"ဒုမန်နေဂျင်း....ဒုမန်နေဂျင်း.....!!!!"
ဒီလောက်ခပ်သွက်သွက်လျှောက်နေတာတောင် အလိုက်ကန်းဆိုးမသိ အနောက်ကနေ တရစပ်အော်နေတဲ့ အတွင်းရေးမှူးအကောင်ကြောင့် ဘေးနားကလူတွေကတောင် ကြည့်ကုန်ကြပြီ။ သောက်တလွဲ secretary....
"ကဲ ပြော .....ဘာလို့ နင့်အသံသြကြီးနဲ့ mallတခုလုံးကြားအောင် အော်နေတာလဲ?"
အမောစို့သွားဟန်ရုပ်ဖြင့် ခနအမောဖြေနေပြီးမှ သူ့လက်ထဲကဖုန်းကို ကျမလက်ထဲ ထိုးပေးလာသည်။ contact name တွင်က မကိုင်ချင်လို့မှ ဖုန်းကိုပိတ် ရုံးခန်းထဲမှာတောင်မနေဘဲရှောင်နေရတဲ့ ဒယ်ဒီဖားသားဖေဖေ...#ဥက္ကဌကြီး တဲ့....
ကျစ်...! စုတ်တချက်သတ် ဆံပင်တွေကိုဆွဲဖွာပစ်လိုက်ပြီးမှ ဖုန်းကိုယူကိုင်လိုက်ရသည်။ ဟိုကိစ္စပဲပြောဖို့နေမှာပေါ့...
*hello...ဒယ်ဒီ...*
*ကန်ဂျီယောင်း!!!*
ဟိန်းထွက်လာတဲ့ အသံကြီးကြောင့် ဖုန်းကို နားမှ ခွာလိုက်ရသည်။ တကယ်ပါပဲ...လူကိုနားကန်းအောင်လို့...
*Waeyo? သမီး အလုပ်လုပ်နေတာကို ဒယ်ဒီနော်...*
*အပိုတွေမပြောနဲ့! နေ့လည် တစ်နာရီ ငါခိုင်းတဲ့အတိုင်းသွားတွေ့ဖြစ်အောင်တွေ့!!! ငါ ဟိုဘက်ကိုမျက်နှာမပျက်ချင်ဘူး ဒါပဲ!!!*
ငမ့်...ချသွားလိုက်တာ ဖုန်းကို ဂွက်ကနဲ့ပဲ...၊ စီးပွားရေးသောင်းကျန်းလွန်းတဲ့ ဒယ်ဒီကြောင့် စိတ်ပျက်လှသည်။ သူများအဖေတွေများ သူတို့သမီးလေးတွေ ဖူးဖူးမှုတ်ပြီး နှမြောကြတဲ့ဟာကို....၊ ကိုယ့်အဖေများ တခါလာလဲ ဒီ blind date ပဲ လုပ်ခိုင်းနေတော့သည်။
"အာ့ကြောင့် ကျနော်ပြောပါတယ်...အရင်တစ်ခေါက်ကတည်းက ဥက္ကဌကြီးစိတ်မဆိုးအောင် သွားတွေ့လိုက်ရမှာ ဒုမန်နေဂျင်းရဲ့..."
စိတ်ပေါက်နေပါတယ်ဆို ဘေးက အကောင်ကဆရာလာလုပ်နေတာမို့ ဒေါသကထောင်းခနဲ...
"တော်စမ်း!!! နင် ထပ်ရှည်ရင် လစာဖြတ်ပစ်မယ်...စိတ်ညစ်နေပါတယ်ဆို နင်ကတမျိုး..."
"ဘာပဲဖြစ်ဖြစ် ကျနော် ကားပြင်ထားလိုက်တော့မယ်နော် အခုက ၁၂ထိုးနေပြီဆိုတော့...!"