အသည်းခိုက်အောင် အေးလှတဲ့ မနက်ခင်းလေးကတော့ တောတောင်တွေအနီးအနားရှိသည့်အလျောက် ပိုလို့ စိမ့်အေးနေသည်။
အိပ်ယာထလို့ ပြင်ပြီးဆင်ပြီးသည်အထိ အခန်းထဲက ထွက်ဖို့ပင်ခတ်ခဲကာ စောင်ထဲပဲ ပြန်ကွေးနေချင်စိတ်က တဖွားဖွား..။ ကိုယ်က တောင်တက်ဖို့ရည်ရွယ်ကာလာခဲ့သူမို့ ပစ္စည်းပစ္စယ အစုံအလင်ပါခဲ့ပေမယ့် ကိုယ့်ကြောင့်လိုက်လာခဲ့သူ ဟိုလူကြီးမှာ ချမ်းလို့များနေမလားဆိုသည့်အတွေးက ကန်ဂျီယောင်းတို့ မျက်လုံးဖွင့်ကတည်းက တောက်လျောက်တွေးနေခဲ့ခြင်းဖြစ်သည်။ မဖြစ်သေးပါဘူးလေ...
အထုပ်တွေသေချာစိစစ် သယ်ပိုးပြီး သူရှိလောက်မည့်ဘက်သို့ ထွက်လာခဲ့လိုက်သည်။
အမြဲ စောစောနိုးတတ်တဲ့သူက နားသည့် အခန်းထဲမှာ မရှိတော့သလို ၊ ဘုရားကျောင်းရှေ့ပင် ရောက်နေချေပြီ။ ကျမ စိတ်ထဲက မတင်မကျ နည်းနည်းဖြစ်သွားသည်။ တောင်တက်ဖို့လူစုထားဟန်တူသည်။ မနေ့က ကားပေါ်ကမြင်ခဲ့ရသော လူများက ဟိုတစု ဒီတစု ကျောင်းဝန်းထဲရှိနေကြသည်၊
ထိုလူတွေကြားထဲမှာက သူ...ကြည့်စမ်း...နိုးနေတာကို လာမခေါ်ပါပဲ ဒီမှာ မိန်းမတွေနှင့် ရယ်မောနေစရာလားပြောပါအုန်း...?
ဘယ်လောက်ပဲ အာဂျီးမားကြီးတွေဖြစ်နေပါစေ သူ့လက်မောင်းကိုရိုက်လိုက် ပခုံးကိုတွန်းလိုက်နဲ့ ဒါဘယ်လိုမြင်ကွင်းမျိုးပါလိမ့်..!!!သူ့ဆီ ဖြည်းဖြည်းချင်းလျှောက်သွားနေချိန်မှာပဲ မျက်လုံးထဲတန်းကနဲ ဝင်လာသည်က အရှိန်နှင့်လွှဲလိုက်သည့် အာဂျီမားတစ်ယောက်ရဲ့လက်...😳
ဟင်...မဟုတ်ဘူး!!!!
#ဖတ်! 👋🍑
ဟာ...........!
ချက်ချင်းဆိုသလို မဲတက်သွားခဲ့တဲ့ ကျမ မျက်နှာ..၊ သူတို့ဆီလျှောက်နေတဲ့ ခြေလှမ်းတွေကို အရှိန်ပိုတင်လိုက်သည်။ အခုထက်ထိ ထိုမိန်းမကြီးလက်က ကျမ ယောကျာ်းဖြစ်သူ၏ တင်ပါးကို တခါမက တဖတ်ဖတ်ရိုက်နေဆဲ၊ ဟိုလူကလည်း မတားဘူးကြည့်စမ်း ၊ မျက်နှာက ဒီလောက်ရှက်နေရက်နဲ့ အားနာနေရသလား!!!
ဟွင်းးး ဒါမျိုး ကန်ဂျီယောင်းတို့ သည်းမခံနိုင်တော့..😠