"ငါနင့်ကို ပြန်မတွေ့ရတော့ဘူး မှတ်နေတာ..."
"ငါရော...."
မတွေ့ရတာ လေးငါးနှစ်လောက်ကြာနေပြီမို့ ဘယ်လောက်လွမ်းနေရလဲ...၊ မပြောမဆိုနဲ့ California ကို ကျောင်းတက်ဖို့ထွက်သွားသော သူငယ်ချင်းဖြစ်သူအား မမျှော်လင့်ပဲတွေ့လိုက်ရသဖြင့် ကန်ဂျီယောင်းတို့ ဝမ်းသာအားရ အသေအကြေဖက်ထားသည်မှာ သုံးမိနစ်လောက်တော့ ကြာသွားသည်ထင်...
"ဂျီယောင်း....ကိုယ်တို့နောက်ကျနေပြီ!"
ဟဲ့...သောက်လခွမ်း...။ ရုတ်တရက်ဆိုသလို အတွေးထဲကနေ လုံးဝပျောက်သွားတဲ့ ပတ်ဂျီမင်...၊ အသံကြားပါမှ ပြန်သတိရသည်။ ဒီလူ အခုထိရပ်စောင့်နေတာလားဟ...
"ရှင်က ဘာလုပ်နေတာလဲ မပြန်သေးဘူးလား?"
တကယ်မသိလို့မေးမိတာကို...စားမလိုဝါးမလို အေးစက်မာကြောနေတဲ့ မျက်နှာကြီးက အံတွေတင်းတင်းကြိတ်ပစ်လိုက်သည်ကို သေချာမြင်လိုက်ရသည်။
"မင်း ယောကျာ်းတစ်ယောက်နဲ့အလွမ်းသယ်နေတာကို ကိုယ်စောင့်နေတာလေ ကန်ဂျီယောင်း!"
"ဒီမှာ ရှင် စကားကို ရွဲ့သလိုစောင်းသလို လာမပြောနဲ့!"
"ဂျီယောင်း...နေအုန်းလေ ငါ့ကို မိတ်ဆက်ပေးအုန်း ဘာတွေဖြစ်နေတာလဲ? ဒီ hyungက...?"
ဘေးကနေ ဘာမှနားမလည်ပဲ ကျမတို့ကြားထဲ နေရခက်နေသော သူငယ်ချင်းလေးအားတွေးမိပါမှ စိတ်ကိုလျော့လိုက်ရသည်။ သူငယ်ချင်းဆိုပေမယ့် ထိုအကောင်က ကိုယ့်မှာငယ်ငယ်လေးကတည်းက ကြွေခဲ့ရတဲ့ crush..၊ ထို့ကြောင့် သူ့ရှေ့တွင်တော့ ရန်မဖြစ်ချင်...
"ကိုယ့် နာမည် ပတ်ဂျီမင်..."
"အာ...ဟုတ်ကဲ့ ဂျွန်းဂျုံးကု လို့ခေါ်ပါတယ်ဗျ !"
နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်နေတာကို ခနစောင့်လိုက်ပြီးမှ ဂျုံးကုကို လက်မောင်းကနေ ကျမဘက်ကို ဆွဲလိုက်သည်။ ဟိုလူကြီးကို နည်းနည်းဖြစ်ဖြစ် ရွဲ့လိုက်ရမှ ကျမကျေနပ်နိုင်မည်မလား...၊ သူက မျက်လုံးမှေးလေးများကို ဆတ်ကနဲ လှန်ကြည့်လာသည်။
"ဥက္ကဌကြီး ပြန်လိုက်တော့လေ...ကျမ ဂျုံးကုနဲ့နေခဲ့မလို့!"