"သခင်လေး....ဗိုက်ဆာလို့လား? ကျမ တခုခုပြင်ပေးရမလား?"
ညအိပ်ဝတ်စုံအစင်းကြားဖြင့် ဖြူဖျော့စွာ လှေကားကိုတစ်ထစ်ချင်းဆင်းလာသော ဂျီမင်..၊ ခါတိုင်းခပ်ရဲရဲ နှုတ်ခမ်းထူထူလေးတွေက သွေးရောင်တို့ခပ်ပါးပါးသာ...
"ရတယ်....ကျနော် ရေသောက်မလို့ ဆင်းလာတာ...၊ ဂျီယောင်းရော?"
"ခုနက ငိုနေပြီးတော့ အခု ကျမ အခန်းထဲမှာ အိပ်ပျော်သွားပြီထင်တယ်!"
သောက်ပြီးသား ရေဗူးကို ရေခဲသေတ္တာထဲ ပြန်ထည့်လိုက်ပြီးမှ ဂျီမင် သက်ပြင်းချမိသည်။ သူ့အဖြစ်က ကလေးထိန်းရတာထက်ပင် ခက်နေသည်။
"အာဂျီမားကို ဒုက္ခပေးမိပြီ ကျနော်တောင်းပန်ပါတယ် !"
"ကျမကို တောင်းပန်ရမှာမဟုတ်ဘူး သခင်လေးရဲ့..၊ ဒီနေ့က ဂျီယောင်းနီး အတွက် အမှတ်တရဖြစ်ရမယ့်နေ့မှာ သခင်လေးဘက်က နည်းနည်းလွန်သွားတယ်ထင်တယ်"
ဂျီမင် ခေါင်းတညိမ့်ညိမ့်နှင့် ပြုံးပြလိုက်ပြီးမှ အာဂျီမားအခန်းဆီ လျှောက်လာခဲ့လိုက်သည်။
~~~~
အိပ်ယာပြောင်းတာကြောင့်လဲပါသလို ပထမဆုံးမိဘအိမ်ကနေ ထွက်လာရတဲ့ ခံစားချက်ကြီးက ကျမအတွက် ဘယ်လိုမှအဆင်မပြေ..၊ ပြီးတော့ ယူထားရတဲ့ ယောကျာ်းကလဲ ကိုယ့်ကိုစီးပွားရေးသက်သက်သာဖြစ်ကြောင်း သူကိုယ်တိုင်ပြောထားတာ...။
အိပ်ယာပေါ် ဘယ်ညာလှိမ့်နေရင်း လူက အထီးကျန်သလိုလို ဝမ်းနည်းသလိုလို ဖြစ်နေမိသည်။ အရမ်းတွေ နောင်တရပြီး အိမ်က ဒယ်ဒီတို့ကိုလည်း စိတ်နာသည်။ အခု လက်ထပ်ပြီး အခုကွာရှင်းရအောင်လဲ ပြသနာကအဲ့လောက်မလွယ်...၊ အဟင့် ဂျီယောင်းလေး စိတ်ညစ်လို့ရူးတော့မယ်....😢
*ဒေါက် ဒေါက်*
"ဂျီယောင်း...? အိပ်နေပြီလား?"
တံခါးခေါက်သံနဲ့အတူ ထွက်ပေါ်လာတဲ့သူ့အသံကြောင့် လူက ကုတင်ပေါ်ထထိုင်မိသည်၊ ဘာလဲ လာချော့တာလား? အဟင်းးး အခုမှများ....
"ဂျီယောင်း....ကိုယ်ဝင်လာပြီ!"
အယ်.....၊ မပြောမဆိုနှင့် ဝင်လာမည်ဆိုတော့မှ ထိုင်နေရာမှ ဘုန်းကနဲ ပစ်လှဲကာ စောင်ကြီးကိုခေါင်းထိဆွဲခြုံပစ်လိုက်သည်၊ မရပါဘူး ပြန်မလိုက်နိုင်ဘူး...!