မှန်တံခါးကို ဖွင့်ဖွင့်ချင်း တန်းလန်းချိတ်ဆွဲထားတဲ့ ဆည်းလည်းလေးတွေက တုန်ခါသွားတော့ သံစဉ်တချို့ ထွက်ပေါ်လာသည်။ ပြီးတော့ နှာဖျားဆီတိုးလာတာက စုံရောနေတဲ့ အမွှေးရနံ့တွေ...
"ကြွပါရှင်"
ဆိုင်ထဲ တချက်ဝေ့ကြည့်တော့ အမျိုးအစားစုံလင်လှတဲ့ ပန်းတွေက အရောင်အသွေးတို့လည်း တောက်ပစုံလင်လျက်
"ပန်းရောင်နှင်းဆီရှိလား အစ်မ ?"
"ဟုတ်ကဲ့ ရှိပါတယ် အပွင့်လေးတွေယူမလား မောင်လေး?"
"ဟုတ် လှသလိုပဲ ကြည့်ပြီးစည်းပေးပါ"
"ခနနော်"
ဆိုင်ရှင်အမျိုးသမီး ထုပ်ပိုးနေတုန်း ရပ်စောင့်ရင်း နာရီကိုကြည့်မိတော့ နေ့လည် ၁၁နာရီ ။ ဂျယ်ဂျူကနေ တစ်ညလုံးကားမောင်းလာခဲ့တယ်ဆိုပေမယ့် seoul ကို ရောက်ချင်စိတ်က စိုးမိုးနေတာမို့ ပင်ပန်းတယ်လို့မထင်မိ ။
ပန်းရောင်နှင်းဆီဆို သူမ ကြိုက်လောက်မှာပါ။
"ရပြီ မောင်လေး ၊ ဝမ် သုံးသောင်းပါ "
"ကျေးဇူးတင်ပါတယ်"
ထို့နောက် ကားလေးကို အလျင်စလို မောင်းထွက်လာခဲ့ရင်း။
~~~~~
ကုတင်ပေါ် လဲလျောင်းနေသည့် ကျောပြင်ငယ်လေးဆီ တိုးကပ်သွားရင်း ရင်ထဲက စူးအောင့်လို့ ။ ကုတင်ဘေး ဒူးတဖက်ထောက်ကာ ထိုင်ချလိုက်ပြီး ပခုံးကို အသာအယာထိကိုင်လိုက်သည်။
"အိပ်နေတာလား?"
"ဂျီမင်??"
"Nae မေမေ မူးလဲပြန်ပြီဆို? သက်သာရဲ့လား?"
"သား မင်း ဟန်းနီးမွန်း ထွက်နေတာ မဟုတ်ဘူးလားကွယ် ဘာလို့ပြန်လာတာလဲ ? ချွေးမလေးရော?"
မေမေက ကုတင်ပေါ်က ကုန်းရုန်းထလာတော့ အသာအယာပွေ့ထူရင်း ကုတင်ဘောင်ပေါ်မှီခိုင်းရသည်။
"သား တစ်ယောက်ထဲ လာတာ ၊ ဒီမှာ မေမေကြိုက်တဲ့ နှင်းဆီတွေ.."
"အိုကွယ်...အလုပ်ရှုပ်ခံလို့သားရယ် ၊ ကြည့်စမ်း လှလိုက်တာ ပန်းရောင်လေးတွေ"