တချက် တချက် အသိစိတ်လွတ်မသွားအောင် ထိန်းနေတဲ့ကြားက သူ့အနမ်းတွေအောက်မှာ တွန်းကန်နေတဲ့ အားတွေပျော့ကုန်တာ...
ဘယ်ဘက်ကိုစောင်းငဲ့ထားတဲ့ လည်ပင်းဆီကို ရောက်လာတဲ့ သူ့ကိုက်ရာတွေက စပ်ဖျင်းဖျင်းနဲ့...၊ ရင်ဘတ်က အကျႌကြယ်သီးတွေဆို ကြမ်းပြင်ပေါ် ဟိုတစ်လုံး ဒီတစ်လုံး...
လက်ကောက်ဝတ်တွေကို အိပ်ယာပေါ်ဖိကပ်ရင်း သူချုပ်ထားတော့ တွန်းလို့လဲမရ...၊ အော်ပစ်ချင်လိုက်တဲ့ နှုတ်ခမ်းတွေက သူ့အနမ်းတွေကြောင့် စေးကပ်ကုန်ပြီ..။
လူကို အပေါ်ကနေ ဖိထားရင်းမှ ရှပ်အကျႌအပြာရင့်ရောင်ကို သူ ချွတ်ပြီး ကုတင်အောက်ကို ပစ်ထုတ်လိုက်သည်။ နောက်ပြီး နှုတ်ခမ်းတွေဆီ သူထပ်ပြီး တိုးကပ်လာတော့...
"မုန်းတယ်...!!!"
သေချာပေါက် မျက်ရည်တွေနဲ့ ကျမ မျက်လုံးတွေက နီရဲနေမှာ...။ မနမ်းဖြစ်လိုက်ပဲ သူ ကျမ မျက်လုံးတွေကို စိုက်ကြည့်လာသည်။
" ရှင့်ကို သေလောက်အောင် မုန်း တယ် ပတ်ဂျီမင်!!!!! "
အဆက်မပြတ်စီးကျနေတဲ့ မျက်ရည်တွေက ခေါင်းအုံးတစ်ခုလုံးပေါ်ကို စိုရွဲကုန်သည်။
တစ်ခါ ရှိုက်သံတချိူ့ထွက်လာတော့ နှုတ်ခမ်းတွေကိုဖိကိုက်ရင်း မျက်နှာလွှဲပစ်လိုက်ရသည်။ သူ့ ရှေ့မှာ အရှူံးသမားလို မငိုချင်ဘူးလေ...ခနကြာ ငြိမ်သက်နေပြီးမှ သူ့ သက်ပြင်းသံ တချက်နောက်မှာ သူ ကုတင်ပေါ်ကနေ ဆင်းသွားခဲ့သည်၊ ဆံပင်တွေကို အကြမ်းပတမ်း သပ်တင်နေရင်းမှ ဆိုဖာခုံပေါ်မှာ သူ မျက်နှာကိုအုပ်ကိုင်ရင်း သက်ပြင်းတွေ တရစပ်ချနေလေရဲ့...
ကျမလည်း ကြယ်သီးတွေ ပြုတ်ထွက်နေတဲ့ အကျႍစကို တင်းတင်းဆုပ်ကိုင်ရင်းမှ မျက်ရည်တွေကို သုတ်ကာ ထလာခဲ့သည်။
"Wae...? ဘာလဲ အခုမှ ရှင့်ရဲ့ သိပ်ကိုတန်ဖိုးရှိလှတဲ့ သိက္ခာတွေကို ပြန်သတိရတာလား?? မိန်းကလေးတစ်ယောက်ကို အလိုမတူဘဲ စော်ကားဖို့ကြိုးစားပြီးမှလား ပတ်ဂျီမင်.....??"
"ဂျီယောင်း ကိုယ်လေ....၊ တကယ်မရည်ရွယ်_"
"တော်စမ်းပါ....အခုချိန်မှာ ရှင်ဘာပြောပြော ကျမနားထဲ ရွံစရာကောင်းနေမှာပဲ ၊ အဟက်...အခု ရှင် ပွဲတက်ရအုန်းမယ်မလား? အိုခေလေ....သိပ်ကို သိက္ခာရှိ မြင့်မြတ်တဲ့ဥက္ကဌကြီး စိတ်တိုင်းကျ သွားကြတာပေါ့ ....တော်ကြာ ကျမကြောင့်နဲ့ တသက်လုံးဟန်ဆောင်လာတဲ့ ဂုဏ်သရေရှိ လူကြီးမင်း နာမည်ပျက်မှာစိုးလို့....!!!!"