစ်ယာန်ကိုးကွယ်ပေမယ့် သူများကိုကူညီတာတွေ၊ ကောင်းတာလုပ်တဲ့ အကျင့်လေးတော့ရှိတယ်အကိုရတဲ့ နှစ်ကိုယ်ကြား လေးပြောပြနေတာ။ ကျွန်တော်လည်း ကလေးတွေရဲ့အလှူအကြောင်းကြားတော့ ကြည်နူးမိပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်လေ ဒီလို 17, 18အရွယ်ကလေးတွေရဲ့ဒီလိုစိတ်ထားလေးတွေဟာ တကယ်ချစ်ဖို့ကောင်းနေတာပဲမဟုတ်လား။ကျွန်တော်တစ်ချက် မနက်ဖြန် တနင်္လာ ဆိုတာအမှတ်ရသွားတယ် *  ညီတို့က မနက်ဖြန်အလှူလုပ်မှာလား ကျောင်းသွားရမှာမဟုတ်ဖူးလား* ဆိုတော့ ကလေးက မနက်ဖြန်အတန်းချိန် တွေက မသွားလည်း သိပ်အရေးမကြီးဘူးအစ်ကို။ အဲ့ဆရာမက အရမ်းသဘော ကောင်းတာ နောက်ပြီးမှ roll callတွေသွားတောင်းနေကြ ညီတို့ကတဲ့။ကလေးလေးက သူတို့လူလည်ကျတဲ့ကြောင်းပြေနေလိုက်တာ ပါးချိုင့်လေးက ထင်းခနဲထင်းခနဲပဲ။စားပွဲပေါ်ရောက်လာတဲ့ ဟင်းပွဲတွေထက် ဒီပါးချိုင့်လေးက ကျွန်တော့ကို သွားရေကျစေတယ်။ Kong အတွေးစကို ဖြတ်လိုက်ကာ * ဟာမင်းတို့ကို အစ်ကိုက အလှူအတန်းတွေ လုပ်လို့ ချီးကျူးဖို့ရှိသေး ကျောင်းပြေးတာက ပေါ်လာပြီဆိုတော့* လို့ပြောမိတော့ ကလေးလေး ကပါးစပ်လေးကိုလက်နဲ့အုပ်ကာ မျက်လုံးလေးပြူးသွားတယ်။ သွားပြီ ငါတို့ဆိုးတာ ပြောမိသွားပြီပေါ့။ဘာလို့ ဒီကလေးရဲ့ အပြုအမူတိုင်းက ချစ်ဖို့ကောင်းနေရတာလဲကွာ။ကမ္ဘာပေါ်မှာ အိပ်ချင်စိတ်ကို ထိန်းရတာ အခက်ဆုံးပဲလို့ ကျွန်တော်ကြားဖူးတာ မဟုတ်ဘူး၊ မမှန်ဘူး ကျွန်တော့ အတွက်တော့ Arthit ကိုနမ်းချင်စိတ်ထိန်းထားရတာကမှအခက် ဆုံးပါဗျို့။ စကားသွက်တဲ့Offက အစ်ကိုရော ကျောင်းတက်တုန်းက အတန်းမလစ်လို့လားတဲ့။ * ဘယ်လစ်မလဲကွ အစ်ကိုတို့ အတန်းထဲက ကောင်မလေးကို မြင်ရဖို့ တစ်ရက်မှလစ်တယ်ကိုမရှိတာ။ နှစ်ပတ်လည် အတန်းအမှန်ဆုံးဆုတောင် အစ်ကိုရခဲ့သေးတာ* လို့ဆိုတော့ တစ်ယောက်ကလွဲရင်အားလုံးရယ်နေကြတာ။ကျွန်တော်Toilet ခဏသွားအုံးမယ်ဆိုကာ ထထွက်သွားလေတယ်။Knot က ဒီကောင်ကတစ်ဝတစ်ပြဲစားပြီးရင် ဒီလိုပဲ သွားနေကြတဲ့။* ဟုတ်လား * လို့ပြန်ဖြေလိုက်တယ်။  Knot က ကလေးအကျင့်တွေတော်တော်များမျာသိထားတာကြောင့် ဟုတ်မှာပါလေလို့တွေးကာ စောင့်နေလိုက်တယ်။ နဲနဲကြာ နေပြီမို့ စိတ်ကပူလာပြီ။ကလေးထသွားတော့ သူ့သူငယ်ချင်းတွေက စားရင်းသောက်ရင်းရယ်မောရင်းမို့ သတိမထားမိတာဖြစ်မယ်  