"ဟာ......ဒါကဘာတွေလဲ တခုမှ သေချာမလုပ်ထားဘူးလား?"
"ဒုမန်နေဂျင်း ဒီစာရင်းတွေက မနေ့ကပဲ ကျနော်ပြန်ပြင်ထားတာလေ.."
"အားးးမသိဘူးဟာ စိတ်ညစ်တယ် စိတ်ညစ်တယ် ငါမသွားချင်ဘူး ဂွန်းလေးရယ် ဘယ်လိုလုပ်ရမလဲ အဟင့်!"
ကိုယ်နဲ့သုံးလေးနှစ်လောက်အတူတွဲလုပ်လာတဲ့ အတွင်းရေးမှူး ၊ တနည်းအားဖြင့် ကျောင်းကဂျူနီယာလေးမို့ ကျမမှာ ရင်ဖွင့်စရာသူပဲရှိသည်။ အိမ်ရောက်ရင်လဲ ဒယ်ဒီနဲ့မာမီ့ဆီမှ ကြားနေရသည်က ဂျီမင်လေး ဘယ်လောက်အရည်အချင်းရှိတဲ့အကြောင်း ၊ ထူးချွန်ရည်မွန်တဲ့အကြောင်း ဘာအကြောင်း ညာအကြောင်း....၊ တလောကလုံးနဲ့ တစ်ယောက်လိုမျိုး အထီးကျန်ပြီး စိတ်ပင်ပန်းနေရတာမျိုးကြီး ကျမမုန်းသည်။ ဟိုလူကြီးကဖြင့် ကျမကို အပေါစားမိန်းမဆိုပြီး ဘယ်လောက်တောင် အနိုင်ကျင့်ထားလဲ သူတို့မသိဘူး...
"ဘာလို့လဲ ဥက္ကဌပတ်က ဒုမန်နေဂျင်းပြောသလို တကယ်ပဲ နွားအိုကြီးလား? ကျနော့်အမြင်တော့ ယောကျာ်းပီသပြီး ချောပါတယ် "
"ဟဲ့..ငါလေ နွားအိုကြီးဆိုရင်မှဖြေသာအုန်းမယ်"
"ဟင်...အခု ဘာကြီးမို့လဲ?"
"လူယုတ်မာကြီးဟေ့ လူယုတ်မာကြီး...!!! မျက်လုံးကလဲ မှေးသလောက် ကြည့်လိုက်ရင် လူကိုပြာကျမလားအောက်မေ့ရတယ်...၊ မသိဘူးဟာ ငါသူ့ကိုကြောက်တယ် လက်ထပ်မချင်ဘူးလို့ ..😭!!!!"
ထို ပတ်ဂျီမင်နဲ့ တွေ့ပြီးသည့်နောက် ကျမမှာ အိပ်လဲမပျော် စားလဲမဝင် ၊ သူ့အကြောင်းတွေးမိရုံနဲ့ ဒေါသတွေထွက်ပြီး မျက်ရည်တွေပဲကျနေတော့တာ....၊ လက်ထပ်ပွဲကငြင်းဖို့နေနေသာသာ စေ့စပ်ပွဲဖိတ်စာတွေတောင် ဝေပြီးသွားလေပြီ...၊ ကန်ဂျီယောင်းတို့ ငယ်ထိပ်မိုးကြိုးပစ်တာထက်ပင် ပိုဆိုး..ချောက်ထဲပါ ပြုတ်ကျသလိုပင်...
"ဒုမန်နေဂျင်း နောက်မှငိုရင်ကောင်းမယ် အခု ဒုမန်နေဂျင်းရဲ့နွားအိုကြီး အဲလေ ကြင်ဖက်လူကြီးကို ထတွေ့လိုက်ပါအုန်း...!"
အလုပ်စားပေါ် မှောက်ကာ စိတ်ပျက်လက်ပျက် ပူဆွေးနေတာလေးပင်ပျောက်ကာ ခေါင်းကို ဆတ်ကနဲ ထောင်ကြည့်ရသည်။ အတွင်းကနေသာမြင်နိုင်သည့် ရုံးခန်းမှန်ကနေ လှမ်းမြင်လိုက်ရသည်က မျက်မှန်အခန့်သားနှင့် တလှမ်းချင်း ကြွကြွရွရွ လျှောက်လာသော ထိုလူ...