အိပ်ယာပေါ် လူးရင်းလှိမ့်ရင်း စောင်တွေလဲ တွန့်ကြေကုန်ပါပြီ။ ကိုယ့်အောက်နှုတ်ခမ်းကို ကိုက်လိုက်ဖဲ့လိုက်နဲ့ အမှတ်မထင်ရင် ဘေးကဖက်လုံးကြီးကို နံရံဘက်ပစ်ပေါက်မိသေးတာ။
"အားး ရှက်လိုက်တာ ဂျီယောင်းရာ....စောင်ရူးမရယ် သူ့လိုလူရှေ့မှာတဲ့လား????!!!"
မနက်ကတည်းမှ သူ့အိမ်ကပြန်လာကတည်းက အလုပ်လဲမသွားနိုင် အိမ်ထဲအောင်းနေတာ အခုလိုညနေခင်းအထိဖြစ်သည်။ မနက်ဖြန်စေ့စပ်မယ့် သတို့သမီးမှာ မျက်နှာတခုလုံး အရက်ဖော ဖောလျက်...။
တစွန်းတစပေါ်လာတဲ့ အမူးသမားmemory တွေ မျက်လုံးထဲမြင်လာတိုင်း ထိုင်ငိုချင်စိတ်တွေက တဖွားဖွား...
တကယ်ဆို သိပ်ပြီးအပြစ်ရှာတတ်တဲ့ အဲ့လူကြီးရှေ့မှာ အမြဲတမ်း smartကျနေချင်တာလေ...အခုတော့ မူးရူးလို့ သူ့တိုက်ခန်းထိ သွားအိပ်သတဲ့လား..?
မနက် နိုးနိူးချင်း သူနဲ့မျက်နှာချင်းမဆိုင်လိုက်ရသည်က ကံကောင်းတာပင်။ အရေးတကြီး ဂျပန်ဘက်သွားလိုက်သည်တဲ့ ၊ အိပ်ယာဘေးမှာ စာရွက်လေးတစ်ရွက်ပဲ ချန်သွားသူကြီး.....မနက်ဖြန်စေ့စပ်ပွဲရော အမှီပြန်ရောက်ပါ့မလားမသိ။
အာ....မရောက်လဲအေးတာပဲ...သွား ရှက်တယ်..😫"ဂျီယောင်းရေ....အောက်ဆင်းခဲ့အုန်း...!"
"Nae...!"
တံခါးခေါက်ပြီး ပြန်ဆင်းသွားတဲ့ omma..၊ အိမ်ကလူတွေကိုလဲ ရှက်သည်။ စေ့စပ်ပွဲတောင်မစောင့်နိုင်ဘဲ သူ့အိမ်သွားအိပ်ရသလားလို့ ထင်နေမှဖြင့်...
"အဟမ်းးး anyeong..
Wow ဟင်းတွေကမိုက်လှချည်လား?"တတ်နိုင်သမျှ စကားရောဖောရောလုပ်ရင်း အဖြီးတလိုင်းနှင့် ထမင်းစားပွဲဝင်ထိုင်ရသည်။ ဒယ်ဒီရော မာမီရော နှစ်ယောက်လုံးမှာ ရုပ်တည်ကြီးနဲ့ဆိုတော့ ဖြီးနေရမှာမှ မျက်နှာပိုးပြန်သတ်ရ၏။
"ဂျီမင်က ဖုန်းဆက်သေးလား?"
"Nae? မဆက်ပါဘူး....!"
ဘာကိစ္စ ဆက်ရမာလဲ ကိုယ်တို့ကရည်းစားတွေလဲမဟုတ် ဘာမဟုတ်၊ ဒယ်ဒီက အခုမှအထူးအဆန်းလုပ်လို့မေးလာသည်။ မနေ့ညက အိမ်ပြန်မအိပ်ထားတဲ့အတွက် အရင်လို စွာကျယ်စွာကျယ်နဲ့လဲ ပြန်မပြောရဲသေး..