ကိုမင်းလေးကို နမ်းချင်လာတယ်။
Onlinre Chitthu
Part 15
တစ်စက္ကန့်လောက် နဖူးနဲ့ နှုတ်ခမ်းတို့ ထိရန်လိုသောအချိန်တွင် နဖူးပေါ်သို့ ရိုက်ခတ်လာသော လေနွေးနွေးလေးများက တစ်ခဏမျှ သတိလက်လွတ်ဖြစ်သွားသော Arthit ကို လက်ရှိအချိန်ကိုပြန်ရောက်လာစေပါတယ်။ ကြောင်အမ်းအမ်းလေးဖြစ်နေသော Arthit သည် ချက်ချင်း သတိဝင်လာပြီး
ခင်ဗျားဘာလုပ်တာလဲဗျာ ဟုဆိုကာ မတ်တတ်လေးရပ်မိရက်သားဖြစ်သွား သောကြောင့် အနမ်းကို တမင်ရှောင်လိုက်သလိုမျိုး ဖြစ်နေသည်။ ဖြစ်ပျက်သွားသမျှအချိန်အတိုလေးကို Kongpop တစ်ယောက် မယုံနိုင်အောင်ဖြစ်နေတော့သည်။ သူ့ကလေးက သူငယ်ချင်းတွေရှေ့မှာမို့ ဒီလိုအနမ်းခံရမှာရှက်သွားတာလား။ သူ့ကို အခွင့်အရေးယူတဲ့သူလို့ ထင်သွားတာလား။ဒါမှ မဟုတ်သူ့ကို တကယ်မချစ်လို့များ ငြိုညင်တာလား စသည် စသည်ဖြင့် အတွေးများစွာတို့နဲ့ ထိုင်ခုံပေါ်က ကောင်လေးတစ်ယောက် မျက်နှာ မသာမယာ ဖြစ်နေချိန်တွင် ခုံနဲ့ မလှမ်းမကမ်းမှာ ခေါင်းငိုက်စိုက်ကျ ရပ်နေသော Arthit သည်လည်း သူ့ဘာလို့ ဒီအပြုအမူမျိုးလုပ်လိုက်မိသည်ကို သူတကယ်နားမလည်နိုင်သေးပါ။ သူ့ခန္ဓာကိုယ်သည် Kongpop ဆိုသည့် သူ့မျက်စိရှေ့ က လူနဲ့ တွေ့ပြီးနောက်တွင် အမှန်တကယ် ထူးဆန်းနေသည်။ ခေါင်းတွေမူးလာပြီး ပျို့အန်ချင်သလိုဖြစ်လိုက် မောဟိုက် တုန်ရီလာလိုက်နဲ့ အခုလည်း အလိုအလျောက် ခန္ဓာကိုယ်က တုန့်ပြန်ပြီးသား ဖြစ်နေလေသည်။ အဆန်းကြီးတွေဘဲ ဘာလို့များဘာလိမ့်။ရည်းစားထားရတာ ဘာလို့များဒီလောက်ခက်ခဲနေပါလိမ့်။ ယောက်ျားချင်းမို့များ ငါဒီလိုကြီးခံစားနေရတာလား။ ငါသူ့ကိုချစ်တယ်ဆိုတာ ထင်ယောင်ထင်မှားဖြစ်နေတာလား သူ့ကိုတစ်ကယ်ချစ်တာ ချစ်နိုင်တာမှဟုတ်ရဲ့လား။အချစ်သည် ထူးဆန်း၏။ ထို့အတူ လူစိမ်းတစ်ယောက်ကို တစ်ကယ်ချစ်လား မချစ်လား ဆိုတာက ပိုလို့ထူးဆန်းနေသည်။ပြီးတော့ သူ့အချစ်က လောကကြီး၏ နိယာမနဲ့ ကောင်းကောင်းကြီး ဆန့်ကျင်နေသော လိင်တူခြင်း ချစ်မိခြင်း။တွေ့ဆုံခဲ့ သည်ကလည်း Online ပေါ်က။ တစ်ယောက်အကြောင်းတစ်ယောက် အကြမ်းအဖျင်းသိဖို့ကိုပင် စောနလေးကမှ သူမေးထားရတာ။ရှေ့က ကောင်လေးကို စမြင်ကတည်း က ခုချိန်ထိ ခုန်နေသော ရင်ဘတ်ထဲက