[ BGM : Run Free by deep chills ]ဘာလို့လဲ..?
ဘာလို့လဲ...? တဲ့ ။
မသိဘူး...၊ ဘာလို့လုပ်မိလိုက်တာလဲ ကိုယ်တိုင်လဲ မသိဘူး ၊ သိလည်း မသိချင်ဘူး ။
သူမေးတယ် 'ဘာရည်ရွယ်ချက်နဲ့ ဒီလိုတွေ လျှောက်လုပ်နေတာလဲ ´ တဲ့...
'မင်း ငါ့ကို ဘာဖြစ်စေချင်နေတာလဲ ´ တဲ့။အဲ့မိန်းမကို ရိုက်လိုက်တုန်းက ကျန်တာတွေ ခနထား၊ အဓိကက အဲ့မိန်းမ ကိုယ့်လို နာနာကျင်ကျင် ခံစားသွားရစေဖို့ပဲ ရည်ရွယ်ခဲ့တာလေ ၊ သူ့ကို ကျမက ဘာဖြစ်စေချင်ရအုန်းမှာလဲ..
ဘယ်သူတွေ ဘာဖြစ်ဖြစ် အခု ကျမ ကတော့ပျော်တယ် ၊ အူလှိုက်သည်းလှိုက် ပျော်နေတယ် ပတ်ဂျီမင်ရဲ့...။
"အဟင်း...ဟား ဟား..."
"မင်း ပါးစပ်ပိတ်ထား ကန်ဂျီယောင်း!!! သူများကို အရှက်ခွဲရတာကို မင်း သိပ်ပျော်နေတာလား??!!"
ကားပေါ်ကို ဆွဲဆောင့်ခေါ်လာ ကတည်းက ရီနေမိသည်။ သိပ်ကို ပါးနပ်တဲ့ ဥက္ကဌကြီးက သိတာပေါ့ ဒီကိစ္စက ကျမ လက်ချက်ဆိုတာ...၊ ဘယ်တတ်နိုင်လဲ သိတော့လဲ သိပေါ့ ။ အခုတော့ သိပ်ပျော်နေတယ်...
Driver ကိုလည်း အရိပ်အကဲကြည့်ရင်း ၊ သူ့ဒေါသတွေကိုလဲ မြိုချနေရင်း ကျမကိုပဲ စားမလို ဝါးမလိုတွေ ကြည့်နေလိုက်တာ သိပ်သနားစရာကောင်းတာပဲ ၊ သူ့ခမျာ အမြဲတမ်း သူ့သိက္ခာဆိုတာကြီး ထည့်တွက်နေရတော့ ပင်ပန်းနေရသည်မလား...
သူ့ကို သနားသလို ကြည့်ရင်း ခေါင်းကို ခါယမ်းကာ ရီနေမိတော့ သူ့ဒေါသတွေ ဘယ်လောက် ပြင်းထန်နေလိမ့်မလဲ စဉ်းစားကြည့်ကြပေါ့။
"အ!"
Hotel ရောက်ရောက်ချင်း ကားပေါ်ကနေ ဆွဲခေါ်တာများ လက်ကောက်ဝတ်တောင် ပြုတ်ပြီထင်ရသည်။
"ကျမကို လွှတ်!!! နာတယ်လို့!!!!"
လွှတ်ပေးဖို့မပြောနဲ့ တချက်တောင် လှည့်မကြည့်ဘဲ သူ့ခြေလှမ်းကျဲကြီးတွေနှင့် သွားနေတာမို့ ၊ high heel ဒဏ်ကြောင့် ပွန်းနေတဲ့ ကျမဖနောင့်တွေပင် သွေ့စို့ကုန်သည်။
*ဒုန်း*
"အ....!"
"ပြော....မင်း ဘာဖြစ်ချင်နေတာလဲ ရှင်းရှင်းပြောစမ်းပါ!!!!"