ကလေးမျက်နှာပျက်နေသလိုပဲ။ ဥပမာပေးရရင် ပြိုတော့မည့်မိုးလို။ ကလေးတွေကြည့်လိုက်တော့ စားလို့သောက်လို့ပြီးနေပြီ။ ဒီကောင် Artist ကလည်း ကြာလိုက်တာတဲ့  Forth ကဆိုလာတော့ * ညီတို့ ပြန်နှင့်လိုက်ပါလား အစ်ကို သူ့ကိုစောင့်ခဲ့လိုက်မယ်လေ* ။ ဖြစ်ပါ့မလားအစ်ကိုရ။ * ဖြစ်ပါတယ်ညီတို့ရာ Arthit တစ်ယောက်လုံး ကျန်နေခဲ့မှာကို ကဲပြန်နှင့်ကြနော် * အစ်ကိုတို့ကို စိတ်ချသွားဟုတ်ပြီလား။ ကလေးသူငယ်ချင်းတွေပြန်သွားကြပြီ ခုထိ အကောင်ပေါက်က ပေါ်မလာသေး waiterလေးကိုခေါ်ပြီး bill အရင်ရှင်းကာ နောက်ဖေးသို့ ထွက်လာတော့ အကောင်ပေါက်ရဲ့ နောက်ကျော ကိုမြင်ရလေသည်။လက်တစ်ဖက်က မျက်ရည်သုတ်နေဟန် ကျွန်တော်ခပ်မြန်မြန်လျှောက်သွားကာ ကိုယ်လုံးလေးကို ကျွန်တော့ ဖက်ဆွဲလှည့်တော့ အလိုက်သင့်လေးပါလာတယ်။ အကြည့်တို့က ကျွန်တော့ ဖိနပ်ရှိရာဆီမှာ။ ကလေး ကိုယ့်ကိုကြည့် ဆိုကာ မေးစေ့ကို လက်နှစ်ဖက်နဲ့ ဆွဲယူတော့ လက်ကိုပုတ်ထုတ်တယ်။ ဆံပင်တွေကြားက သူ့မျက်ရည်တစ်စက်ကျဆင်းတာမြင်တော့ ကျွန်တော့နှလုံးသားလည်းကြွေသွားသလို။ သူ့ခန္ဓာကို ကျွန်တော့ရင်ခွင်သို့ ဆွဲကပ်လိုက်တယ်။ ကလေးရာ မငိုပါနဲ့ကွာ။ ကိုက မင်းလေးသ၀န်တိုစေချင်လို့ နဲနဲပဲစတာလေကွာ။ စနေမှန်းသိရဲ့သားနဲ့ကလေးရာ ဘာလို့ငိုရတာလဲ။မင်းငိုရင်ကို့မှာ ခြေမကိုင် မိလက်မကိုင်မိနဲ့။ နေရခက်လို့လို့။မင်းကို ဘယ်လောက်ချစ်တာသိသားနဲ့ကွာ မငိုနဲ့ဆိုရင်း ရင်ခွင်ထဲက ခွာကာ မျက်ရည်တွေ သုတ်ပေးနေမိတော့။ ကျွန်တော်သိတာပေါ့ စနေမှန်း၊ ဒါပေမယ့် ကျွန်တော်မှမငိုဘဲနေလို့မရတာတဲ့။ ခင်ဗျားကို ကျွန်တော်က အရမ်းချစ်တာဗျ မခံစားနိုင်ဘူးဆိုကာ ထပ်ငိုပြန်ပြီ။ ရော်ခက်ပြီ ဒီခွေးပေါက်လေးကတော့။ ဒီတစ်ခါတော့နှာရည်တွေပါထွက် ကျလာပြီ။ အင်တန်မှ အသန့်ကြိုက်သော မောင်ကောင်းပေါ့သည်လည်း သူနဲ့တွေ့မှာ နှပ်တွေကို လက်တွေနဲသုတ်ပေး နေရ တော့တာ။တော်ပြီကလေး ရာ မျက်လုံးတွေစပ်နေမယ် ကြည့်အုံး ကိုယ့်လက်ထဲက မင်းနှပ်တွေကိုလဲဆိုတော့မှ မျက်လုံးရွဲကြီးတွေနဲ့ ရယ်နေပြန်တယ်။ ဟူးတော်သေးတာ ။တကယ့်ကလေးလေး။ သူ့နားနားကပ်ကာ ပြောမိတယ်။ ချစ်တယ်ကလေးရာ။
*တော်တော်ရှည်တယ်ပျင်းသွားကြပြီလား။ကတိအတိုင်းအပ်ပေးလိုက်တယ်။ သတိရပေးကြလို့ကျေးဇူးပါဗျာ။ *

Online ChitthuWhere stories live. Discover now