နှလုံးသားကြောင့် မောဟိုက်လာပြီး နေထိုင်မကောင်းဖြစ်နေတာကိုပင် ရင်ခုန်ခြင်း၊ လူတစ်ယောက်ကို ချစ်မိနေခြင်းကြောင့်လို့ 17 နှစ်သားလေး Arthit တစ်ယောက်နားမလည်သလို( ၀က်လေးရောဂါရတာ မဟုတ်ဘူးဘဲ ) ထိုကောင်လေး၏ ချစ်သူသည်လည်း နေမကောင်းဖြစ်သည်လို့သာ မှတ်ထင်နေလေသည်။သူတို့နှစ်ယောက်၏ အချစ် Khowledge သည် Zero Levelမျှသာရှိနေလေတော့သည်။အချစ်စစ်ကို ယခုအချိန်မျှထိ မတွေ့ဖူးသေးတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
အကို လို့ ခေါ်လိုက်မှ ထိုင်ခုံပေါ်က ခေါင်းငိုက်စိုက်ကျနေသော ကောင်ကလေးက ကိုအဆင်ပြေပါတယ် ဆိုတဲ့ အပြုံးမျိုးနဲ့ မော့ကြည့်လာသည်။
အကို ရာ ကျွန်တော်တောင်းပန်ပါတယ်နော် ကျွန်တော့သူငယ်ချင်းတွေကြည့်နေကြမလားဆိုပြီး တွေးမိချိန်မှာ ကျွန်တော် ---
မျက်နှာလေးနီရဲကာ လေးချောင်းလေးတွေကို ကစားရင် တောင်းပန်စကားဆိုလာသော သူ့ချစ်သူလေးကို Kongpop စိတ်မကောင်းစွာ ကြည့်လိုက်ရင်း ခေါင်းငုံ့ထားဆဲဖြစ်သော ချစ်ရသူနားလျှောက်လာရင်း ရင်ခွင်ထဲလေးကို အသာအယာလေးထည့်ထားမိတော့ အလိုက်သင့်လေးကပ်ပါလာတဲ့ လုံးအိအိ ခန္ဓာကိုယ်လေး။ ထိုကောင်ငယ်လေးရဲ့ ရှက်စိတ်တို့ကိုတစ်ခုခုကတော့ အနိုင်ယူလိုက်ပါပြီ။ ခုလိုကြတော့လည်း ရှက်ရမှာကို မေ့သွားပြန်တာလား ကလေးရာလို့ မေးလိုက်ချင်ပေမယ့် ကလေး ကိုယ့်ကိုကြည့် ဆိုပြီးမေ့လေးကိုဆွဲမော့တော့ မျက်ရည်အ၀ိုင်းသားနဲ့ နားထောင်နေရှာတယ် ကို့ကို အားနာနေစရာမလိုဘူးနော်။အစောက ဖြစ်သွားတဲ့ကိစ္စကိုလည်း ကိုနားလည်တယ်။ကလေးမကြိုက်ရင် နောက်တခါ ကိုယ်ဘာကိုမှ အတင်းအကြပ် မလုပ်ဘူးနော်။ ဘာမှ စိတ်မကောင်းမဖြစ်နဲ့ ကြားလား ခုတော့ ကိုယ့်ကိုပြုံးပြ ဆိုပြီး သူ့နှုတ်ခမ်းလေးကို လက်လေးနဲ့ထိတော့ ခေါင်းလေးငုံ့ကာ ပြုံးလေရဲ့ ကိုယ့်ကို ခွဲမသွားနိုင်အောင်လုပ်နေတာလား ကလေးရာ။Ph ထဲက စတင်ခဲ့တဲ့ သူ့ရဲ့ချစ်ခြင်း။ မျက်နှာတောင်မမြင်ဖူးသေးခင်မှာ သူ့နှလုံးသားလေးကို ခိုးယူသွားတဲ့ ကောင်ငယ်လေးတစ်ယောက်ကို ထိုမျှအထိသူ ချစ်မိသွားလိမ့်မည့်ဟု ခုချိန်ထိတိုင် မယုံနိုင်အောင်ဖြစ်နေသေးသော်လည်း အမှန်ပင်ဖြစ်ကြောင်းကို သူ့နှလုံးသားတို့သည် ရင်ဘတ်ထဲမှ လှုပ်ခါပြကြလေ၏။
